စာနယ်ဇင်း ကောင်စီ တရားဝင် ဖွဲ့စည်း ပြီးပါက ဘာသာရေးနှင့် သတင်း ဦးစားပေး စာစောင်များအား ထုတ်တင် စနစ် ခွင့်ပြု သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ယနေ့ မွန်းလွဲ ၁နာရီခန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြုလုပ်သော Myanmar Journalist Network (MJN)၊ Myanmar Journalist Union (MJU) တို့မှ အမှုဆောင် များနှင့် စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရေး တွေ့ဆုံပွဲ၌ အတည်ပြု ပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်း အဆိုပါ စာစောင်များကို ထုတ်တင် စနစ် ခွင့်မပြုမီ ဝတ္ထု စာအုပ်များကို စာပေ စိစစ်ရေးသို့ တင်ပြရန် မလိုတော့ဘဲ ထုတ်ဝေခွင့် ပြုမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အရပ်သား အစိုးရ တာဝန်ယူခဲ့ပြီး သုံးလခန့် အကြာ ဇွန်လ ပထမ အပတ်မှ စတင်၍ အားကစား၊ ကျန်းမာရေး၊ ကလေး၊ အနုပညာ၊ နည်းပညာ စာပေ ငါးမျိုးကို ထုတ်တင် စနစ်သို့ ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာလတွင် စီးပွားရေးနှင့် မှုခင်း ဦးစားပေး စာအုပ်နှင့် စာစောင်များကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် မတ်လတွင် ပညာရေး အထူးပြု စာအုပ် စာစောင်များကို လည်းကောင်း ထုတ်တင် စနစ်သို့ အဆင့်ဆင့် ပြောင်းလဲခဲ့သည်။

The Voice မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free