ဒေါက်တာမောင်မောင်လေး (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ)

“အခုလို အရေးယူပိတ်ဆို့မှုတွေကို ဖြေလျော့ပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ၀န်ကြီး ကလင်တန်ရဲ့ပြောကြားချက်ကလည်း မူဝါဒ ချမှတ်သူတွေအတွက် သက်ရောက်မှုရှိစေတာ အမှန်ပါပဲ။ ဒါပေမယ့် တချို့နေရာတွေမှာတော့ တစ်ကွက်ကျော်ပြီး မြင်တတ်ဖို့၊ တွေးတတ်ဖို့လည်း လိုမယ်ထင်တယ်။ သဘောထားတင်းမာတဲ့ သူတွေအနေနဲ့လည်း သဘောထားပျော့ပြောင်းတဲ့ဘက်ကို ချဉ်းကပ်သွားမယ်။ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမယ်ဆိုရင်တော့ ဖြေလျော့မှုတွေ ရလာမှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တဖြည်း ဖြည်းဝင်လာမှာပါ။ အခုတော့ ကြားထဲမှာ အမေရိကန် ရွေးကောက်ပွဲလည်း ရှိနေတော့ ဒီနောက်ပိုင်းမှာ ဖြေလျော့ သွားမယ်လို့လည်း မျှော်လင့်ရတယ်။ Executive Power တစ်ခုတည်းနဲ့လည်း မရဘူး။ ကွန်ကရက်နဲ့ ပြန်တိုင်ပင် ညှိနှိုင်းရမယ့် အနေအထားမျိုး လည်းရှိတယ်။ ဖြေလျော့ပေးတဲ့အ ပိုင်းကတော့ တစ်ခုပြီးမှ တစ်ခုလုပ် နိုင်သလို တစ်ပြိုင်နက်တည်းလည်း ဖြစ်သွားနိုင်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လုပ်ဆောင် နေတာကိုလည်း သူတို့ဘက်က တစ်စုံတစ်ရာကျေနပ်မှုရှိတဲ့ သဘောမျိုးလည်းတွေ့ရတော့ ဒီဘက်က ပြောင်းလဲမှုတွေ လုပ်လာတာနှင့်အတူ တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ မြင်ပါတယ်”

ဒေါ်ရီရီမြင့် (စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမေက္ခ)

“ဟီလာရီကလင်တန်ရဲ့ ပြောကြားချက်ကို ပြန်ကောက်ကြည့်မယ် ဆိုရင် ထပ်ပြီးစောင့်ကြည့်ဦးမယ်ဆိုတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ နိုင်ငံကြီးတွေမှာ ဒီလိုပုံစံမျိုးတွေက အမြဲတွေ့ရတတ်တယ်။ နည်းနည်းလေးတိတိကျကျ ရသလောက် ထပ်သွားချင်တဲ့သဘောမျိုးပါ။ တစ်ခု ရှိတာက တစ်စုံတစ်ရာ၊ တစ်ခုခုဖြစ်မြောက်သွားတဲ့ အနေအထားတစ်ခုကို လက်ခံနိုင်လို့ အခုလိုတုံ့ပြန်ပြော ဆိုတာမျိုးလို့ နားလည်းလို့ရတယ်။ ကိုယ့်ဘက်ကလည်း ကိုယ်ဆက်သွားရမယ့် လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမယ်ဆိုရင် သူပြောတဲ့ ဖြေလျော့မှုတွေက ဖြစ်လာမှာပါပဲ။ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ရင်လည်း တရုတ်နိုင်ငံကအစ အမေရိကန်နိုင်ငံကို တင်ပို့နေတဲ့ အခြားနိုင်ငံတွေကတော့ အမေရိကန်က လက်ခံနိုင်တဲ့ အနေအထားရှိမှကိုဝင်လာကြမှာ။ ဒါကြောင့် အမေရိကန်ရဲ့အသံကို နားထောင်မှာပဲ။ ဒါကြောင့် မူဝါဒချမှတ်တာ ကောင်းမွန်ပြည့်စုံမှန်ကန်ဖို့ လိုပါတယ်”

ဦးဝင်းမျိုးသူ (မန်နေဂျင်းဒါရိုက်တာ Eco Dev)

“ပြောတဲ့အတိုင်း ပိတ်ဆို့မှုတွေ လျော့ချမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ LC ကိုဖွင့်ပေးရင်ကို ပြည်ပပို့ကုန် သမားတွေအတွက် တော်တော် အဆင်ပြေနေပါပြီ။ ဒါပေမယ့် တချို့ အရေးယူပိတ်ဆို့မှုတွေကို သမ္မတရဲ့ရုံး အဖွဲ့ Executive Branch ကပိတ်ထားတာ၊ တချို့ကတော့ ကွန်ကရက်က ပိတ်ထားတာ၊ တစ်ဆင့်ချင်း လုပ်မယ့်အပိုင်းလည်းရှိမယ်။ နောက်ဆုံး က ကွန်ကရက်ရဲ့အဆုံးအဖြတ် လိုတယ်။ တချို့ကိုတော့ သမ္မတရဲ့ပါဝါ နဲ့ဖြေလျော့ပေးလို့ရတယ်။ ဥပမာ LC ကို ဖွင့်ပေးလို့ရမလားဆိုရင် လွှတ်တော်နဲ့လုပ်ထားတာ မဟုတ်ဘူး။ Executive Branch ကနေ ဘဏ်တွေနဲ့နားလည်မှုယူပြီး ပိတ်ထားတာလို့ နားလည်ကြတယ်။ ဌာနတွေတစ်ခုချင်း လုပ်ထားတာဆိုတော့ နည်းနည်းတော့ အချိန်ယူရမယ်။ ဟိုနေ့က နေပြည်တော်မှာ အမေရိကန်က အဖွဲ့တွေနဲ့ အစည်းအဝေး ထိုင်တော့ မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲသင့်တာ၊ လုပ်ဆောင်သင့်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဖို့ပြောပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့ရမှာဆို တော့ လွှတ်တော်ကို ထားလိုက်ပါဦး။ ကလင်တန်ကလည်း အနားယူတော့မယ်။ အိုဘားမားကလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်ရဦးမယ်။ ၂၀၁၃ ဟိုဘက်ကျမှ ဆက်လုပ်နိုင်မယ့် အနေအထားမျိုးပြောတယ်။ ဒါကြောင့် ဒီခြောက်လအတွင်းမှာ တွန်းအားပေး လုပ်ဆောင်ဖို့လိုတယ်။ ၀န်ကြီးကလင်တန်က Office မှာမရှိတော့ဘူး ဆိုတော့ တချို့အကြောင်းအရာတွေ က သူ့ရဲ့ Personal အားနဲ့ လုပ်ထားတာတွေ နိုင်ငံရေးဘက်မှာ ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့ အမြန်ဆုံးကြိုစားသင့်ပါတယ်။ နောက်တစ်ခုက အရင်တုန်းက UNDP ကို ကန့်သတ်ထားတာတွေ ရှိတယ်။ အစိုးရဌာနတွေကို အကူအညီ မပေးရဘူးလို့ ဆိုတယ်။ အမေရိကန်က Gover ning Council Board ထဲမှာ ပါတယ်ဆိုတော့ မြန်မာပြည်ကိုပေးတဲ့ အကူအညီတွေကို စိစစ်လေ့ရှိတယ်။ အရင်တုန်းက လုပ်တဲ့အစီအစဉ်ကို ပြန်စလို့ ရပြီဆိုတဲ့ သဘောမျိုး တွေ့ရပါတယ်”

ဦးမြင့်ဇော် (RUMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး)

“တချို့က ပြုပြင်ပြောင်းလဲမှုကို သွားတဲ့အခါ ရိုးရိုးတန်းတန်းနဲ့ ကောင်းစေချင်တဲ့သူတွေရှိသလို တစ်ဖက်ကလည်း ခေတ်ဟောင်းက အကျိုးအမြတ်ယူထားပြီး ဒီဘက်ခေတ်မှာလည်း အနည်းနဲ့အများ အရှိန်အဟုန်နဲ့ ဒီလိုလုပ်ချင်တဲ့ အရိပ်အယောင်တွေ လွှမ်းမိုးချင်တဲ့ အုပ်စုတွေရှိတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုနေ့က ၀န်ကြီးကလင်တန်ပြောတဲ့အထဲမှာ Another Side လူတွေကို ထည့်သွင်း စဉ်းစားတာပါတယ် ဆိုတဲ့အချက်ကို ပြောသွားတယ်။ သူပြောတာက Black list ထုတ်ပြန်ထားတဲ့ သူတွေကို ပြောတာလို့ ယူဆရတယ်။ ဒီလိုစာရင်းထဲမှာ ထည့်ခံရတာကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကိုလည်း အလွယ်တကူနဲ့ ဖယ်ထုတ်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ဆိုလိုတာက စီးပွားရေးအရ အကျိုးရှိရုံသက်သက်နဲ့ ဖြေလျော့မှုကို ရုပ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်မယ်လို့တော့ တွက်လို့မရဘူး။ သူတို့ဝင်လာခြင်းအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို အကျိုးမရှိစေဘဲ လူတစ်စုအတွက်ပဲ အကျိုးရှိသွားစေမယ့် ၀င်လာမှုမျိုးလုပ်မှာ မဟုတ်ဘူး။ ရေရှည်မှာ ပြည်သူတွေရဲ့ဘ၀နဲ့ အဆင့်အတန်း မြင့်ဖို့ ဦးစားပေးမယ်လို့ ယုံကြည်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်ကိုက်ရော ၀င်ပုံဝင်နည်းကအစ စနစ်တကျ Format လုပ်ထားပြီလို့ ထင်ပါတယ်။ သေချာပေါက်ဝင် လာမှာကတော့ ကျန်းမာရေးနဲ့ ပညာရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေပဲ”

COPY FROM ELEVEN MEDIA
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free