စင်ကာပူမှာ နှစ်လွှာက ခုန်ချသူ

(ရန်ကုန်မြို့၊ ကျောက်မြောင်း၊ဓမ္မစိန္တာ လမ်း၊ အမှတ် (၁၅)၊ ၈ လွှာမှာ နေထိုင် သူ ပန်းချီဆရာကိုရှိန်မြင့်သည် ဟိုတစ် ချိန်က စင်ကာပူမှာ တိုက်ခန်းနှစ်လွှာ အမြင့်က ခုန်ချဘူးသူဖြစ်သည်။ မီးပျက် သော ညတစ်ညမှာ သူက သူ့ဘ၀ကို ကျွန်တော့်အား ပြောပြ၏။ သူက စင်ကာပူ ထောင်ထဲမှာလည်း နေထိုင်ခဲ့ဖူးသူ ဖြစ် ၏။ ကဲ ကိုရှိန်မြင့်ဘ၀လေးကို ဖတ်ကြည့် ကြပါဦး။)
ကျွန်တော့်ကို သရက်မြို့မှာ မွေးပါ တယ်။ အဖေက တောအုပ်ကြီး။ အဖေက ခရီးတွေဘာတွေ မကြာခဏထွက်ရတယ်။ သရက်နဲ့ အောင်လံကူးတဲ့ မော်တော်ကြီး ကို မြင်ရင်ကျွန်တော်ခံစားရတယ်။ အောင်လံမော်တော်ကြီးပေါ်မှာ အဖေ ပါသွားတာကြည့်ပြီး၊ မော်တော်ကြီး ကမ်း ကခွာလေကျွန်တော့်ရင်ထဲမှာ အလွမ်းတွေ ပိကျလာလေပေါ့ဗျာ။ တတိယတန်း ကျောင်းသားဘ၀မှာ ကျွန်တော်သိတာက သရက်ပြီးရင် အောင်လံမြို့ပဲ။ အောင်လံ ပြီးရင် နယ်နိမိတ်ကုန်ဆုံးပြီ။ ကမ္ဘာမှာ ဘာမှမရှိတော့ဘူးလို့ ထင်ခဲ့တာလေ။
ကျွန်တော်တတိယတန်းနှစ်မှာပဲ အဖေက ရန်ကုန်မြို့ကို ပြောင်းရွေ့ရတယ်။ သစ်တော စီးပွားရေးဌာနကို ပြောင်းရ တယ်။ အလုံအမက (၁)ကို ပြောင်းရွေ့ ပြီး ကျွန်တော်စာသင်ရပြီ။ ရန်ကုန်ကျောင်း ရောက်စနယ်ကလာတဲ့တတိယတန်းကျောင်း သားအာ ကျောင်းစာမလိုက်နိုင်ဘူး။ စာ တအားညံ့တာ။ စာမဖတ်တတ်၊ စာမရေး တတ်ဘူး။ အမေက သင်ပေးမှစာရေး တတ်လာတာ။
လှိုင်မြစ်ကမ်းနဖူးမှာ ကျွန်တော်တို့ နေထိုင်ကြတယ်။ ၀န်ထမ်းအိမ်ရာပေါ့။ အိမ်ရှေ့မှာ ကျွန်းသစ်လုံးတွေ ရေစိမ် ထားဖို့ ရေကန်အကြီးကြီး သုံးကန်ရှိတယ်။ အိမ်ရှေ့မှာ သစ်တွဲတင် ရထားလမ်းရှိ တယ်။ အိမ်နောက်ဖေးမှာ ကျောက်မီး သွေးတင်တဲ့ရထားလမ်းရှိတယ်။ မီးရထား လမ်းနှစ်ခုကြားမှာ ကျွန်တော်တို့အိမ်။
အဖေကတော့ တောအုပ်ကြီးပေါ့။ အဲဒီဝန်းကျင်မှာ ဖောင်သမားတွေရဲ့ သားသမီးတွေ၊ အောက်ခြေသစ်တောဝန် ထမ်းရဲ့ သားသမီးတွေဟာလည်း ကျွန်တော့်ဘော်ဒါတွေပေါ့။ အလယ်တန်း သားဘ၀မှာ အလက (၃) အလုံကို ရောက်သွားပြီ။
အနားမှာ ပုလဲနှင့်ငါး ရုံးဝင်းရှိတယ်။ ကျွန်တော့် သူငယ်ချင်းအချို့ဟာ ကျောင်း ကပြန်တာနဲ့ ၀န်ထမ်းအိမ်ကလေးရဲ့ ကြမ်း ပြင်မည်းမည်းပေါ်မှာ ကျောင်းလွယ်အိတ် ထဲက စာအုပ်တွေ၊ ခဲတံတွေကို သွန်ချ ပစ်လိုက်ကြတယ်။ ကျောင်းလွယ်အိတ် အလွတ်ကိုယ်စီနဲ့ ပုလဲနှင့်ငါးရုံးဝင်းထဲ ပြေးဝင်ကြတယ်။ အဲဒီ ၀င်းထဲမှာ သူတို့ ဦးလေးတွေက ငါးတွေကို ထမ်းပိုးနေကြ တယ်။ ဖိတ်စင်ကျတဲ့ ငါးတွေကို ကျွန်တော့် သူငယ်ချင်းတွေက သိမ်းကျုံးပြီး ကျောင်း လွတ်အိတ်ထဲအပြည့်ထည့်ကြတော့တာ။ ငါးညှီနံ့နဲ့ ကျောင်းလွယ်အိတ်ထဲမှာ ငါး တွေအပြည့်အသိပ်။ ရောင်းရင်ငါးကျပ် ရတယ်။ အဲတော့ ဒီကောင်တွေက ပိုက်ဆံ သုံးနိုင်တယ်။ ကျွန်တော်က ပိုက်ဆံမသုံး နိုင်ဘူး။ ကျွန်တော်လည်းသူတို့လိုကျောင်း လွယ်အိတ်အလွတ်တစ်လုံးနဲ့ ပုလဲနှင့် ငါး ရုံးဝင်းထဲက ငါးတွေဝင်ကျုံးတာ။ အိမ်ပြန် ရောက်တော့ အမေကဆူရော၊ နောက် အဲဒီလို မလုပ်ရဘူးတဲ့။
အဲတော့ ပိုက်ဆံသုံးဖို့ သူငယ်ချင်း တွေကိုပဲ အားကိုးရတော့တာ တောအုပ် ကြီးရဲ့သားက ပိုက်ဆံမသုံးနိုင်ဘူး။ အခြေခံသစ်တောဝန်ထမ်းသားသမီးတွေ က လွယ်အိတ်ထဲကငါးတွေနဲ့ ပိုက်ဆံသုံး နိုင်တယ်။ ကျောင်းလွယ်အိတ်တွေလည်း ငါးညှီစော်နံ့လို့ပေါ့ဗျာ။
ကျွန်တော်သူငယ်ချင်းတွေက ပိုက်ဆံ ပေါတော့ အလုံသီတာရုံမှာ ရုပ်ရှင်ကြည့် တယ်။ ၀ဇီယာ၊ သမ်္မတ၊ ရှေ့ဆောင်၊ ပပ၀င်းရုံတွေမှာလည်း ရုပ်ရှင်ကြည့်တယ်။ ကျွန်တော်လည်း လိုက်တာပေါ့။ “ကလင့် အိစ်ဝဒ်” (Clint Eastwood) ကြည့်တယ်။ “ဆိုဗီယာ လောရင့်” ကြည့်တယ်။ အဲဒီ ခေတ်က ကောင်းဘွိုင်ခေတ် The Good,the Bad and the Ugly ပေါ့ဗျာ။ ဟန်ဒရက်ရိုင်ဖယ်ပေါ့ဗျာ။ နောက်ပြီး “ဂျင်နီဟက်ခမင်း” ပေါ့ဗျာ။ အဲဒီမင်းသား ကြီးကိုလည်း ကျွန်တော်ကြိုက်တာပဲဗျ။ အဲလိုပေါ့ဗျာ။ အလုံသီတာရုံမှာ ကြည့် လိုက် တိုးခွေကြည့်လိုက်နဲ့ ကျွန်တော်ဟာ ရှစ်တန်းစာမေးပွဲဖြေတော့လှလှပပကျပေါ့။
ကျောင်းလစ်ရုပ်ရှင်ကြည့်၊ ဒူးလား စီးကရက်သောက်တတ်နေချိန်မှာ ကာတွန်း တွေကိုလည်း ကျွန်တော်ကြိုက်တတ်နေ ပြီ။ အလယ်တန်းကျောင်းသားဘ၀ရဲ့ ဖွံ့ ဖြိုးရေးချိန်မှာ မြန်မာစာဆရာကြီး ဦးသိန်းလှိုင်က ပန်းချီသင်ပေးတာကိုလည်း ကျွန်တော်ကသဘောကျနေပြီ။ ဒီလိုနဲ့ပဲ ရှစ်တန်းကို ဒုတိယအကြိမ်ဖြေပြီးတဲ့နေ့ မှာ သူငယ်ချင်းတွေနဲ့ မြို့ထဲကို ရုပ်ရှင် သွားကြည့်တယ်။ ရုပ်ရှင်လက်မှတ်မရဘူး။ ဗိုလ်ချုပ်ဈေးဘက်သွားကြတယ်။ ရိုးရာ ပန်း ပန်ချီးပြခန်းထဲမှာ လူတွေ ကြိတ် ကြိတ်တိုးလို့ပါလား။ ပန်းချီပြပွဲဆိုရင် ဒီလောက်လူမများဘူး။ အခုဟာက Today ကာတွန်းပြပွဲတဲ့။ ကျွန်တော်တို့ ပျော်သွားတယ်။ အဲဒီမှာ ပန်းဖလက် (pamphlet) တစ်စောင်နှစ်ကျပ်နဲ့ ၀ယ်ရ တယ်။ အဲဒီပေါ်မှာ ကာတွန်းဆရာ အစုံ က ကာတွန်းပုံရေးဆွဲပေးတယ်။
ကိုဝဏ္ဏ၊ ကိုငွေကြည်၊ ကိုမြေဇာ၊ ဦးမြင့်စိုးလေး ကာတွန်းဆရာအစုံတာပဲဗျ။ ကျွန်တော့်ရဲ့ ဇာတ်လိုက်က ကိုဝဏ္ဏဗျ။ ကိုဝဏ္ဏအလှည့်မှာ ကျွန်တော်က ““အိမ် လိပ်စာလေးပါထည့်ရေးပေးပါ အစ်ကို ကျောင်းကြီးပိတ်ရင် လာခဲ့ချင်လို့ပါ”” လို့ ပြောမိတယ်။
ကာတွန်းကိုဝဏ္ဏက က၀ါးတန်းလမ်း နားက ဦးဘာဝါလမ်းမှာနေတာ။ ကျွန်တော်က ကိုဝဏ္ဏအိမ်ကို တကယ် သွားတာ။ သူဇနီးမ မပြုံးက တံခါးဖွင့် ပေးတယ်။
““ကာတွန်း ကိုဝဏ္ဏနဲ့ တွေ့ချင်လို့ပါ””
““ကိုမောင်မောင်ရေ လူကြီးမင်းလေး တစ်ယောက်ရောက်နေတယ်။ ရှင့်ကိုတွေ့ ချင်လို့တဲ့ ကိုဝဏ္ဏနာမည်က ကိုမောင် မောင်သူက ၀န်ကြီးများရုံးက စီမံဘဏ္ဍာ ဌာနရဲ့ အရာရှိကြီးတစ်ဦးဆိုတာ ကျွန်တော် က နောက်ကျမှ သိတာ။ ဒီလိုနဲ့ ကာတွန်း ကိုဝဏ္ဏရဲ့ တပည့်အဖြစ်ကျေကျေနပ်နပ် ကြီး ခံယူတယ်။
ကျွန်တော်ကာတွန်းပုံတွေ ရေးပြီ။ ကိုဝဏ္ဏက ပြောတယ်။ ““ကာတွန်းဆရာ ဆိုတာ ကာတွန်းပုံချည်းစွတ်ရေးလို့ မရ ဘူး။ စာဖတ်ရတယ်။ စာမဖတ်ရင် အလကား ကာတွန်းဆရာဖြစ်သွားမှာပဲ”” တဲ့။ ကိုဝဏ္ဏနဲ့ အတူ ၃၃ လမ်းထိပ်ရွှေ ကြည်အေး လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်တာပဲ။ လက်ဖက်ရည်သောက်စီး ကရက်ခဲလို့ပေါ့ဗျာ။ လူက ကိုးတန်း ““မင်း ကာတွန်းဆရာရဲ့တပည့်ခံပြီး၊ ကာတွန်း ရေးနည်းမရပဲ။ စီးကရက်သောက်တတ်၊ အရက်သောက်တတ်၊ အိမ်သာတက်တတ် တာပဲ တတ်သွားဦးမယ်။ မင်း ဆယ်တန်း ကို အောင်အောင်ဖြေ”” ကာတွန်းကိုဝဏ္ဏ က ပြောတယ်။
ကျွန်တော်က ပန်းချီကျောင်းတက် မလို့၊ ၀င်ခွင့်လျှောက်လွှာကို အဖေ့ကို လက်မှတ်ထိုးခိုင်းတယ်။ အဖေကလည်း ရုံးလုပ်ငန်းလက်မှတ်ထိုးရတာတွေများ တယ်။ မဖတ်ပဲ ထိုးပေးတယ်။ နောက်နေ့ မှာ မနေ့က မင်းလက်မှတ်ထိုးခိုင်းစာရွက် က ဘာလဲတဲ့။
ပန်းချီကျောင်းတက်ဖို့ မိဘခွင့်ပြုချက် ပါအဖေဆိုတော့ အဖေက ကျွန်တော် ပါးကို ရိုက်ထည့်လိုက်တာလည်ထွက်သွား တာပဲ။ ဆယ်တန်းမအောင်မချင်းမင်းဘာ ကိုမှ မလုပ်ရဘူး။ ဆယ်တန်းအောင်အောင် ဖြေတဲ့။
ကာတွန်းကိုဝဏ္ဏစကား၊ အဖေ့စကား နားထောင်ပြီး ဆယ်တန်းကို ကြိုးစားပမ်း စားဖြေတာ အောင်သွားရော။ အဖေလည်း ချင်းပြည်နယ်၊ ပလက်ဝကို ပြောင်းသွား တယ်။ ကျွန်တော်က အဖွားရှိတဲ့ ဗဟန်း က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေရစ်ပြီး ပန်းချီကျောင်းမှာ ညပိုင်းတက် တယ်။ ပန်းချီညကျောင်းသားဘ၀ကို ငါးနှစ်တောင်ဖြတ်သန်းခဲ့တာပါဗျာ။ ဆရာဦးသုခ၊ ဆရာဦးမြအေး၊ ဆရာ ဦးသိန်းဟန်၊ ဆရာဦးကျော်လှိုင် (တိမ် ကျော်လှိုင်) တို့ထံ ပန်းချီပညာဆည်းပူး ခွင့်ရခဲ့ပါတယ်။
ပန်းချီကျောင်းကပြီးတော့ သစ်တော ဦးစီးဌာနမှာ မြေပုံဆွဲစာရေးအလုပ်ဝင် လုပ်တယ်။ ကျွန်တော်က ပန်းချီလည်း ရေးဆွဲနေပြီ။ ထားဝယ်သားဆရာဦးသိန်း ညွန့်နဲ့လည်း တွေ့နေပြီ။ ကျွန်တော်က ဖားတစ်ပိုင်းငါးတစ်ပိုင်းပန်းချီဆရာဖြစ်နေ ပြီဆိုပါတော့ဗျာ။
သစ်တောက ၀န်ထမ်းတွေ အဲဒီတုန်း က ထိုင်းနိုင်ငံဘက်သွားခွင့်တွေရတယ်။ သစ်လုပ်ငန်းဆိုင်ရာပေါ့။ ဟိုမှာ တော် တော်ကြာကြာနေထိုင်ခွင့်ရတယ်။ ကျွန်တော်လည်း နိုင်ငံခြားကို သွားချင် တယ်။ မြေပုံထဲစာရေးအဆင့်နဲ့ သွားခွင့် မရဘူး။ တောခေါင်းရာထူးရမှ သွားခွင့် ရမှာတဲ့။ အဲလို နိုင်ငံခြားသွားချင်တာနဲ့ တောခေါင်းရာထူးစာမေးပွဲဖြေတယ်။ အောင်သွားရော၊ ကျွန်တော်လည်း သစ် လုပ်ငန်းဆိုင်ရာနဲ့ ထိုင်းနိုင်ငံရဲ့ ပြည်နယ် တစ်ခုကို ရောက်သွားတယ်။
ဟိုမှာ တစ်နှစ်နဲ့ ရှစ်လကြာတယ်။ ပန်းချီလည်း ရေးတယ်။ ဟိုဂယ်လာရီကို လိုက်ရောင်း၊ ဒီဂယ်လာရီကို လိုက်ရောင်း လည်းလုပ်တယ်။ အစိုးရ၀န်ထမ်းဘ၀နဲ့ နိုင်ငံခြားကို ရောက်ဖူးပြီ။ အဲတော့ ကျွန်တော်က ထိုင်းဆိုတာဘာ စင်ကာပူ ဆိုတာ ဘာ၊ သိပြီပေါ့ဗျာ။ နယ်ကလူ ရန်ကုန်ရောက်တော့ ရန်ကုန်ကို သိသွား သလိုပေါ့။ အခြားတိုင်းပြည်ဆိုတာကို ကျွန်တော် သိပြီလမ်းကြောင်းတွေသိပြီ။ သိရင် လှုပ်ရှားလို့ရတာပဲ။
အစိုးရအလုပ်က ကျွန်တော်ထွက် လိုက်တယ်။ ထိုင်းကို ကိုယ့်နည်းကိုယ် ဟန်နဲ့ ပြန်သွားတယ်။ နောက်တစ်ခါ သူငယ်ချင်းရဲ့ အကူအညီနဲ့ စင်ကာပူကို ကျွန်တော်ရောက်သွားတယ်။ ကွန်ပျူတာ သင်တယ်။ ဂရပ်ဖစ်ဒီဇိုင်းပညာသင်တယ်။
စင်ကာပူမှာပဲ Injection modelling factory မှာ ဒီဇိုင်းဖန်တီးသူအဖြစ် ကျွန်တော်အလုပ်လုပ်ရတယ်။ အဲဒီအချိန် မှာ စင်ကာပူမှာ ပညာသင်ဖို့ အကြောင်း ပြပြီးလာတဲ့ မြန်မာပြည်ကလူတွေ အများ ကြီးရှိတယ်။ ကျောင်းသားကဒ်မရှိရင် စင်ကာပူမှာ ဒုက္ခရောက်သွားမယ်။ ကျွန်တော်က ကွန်ပျူတာနဲ့ ကျောင်းသား ကဒ် အတုလုပ်ပြီး အကူအညီပေးရင်းနဲ့ မိန်းမရရော။ ကဒ်အတုဖူးစားပေါ့ဗျာ။
အဲဒီမှာ ပွဲစားတွေက လိမ်လည်လှည့် ဖြားပြီး ခေါ်လာ၊ အိမ်တစ်အိမ်မှာ တစ် လလောက်အိမ်လခ ပေးပြီးထားပေးတယ်။ ရှေ့အပတ်မှာ မင်းဆီအလုပ်ခေါ်စာ ရောက်လာမယ်။ ဒီအိမ်ကပဲ စောင့်နေပါ ပေါ့။ အမှန်တော့အလုပ်လည်းဘယ်သူ ကမှ လာမခေါ်ဘူး။ ပွဲစားက စင်ကာပူ အလုပ်လုပ်ချင်တဲ့လူတွေရဲ့ ငွေကိုယူပြီး ပြီ။ တစ်လလောက်အခန်းငှားပေးပြီး လစ်တော့တာပဲ။ ကျွန်တော်က ကိုယ့် မြန်မာထဲက အဲဒီလို ဒုက္ခသုက္ခရောက်နေ သူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကူညီချင် တယ်။
ကျွန်တော်တို့ စင်ကာပူမှာ “အာဝေး” လို့ ခေါ်တယ်။ “အောအော” လို့ ခေါ်သူ ကလည်း ခေါ်တယ်။ စင်ကာပူမှာ မိန်းမ လည်းရပြီ။ စင်ကာပူမှာ ရှစ်နှစ်တောင် ကြာသွားချိန်မှာ ကျွန်တော်က အသားကျ ပြီဆိုပါတော့။ လင်မယားနှစ်ယောက်စလုံး အလုပ်ကလေးကလည်း ကောင်းနေပြီ။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိပြီ။
ကျွန်တော်တို့ လင်မယားစင်ကာပူ မှာ တိုက်ခန်းတစ်လွှာ ငှားလိုက်တယ်။
ကျွန်တော်တို့ တိုက်ခန်းပေါ်မှာ မြန်မာပြည်က လာတဲ့လူတွေကို ကျွန်တော် တို့က တင်ထားပေးတယ်။ လခရတဲ့ လူလည်းရပေါ့ဗျာ။ အချို့လည်းဒုက္ခတွေ ရောက်ပြီး ကျွန်တော်တို့တိုက်ခန်းပေါ် ရောက်လာကြတော့ ဒုက္ခသည်စခန်း (Refuge) လိုဖြစ်နေတာပေါ့။
အဲတော့ ကျွန်တော်တို့ တိုက်မှာလူ တွေများတယ်ပေါ့။ ကျွန်တော်တို့လိုပဲ တိုက်ပေါ်လူတင်တဲ့လူက ကျွန်တော်တို့ တိုက်ပေါ်လူတွေများတော့ သိပ်မကြည် တော့ဘူး။ တကယ်တော့ လူသာများတာ။ ပိုက်ဆံက များများရတာမဟုတ်ဘူး။ ဘေးကတော့ လူများတာပဲ မြင်တာ။ အဲဒီမှာ တိုင်ရော ဆိုပါတော့။ စင်ကာပူ ရဲတွေက ကျွန်တော့်တိုက်ပေါ်တက်ပြီး ဖမ်းတယ်ပေါ့ဗျာ။ ကျွန်တော်ကလည်း တိုက်ခန်းနှစ်လွှာအမြင့်ကနေ ခုန်ချတာ။ ခြေထောက်ကျိုးသွားရော။
အဲလိုနဲ့ဗျာ။ မိန်းမလည်း စင်ကာပူ ထောင်ထဲ ရောက်သွားရော။ ကျွန်တော် လည်း စင်ကာပူထောင်ထဲရောက်သွား ရော။ အမြင့်ကခုန်ချတာ ခြေထောက် ကျိုးပြီး၊ ခြေထောက်ကြီး ရောင်ကိုင်းမို့ ဖောင်းလျက်နဲ့ စင်ကာပူထောင်ကို ရောက်ရတာ။ စင်ကာပူထောင်ဆေးရုံမှာ စနစ်တကျဆေးဝါးကုသမှုတော့ခံယူခွင့်ရ တယ်။ သူတို့ကပျောက်အောင်ကုသပေး ကြတယ်။ စင်ကာပူထောင်ထဲမှာ တွေဆုံ ခဲ့ရတဲ့ မြန်မာအချင်းချင်းကပဲကူညီလို့ သူ့ပိုက်ဆံနဲ့ ကျွန်တော်လေယာဉ်လက်မှတ် ၀ယ်ပြီး မြန်မာပြည်ကို ပြန်ရောက်လာ တာ။ ပန်းချီဆရာတွေကို ပေးထားတဲ့မြေ ကွက်ကို ပြန်ရောင်းပြီး သူ့အကြွေးကို ဆပ် လိုက်ရတယ်။ လေယာဉ်လက်မှတ်ဖိုးလေ။ အခုတော့ မြန်မာပြည်မှာ ကျွန်တော်ပန်း ချီရေးပါတယ်။ SHINE ပန်းချီသင်တန်း လည်း ဖွင့်ပါတယ်ဗျာ။ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်း၊ အမှတ် ၁၂၊ ၈ လွှာမှာ ပန်းချီ သင်တန်းဖွင့်တာပါ။

COPY FROM HOT NEWS WEEKLY
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free