အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ၁၅နှစ်တာ တားမြစ်ထားသည့် ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက် နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှု တားမြစ်မှုများအား ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က မေလ ၁၇ ရက်နေ့ ၀ါရှင်တန်မြို့၌ ကြေညာလိုက်သည်။

အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှု အမျိုးအစားအများအပြားရှိသည့်  အနက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာပိတ်ဆို့မှုကို ရှေးဦးစွာ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည်  အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးနှင့် ၀ါရှင်တန်မြို့၌ ယမန်နေ့က သွားရောက်တွေ့ဆုံစဉ် ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှုအား ရုပ်သိမ်းရာတွင် ချွင်းချက်အဖြစ် မြန်မာစစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ခြင်းမျိုးကိုမူ တားမြစ်ပိတ်ပင်ထားဆဲဖြစ်သည်ဟုလည်း ဖေါ်ပြပါရှိသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ သမ္မတအိုဘားမားက ပြောဆိုရာတွင် “သံလက်သီးအုပ်ချုပ်မှု ဖြေလျော့လာနေတာနဲ့အမျှ ကျွန်တော်တို့ဘက်ကလည်း လက်ကိုပိုပြီး ဆန့်ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံပြည်သူ လူထုရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးနဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာရေး တို့အတွက် မြန်မာ အမေရိကန် ဆက်ဆံရေး နောက်အဆင့်တခုထဲသို့ ၀င်ရောက်နေပါပြီ ” ဟု ပြောကြားသွားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းလိုက်ခြင်းနှင့်အတူ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ပထမဆုံးအကြိမ် သံအမတ်ကြီးအဆင့် အပြန်အလှန် ခန့်အပ်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးသန်းဆွေကို ခန့်အပ်မည် ဖြစ်သလို အမေရိကန် နိုင်ငံဘက်မှ ဒဲရစ်မစ်ချယ်ကို ခန့်အပ်မည်ဖြစ်သည်။       ။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံအမတ် ဖြစ်လာမည့် ဒဲရစ်မစ်ချဲလ်
Yangon Press International မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free