အီတလီ နိုင်ငံခြားရေးဝန်ကြီး(၀ဲဘက်အစွန်)နှင့်အဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်စဉ်

အီတလီ နိုင်ငံခြားရေးဝန်ကြီး HE Mr Guilio Terza de Sant Gada နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးကျော်ဆန်းတို့နှင့် ဧပြီလ ၂၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် အီတလီ နိုင်ငံခြားရေးဝန်ကြီး HE Mr Guilio Terza de Sant Gada တို့ တွေဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

''အီတလီ နိုင်ငံခြားရေးဝန်ကြီး HE Mr Guilio Terza de Sant Gada က မြန်မာနိုင်ငံ အစိုးရအဖွဲ့နဲ့တွေမယ့် ကိစ္စတွေမှာ ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ၊ ရှေးဟောင်းသုတေသနကိစ္စတွေ၊ တက္ကသိုလ်ကိစ္စတွေ ဆွေးနွေးမယ် ဆိုတာ ပြောသွားပါတယ်။ လွှတ်တော်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လွှတ်တော်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသည် နိုင်ငံရေးအရ နောက်ပြန်ဆုတ်မယ့် နိုင်ငံမဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း၊ sanction ကိစ္စတွေကို ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်တွင်းသို့ ရောက် ရှိလာမယ်လို့ ယုံကြည်ကြောင်း၊ လွှတ်တော်သည် သက်တမ်းနုနယ်သေးသည့် အတွက် လိုအပ်ချက်များကို အကြံပြုသွားဖို့ ပြန်လည်ပြောကြားခဲ့ပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အီတလီ နိုင်ငံခြားရေးဝန်ကြီး HE Mr Guilio Terza de Sant Gada တို့ တွေဆုံရာတွင် တက်ရောက်ခွင့်ရရှိခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။
ထိုပြင်နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တွေဆုံပြီးနောက် အီတလီနိုင်ငံခြားရေးဝန်ကြီး HE Mr Guilio Terza de Sant Gada က မီဒီယာများသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း သတင်းစာရှင်းလင်းပွဲကို နှစ်ဖက်ဝန်ကြီးများ တက်ရောက်လာခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းလင်းဖြေကြားရာတွင်''ပျူမြို့ဟောင်း သုံးမြို့ဖြစ်တဲ့ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာမြို့ သုံးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် Nomination Dosseirs တင်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အီတလီနိုင်ငံမှ အကူအညီပေးနေမှု၊ ယခုကဲ့သို့ Nomination Dosseirs များ ပြင်ဆင် ရေးလုပ်ငန်းများဆောင်ရွက်ရန် ယူရိုငွေ လေးသိန်း အကူအညီပေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဧပြီလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရှိရသည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free