နေပြည်တော်ရှိ ဒေသခံပြည်သူများအနေဖြင့် မြေယာဆုံးရှုံးမူများနှင့် ပြောင်းရွှေ့ခံရသူများအတွက် သင့်တင်မျှတသည့် လျှော်ကြေးရရှိရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလွတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုသွားမည် ဖြစ်သည်။

“ ကျွန်မတို့ အဖွဲ့ချုပ်ကိုထောက်ခံအားပေးပြီး တာဝန်ပေးလိုက်ပြီ၊ ဒေသခံတွေကြုံတွေ့နေရတဲ့ လယ်ယာမြေ အသိမ်းခံရ တာတွေ၊ ဖယ်ခိုင်းတာတွေ အခုကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို လွတ်တော်ထဲရောက်သွားရင် တင်ပြမယ်လို့ မျှော်လင့်ပါတယ်” ဟု ဇမ္ဗုသီရိမြို့နယ်က ဒေသခံတစ်ဦးကပြောသည်။

ကျင်းပခဲ့သောကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်းများအနေဖြင့် နေပြည်တော် သီရိ(၄)မြို့နယ်တွင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်၌ ဦးမင်းသူ၊ ပုဗ္ဗသီရိမြို့နယ်၌ ဦးဇေယျသော် (ခ) ဖြိုးဇေယျသော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဦးနိုင်ငံလင်း၊ ဇမ္ဗုသီရိမြို့နယ်၌ ဒေါ်စန္ဒာမင်းတို့မှ ၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို ဘာလုပ်ပေးမယ်၊ ဘာဖြစ်စေရမယ်ဆိုတဲ့ ကတိကို ပါတီအဖွဲ့ခေါင်းဆောင်တွေက ရော ကျွန်တော်တို့ရော အောင်နိုင်ရေးဆင်းတုန်းကလည်း မပေးခဲ့ပါဘူး။ ဒါပေမယ့် ပါတီရဲ့ မူဝါဒ လမ်းစဉ်တွေ လယ်ယာ မြေပြသာနာတွေ၊ ပြောင်းရွှေ့ခံမိသားစုတွေရဲ့အခက်အခဲတွေကိုတော့ တိုင်ပင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒါတွေကို လွတ်တော်ထဲ ရောက်သွားရင် ဦးစားပေးဆောင်ရွက်မယ်၊ တင်ပြမယ်၊ မေးမြန်းမယ်” ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်က အနိုင်ရခဲ့သူ ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏မူဝါဒမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးတို့ကို အခြေခံ၍ တိုင်းပြည်တိုးတက်ကောင်းမွန်စေရန် ပြည်သူလူထုအနေဖြင့်လည်း လက်တွဲလုပ်ကိုင် သင့်ကြောင်း ပါတီအောင်နိုင်ရေးခရီးစဉ်လူထုမိတ်ဆက်ပွဲများတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပါတီမူဝါဒကို နှစ်သက် သဘောကြလို့ထောက်ခံတယ်။ အဲဒါကြောင့် မဲထည့်ခဲ့တယ်။ လွတ်တော်ထဲ ရောက်သွားပြီ ဆိုရင် တော့ ကျွန်တော်တို့ အခုလက်ရှိ လယ်သမားတွေကြုံတွေနေရတဲ့ လယ်ယာမြေအသိမ်းခံရမူတွေကို တင်ပြတောင်းဆို ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေသခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေဆီ ဆွေးနွေးမယ် တိုင်ပင်မယ်” ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ လယ်မြေအသိမ်းခံခဲ့ရသူ ဒေသခံတစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာ ၄၈ နေရာတွင် ၄၄ နေရာ ၌ ကိုယ်စားလှယ် အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်နေရာ(၄၀)ကျော် အနိုင်ရရှိခဲ့သည်။

COPY FROM MYITMAKHA
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free