ဆောက်လုပ်ရေးဝန်ကြီးဌာနက လေလံမဲစနစ်ဖြင့် လမ်းနှင့်တံတားအသုံးပြုခကောက်ခံရမည့် နှုန်းထားများစာရင်းကို ဧပြီနောက်လအတွင်းက နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်လိုက်ပြီဖြစ်သော်လည်း သတ်မှတ်နှုန်းထက် အဆများစွာပိုမိုကောက်ခံလျက်ရှိနေသေးကြောင်း ရခိုင်ပြည်နယ်မှရန်ကုန်သို့ ပြေးဆွဲနေသော ယာဉ်လိုင်းများမှ ယာဉ်လုပ်သားများကပြောသည်။

လမ်းနှင့်တံတားကြေးအပြင် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အပိုငွေကြေးများ ပေးနေရသောကြောင့် အမှန်တကယ် ကျသင့်ငွေထက်များစွာ အသုံးပြုနေရကြောင်း ယာဉ်လုပ်သားများကပြောသည်။

“မြို့အထွက်က စာနီတောင်ဂိတ်မှာပဲ ရဲနဲ့ လ၀က ကို ၁၅၀၀ (ကျပ်) ပေးရတယ်၊ ဗေဒါဂိတ်၊ ရေနံ့သာဂိတ်၊ ဆားမလောက် ဂိတ်နဲ့ လှိုင်သာယာတိုးဂိတ်တွေမှာလည်း လ၀က၊ရဲ၊ယာဉ်ထိန်း စတာတွေကိုပေးရသေးတယ်”ဟု သံတွဲ-ဂွ-ရန်ကုန် ပြေးဆွဲသော အောင်ပြည်ဗိုလ် ကားဂိတ်မှ ယာဉ်မောင်းတစ်ဦးကပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ လေလံရရှိထားသော ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းပေါ်ရှိ ဗိုလ်မြတ်ထွန်းတံတား အသုံးပြုခ မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ ၅.၅ တန်အထက်မှ ၁၆ တန်အထိ ခရီးသည်တင်ယာဉ်ကြီးနှင့် မှန်လုံယာဉ်ကြီးများအတွက် ၁၄၀၀ ကျပ်သာကျသင့်မည်ဖြစ်သော်လည်း ခြောက်ထောင်ကျပ်ပေးဆောင်နေရကြောင်း ခရီးသည်တင်ယာဉ်မောင်းများက ပြောသည်။

ထို့အတူ နေလသစ္စာကုမ္ပဏီမှ လေလံရရှိထားသော ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ န၀ဒေးတံတား(ပြည်) ၏တရားဝင်ဖြတ်သန်းခနှုန်းထားမှာ ၇၀၀ ကျပ်ဖြစ်သော်လည်း ကျပ် ၅၀၀၀ အထက်ပေးဆောင်နေရကြောင်း ရိုးမသစ္စာ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

ငပလီကမ်းခြေသို့ ၀ါးပို့ရန်သွားသော ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက သတင်းစာထဲတွင် ထုတ်ပြန်ထားသည့် သတ်မှတ်နှုန်းအတိုင်း လမ်းအသုံးပြုခ ၅၀၀ ကျပ်ထုတ်ပေးသောအခါ နေလသစ္စာကုမ္ပဏီမှ လမ်းအသုံးပြုခကောက်ခံသည့် ၀န်ထမ်းက နှစ်ထောင်တောင်းသည်ဟု ဆိုသည်။

“ကျွန်တော်က သတင်းစာထဲမှာပါတာကို ပြောပြတော့ 'အဲဒါက သတင်းစာထဲမှာပါတာပဲ၊ ငါတို့သူဌေးကောက်ခိုင်းခဲ့အတိုင်း ကောက်ရတာ' လို့ပြောတယ်” ဟု ကုန်တင်ယာဉ်ပိုင်ရှင်က ဧပြီ ၂၆ ရက်က ၎င်းကြုံတွေ့ခဲ့ရပုံကို YPI သို့ပြောသည်။

လမ်းနှင့်တံတားခ ပိုမိုကောက်ခံနေသော ဂိတ်များတွင် သတ်မှတ်နှုန်းထားများကြေငြာ ထားကြောင်း ယာဉ်လုပ်သားများ ကပြောဆိုသောအခါညွှန်ကြားချက်မရောက်သေးပါ ဟုအကြောင်းပြကြောင်း ယာဉ်မောင်းများက ပြောသည်။

“အခုမှပဲ ဒီဈေးနှုန်းတွေကိုသိရတာ၊ဒါပေမယ့် ဘယ်ကိုတိုင်ရမယ်ဆိုတာမသိသေးဘူး ”ဟု သံတွဲမြို့ မှ ယာဉ်ပိုင်ရှင်တစ်ဦး ကပြောသည်။

တံတားအသုံးပြုခ သတ်မှတ်နှုန်းထားအချို့မှာ တံတားအပေါ်မူတည်ပြီး၂ တန်အောက် ကုန်တင်ယာဉ် အတွက် အနည်းဆုံး ၁၂၅ ကျပ်မှ အများဆုံး ၇၀၀ ကျပ်၊ ၅.၅ တန်အထက်မှ ၁၆ တန်အထိ ခရီးသည်တင်ယာဉ်ကြီး အတွက် အနည်းဆုံး ၂၀၀ ကျပ်မ အများဆုံး ၁၄၀၀ ကျပ်ဖြစ်သည်။ ။

လမ်းအသုံးပြုခ သတ်မှတ်နှုန်ထားအချို့မှာ တစ်မိုင်လျှင်
- ၂ တန်အောက်ယာဉ် - ၂ ကျပ်
- ၂ တန်မှ ၅.၅ တန် - ၅ ကျပ်
- ၂ တန်အောက်ကုန်တင်ယာဉ် - ၆ ကျပ်
- ၂ တန်မှ၅.၅ တန်ထိ ကုန်တင်ယာဉ် - ၈ ကျပ်
- ၅.၅ တန်အထက်မှ ၁၆ တန်အထိခရီးသည်တင်ယာဉ်ကြီး - ၁၀ ကျပ်

- ကိုယ်ထည်အလျား ၁၅ ပေမှ ၂၀ ပေအထိ ယာဉ်နှင့်
ကုန် ၁၀ တန် ကုန်တင်ယာဉ်လတ် ၆ ဘီးကား - ၁၃ ကျပ်

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free