မန္တလေးမြို့ပေါ်တွင် မေလ ၂၀ ရက်မှ စတင်ဖြစ်ပေါ်နေသော လျှပ်စစ်မီး ရရှိရေးအတွက် မန္တလေးမြို့ခံအများစု ဖယောင်းတိုင် မီးများထွန်းညှိဆန္ဒဖော်ထုတ်ပွဲန
ှင့် ပတ်သက်ပြီး လူထုသတင်း စာတိုက်မှ စာရေးဆရာညီပုလေးအား အက်စ်ဘီအဖွဲ့မှ မေလ ၂၂ ရက် နံနက်တွင် နေအိမ်သို့ လာရောက် ခေါ်ယူသွားကြောင်း စာရေးဆရာညီပုလေး၏ သမီး ဒေါ်လင်းလင်းမွန်က 7Day News သို့ ဖုန်းဖြင့် ဆက်သွယ်ဖြေကြားသည်။
“ဒီနေ့မနက် ခုနစ်နာရီခွဲ လောက်မှာ အက်စ်ဘီကဆိုတဲ့ သူတွေရောက်လာပြီး ဖေဖေ့ကို မနေ့က ဖယောင်းတိုင်ထွန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးစရာလေး နည်းနည်း ရှိလို့ပါဆိုပြီး လာခေါ်တယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်ခဲ့လည်းရတယ်။ သူတို့ကား နဲ့ တစ်ခါတည်းလိုက်လည်းရတယ်လို့ပြောတော့ ဖေဖေက ကိုယ့်ကားနဲ့ ပဲကိုယ် လိုက်သွားပါတယ်”ဟု သူ မက ပြောသည်။

စာရေးဆရာညီပုလေးအား လာရောက်ခေါ်ယူချိန်တွင် ၎င်း၏ နေအိမ်၌ ဇနီးဒေါ်တင်တင်ဝင်းနှင့် သမီးဖြစ်သူ မလင်းလင်းမွန်တို့ ရှိနေပြီး အက်စ်ဘီမှ တာဝန်ရှိ သူများက ပြန်ပို့ပေးမည်ဟု ပြောသွားကြောင်း သူမက ထပ်မံပြော ကြားသည်။ “သူတို့ကတော့ မစိုးရိမ်ပါနဲ့။ ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။ ခုထိတော့ သတင်းစောင့် နေတုန်းပါပဲ” ဟု မလင်းလင်းမွန်က ပြောသည်။

စာရေးဆရာညီပုလေးသည် သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အငယ်ဆုံးသားဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများသို့ ဓာတ်ပုံရိုက်ကူးခြင်း၊ သ တင်းရယူခြင်း အတွက်သာ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း မလင်းလင်းမွန်က ဆက်လက် ပြောပြသည်။
နေ့လည် ၁၂နာရီအချိန်တွင် ထပ်မံဆက်သွယ်မေးမြန်းရာ အိမ်သို့ပြန်မရောက်သေးကြောင်း မလင်းလင်းမွန်က ပြောကြားသည်။

မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည့် အတွက် မေလ ၂၀ ရက်တွင် တိုင်းလျှပ်စစ်ရုံးတည်ရှိရာ ၇၈ လမ်းနှင့် ၂၆ လမ်းတစ်ဝိုက်တွင် မြို့ခံအချို့မှ ဖယောင်းတိုင်များ ထွန်းညှိကာလျှပ်စစ်မီး ပြန်လည်ရရှိရန် ဆန ဖော်ထုတ်ခဲ့ကြပြီး မေလ ၂၁ ရက် ညခုနစ်နာရီတွင်လည်း မန္တလေးကျုံးဘေးတစ်လျှောက်နှင့် မန္တ လေးဘူတာကြီး တစ်ဝိုက်တို့တွင် ဖယောင်းတိုင်ထွန်းညှိဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မန္တလေး မြို့မှ စာရေးဆရာညီပုလေးကို မန္တလေး အလုပ်သမားဆေးရုံကြီး အနီးရှိ စစ်ဆေးရေးစခန်းတွင် ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။
ဆရာညီပုလေးအပြင်မင်းထက်ငြိမ်းချမ်းစာရေးဆရာကဗျာဆရာဥက္ကာကျော်နှင့် အခြားဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သူများကိုလည်း ခေါ်ယူမေးမြန်းလျှက် ရှိကြောင်း မန္တလေးမြို့မှ စာရေးဆရာတစ်ဦးကပြောကြားသည်။

7day news မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free