မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်ကြသော သံတံတားကျေးရွာ၊ စိန်ရွှေကုန်းကျေးရွာ၊ ၀က်ကြီးကျေးရွာ၊ သန္ဓေပင်တောင်ပိုင်းကျေးရွာ တို့မှ ရွာသူရွာသားများစုဝေး၍ အနီးဝန်းကျင်မှ စက်ရုံအလုပ်ရုံများမှ စွန့်ပစ် ရေများ၊ ဓာတုပစ္စည်းများ အနံ့အသက်များနှင့် ပတ်သက်၍ ရပ်ကွက်သူရပ်ကွက်သားများ၏ ထိခိုက်နစ်နစ်မှုများ အပေါ် `ကျမ်းမာမှ အလုပ်လုပ်နိုင်မည်´ဟူသော ခေါင်းစဉ်ဖြင့် ထိခိုက်နစ်နာမှုကြုံတွေ့ရသည်များကို ရင်ဖွင့် ပြောဆိုကြသည်။
ဒီစုဝေးပွဲကိုဦးဆောင်သူ ကိုကျော်ဇောဝင်းကတော့`အခုပြောမယ့်ဟာက  ကျွန်တော်တို့ရပ်ကွက်သူ ရပ်ကွက်သားတွေ ခံစားနေရတဲ့ဟာကို ပြောပြမှာ။ အဓိကကဘာဖြစ်မလဲဆိုရင် စက်ရုံကစွန့်ပစ်တဲ့ညစ်ညမ်း ရေတွေရှိမယ်။ ဓာတုပစ္စည်းတွေရှိမယ်။ စက်ရုံကြောင့် သွားလာနေကြတဲ့ ယာဉ်တွေကြောင့် အနှောင့် အယှက်အခက်အခဲတွေရှိမယ်။ အားလုံးကို ကျွန်တော်တို့ ရပ်ကွက်သူရပ်ကွက်သားတွေ ခံစားရတာလဲ ကြာပြီ။ ဒါပေမယ့် ဘယ်အချိန်တုန်းက ဘာပြောရမှန်းမသိဘူး။ ဘယ်သူ့ကိုပြေရမှန်းမသိဘူး။ ကျွန်တော်တို့ဒါကို စုပြီး လူကြီးတွေနဲ့တိုင်ပင်တယ်။သက်ဆိုင်ရာလူကြီးတွေရော။ ရပ်မိရပ်ဖတွေ၊ ဒါ့အပြင်လူငယ်တွေ မောင်တွေညီတွေ ညီမတွေ အားလုံးတိုင်ပင်ပြီးတော့မှ ဒါတွေကိုပြောပြသင့်တယ်ဆိုပြီးတော့မှပြောပြတာ´လို့ ပြောဆိုပါတယ်။

အဆိုပါစုဝေးပွဲကို အပိုင်းနှစ်ပိုင်းခွဲထားပြီး အစီအစဉ် တကျဆောင်ရွက်သွားကြသည်။ သောက်သုံးရေအပိုင်း နှင့်ပတ်သက်၍ ဒေါ်တိုးတိုးအောင်မှ ဦးဆောင်၍ အနီးဝန်းကျင် စက်ရုံများမှ စွန့်ပစ်ရေများကြောင့် သောက်သုံး ရေတွင်းများ ပျက်စီးရခြင်း၊ ယခင်သောက်ရေ သုံးရေအဖြစ်အသုံး ပြုခဲ့သော ရေတွင်းများတွင် အနံ့ဆိုးများ ပါဝင်နေခြင်းကြောင့် စက်ရုံစွန့်ပစ်အညစ်အကြေးများကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ကြစေရန် ရွာသူရွာသား များလက်တွေ့ ကြုံတွေ့ခံစားနေရသော အဖြစ်အပျက်များကို ရင်ဖွင့်ပြောကြားစေခဲ့သည်။
သံတံတားကျေးရွာမှ ဦးတင်ငွေက `သံတံတားကျေးရွာအတွင်းရှိ ရွာဦးကျောင်းလမ်းကိစ္စနှင့်ပတ်သက်၍ ပြောဆိုသည်။ ဦးတင်ငွေမှ`ရွာဦးကျောင်းလမ်းဟာ ကျွန်တော်တို့ဘိုးဘွားပိုင် မြေထဲကနေ တစ်ဖက် ၅ ပေစိလှူထားတဲ့လမ်းဖြစ်ပါတယ်။ ဒီနားကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က JVC စက်ရုံရောက်လာပါတယ်။ ကျွန်တော်တို့က ဘုန်းကြီးကျောင်းအတွက် လှူထားတာဖြစ်ပေမယ့်လည်း JVC စက်ရုံက ဒီလမ်းကို အသုံးပြု နေပါတယ်။ ကားတွေ ၂၄ နာရီဝင်ထွက်နေတယ်။ ပထမတုန်းက ကားသေးသေးလေးတွေ။ အခုချိန်မှာ ကြောက်ပြားတွေလုပ်တယ်။ အုတ်ကျွတ်ပြားတွေလုပ်တယ်။ ဒီအချိန်မှာ ကားကြီးတွေဝင်လာတယ်။ ကားကို ဖြည်းဖြည်မောင်းဖို့ ရေးထားပေမယ့်လည်း အရှိန်ပြင်းစာမောင်းပါတယ်။ အဲဒါတွေကိုလည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို တင်ပြထားပြီပါပြီ။ အခြေအနေကို ၃ ရက်နေ့အထိစောင့်ပါဆိုလို့ စောင့်နေတဲ့အကြောင်း တင်ပြထားတဲ့စာကို ဖတ်ပြ၍ အားလုံးကို ရှင်းလင်းတင်ပြပါတယ်။
အဓိကအားဖြင့် သောက်ရေသုံးရေကိစ္စဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများ မှ သောက်သုံးရေ ခက်ခဲနေမှု အခြေအနေများ၊ ရေတွင်းရေကန်များတွင် အနံဆိုးများဝင်ရောက်နေမှု၊ စသည့် ၎င်းတို့ကိုယ်တိုင်ခံစားနေရမှုများကိုတင်ပြကြပြီး နောက်ရက်များမှာ ရေတွင်းတွေထဲက ရေတွေကို Testing လုပ်ကြည့်မည်ဖြစ်ပြီး ခံစားနေရသော ရွာသူရွာသားတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာတာဝန် ရှိသူများအထိ တင်ပြသွားဖို့ စီစဉ်ထားပါတယ်။

Hot news မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free