လူသားအကျိုး ဆောင်ရွက်မယ် လူ့ အသက်တွေကို ကယ်တင် စောင်မမယ်ဆိုတဲ့ ဆရာဝန်စိတ်ဓါတ် ခေါင်းပါးနေတဲ့ မင်းတပ်မြို့ မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်း

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိ ဦးဆောင်၍ ဖွဲ့ စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာ တင်ယာဉ် တစ်စီးနှင့် နာရေး တင်ယာဉ်တစ်စီးတို့ ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့  ပြီးခဲ့တဲ့ အပတ်က ပေးအပ်လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့ နယ်အတွင်း ဗုဒ္စဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။


mintat


mintat1
mintat2
သို့ သော်လည်း ၄င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက် ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံ သည့်အတွက် ဆရာတော်နှင့်တကွ ဒါယကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။
ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်းဖြစ်နေကြပါတယ်။ ဗုဒ္စဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမူများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။
မင်းတပ်မြို့ သားတစ်ဦး။

ရွှေဟင်္သာသတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on April 25, 2012 at 7:25 AM

    အဲဒါကြီးကို ဘုန်းကြီးကျောင်းအတွင်းမှာပဲထားလိုက်ပါ... ဆေးရုံထဲမှာထားမယ်ဆိုရင် စာတင်နေရဦးမယ်..
    ဆေးရုံအုပ်ထားချင်တိုင်းထားလို့မရပါဘူး...
    နောက်တစ်ချက်က ဆေးရုံရဲ့ပိုင်ဆိုင်မှုမဟုတ်ဘူးထားဖို့ဆိုတာစဉ်းစားစရာပါပဲ..

    ဆရာတော်ရဲ့ကျောင်းတိုက်ထဲမှာထားလည်းအဆင်ပြေပါတယ်.. ဆေးရုံနဲ့လည်းဝေးလည်းမဝေးပါဘူး ...
    ဆေးရုံမှာ အဲလိုကားထားဖို့သိပ်မဖြစ်နိုင်ပါဘူး ..
    စည်းကမ်းတွေရှိပါတယ်....
    အချို့ကိစ္စတွေလုပ်ချင်သလိုလုပ်ဖို့မဖြစ်နိုင်ပါဘူး

Leave a comment

Join Free