587
ပြည်တွင်းဈေးကွက်၌ တရားမ၀င် ရောင်းချနေသည့် ကြက်သားများ
ပြည်ပမှကြက်သားများ တရားမ၀င် တင်သွင်းရောင်းချမှုရှိနေပြီး ယင်းကြက်သားများမှာ ကျန်းမာရေး အတွက် လုံခြုံစိတ်ချရမှုမရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မေလ ၁၇ ရက် နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကြက်သားများမှာ အာဂျင်တီးနားနှင့် ဘရားဇီးနိုင်ငံမှဖြစ်ပြီး စင်္ကာပူမှတစ်ဆင့် တင်သွင်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
“ အခုရောင်းနေတဲ့ ကြက်သား က တစ်ကီလိုခွဲကို ကျပ် ၅၂၈၀။ ပြည်တွင်းဈေးနှုန်းနဲ့ အတူလောက်သွားကြမယ်။ အထဲမှာ အကောက်ခွန်ခ၊ သယ်စရိတ်၊ တခြားစရိတ်တွေနှုတ်ရင် ဒီဈေးနှုန်းနဲ့ ရောင်းနိုင်တယ်ဆိုတာ ပြည်ပကနေ ဘယ်ဈေးနဲ့ရခဲ့သလဲ စဉ်းစားစရာပါ။ သူ့ဟာသူ ဘယ်လို စာရွက်စာတမ်းပဲပြပြ၊ FDA ထောက်ခံချက်မပါဘဲ ဘယ်လိုလမ်းကြောင်းက ၀င်လာမှန်းမသိတဲ့ အသားတွေကအရမ်း အန္တရာယ်များတယ်။ အထဲမှာဘာပိုးပါနေမလဲ မသိနိုင်ပါဘူး။ နောက် ကြက်သားထုပ်မှာပြထားတဲ့ Exp: date က နှစ်နှစ်ပေးထားတယ်။ နိုင်ငံတကာမှာ စားသောက်ကုန်ဆိုအများ ဆုံးလွန်ရောကျွံရောမှ တစ်နှစ်ပဲခွင့်ပြုတယ်။ ပြည်ပကသွင်းလာတဲ့ ကြက် သားမှာ Exp: date နှစ်နှစ်ဘာကြောင့် ဖြစ်တာလဲ။ ဘယ်က၀င်လာတာမှန်း မသိတာကို မစားဖို့၊ ရောင်းချ သူလည်း ဥပဒေအတိုင်း လုပ်ဖို့ပြောချင် တယ်”ဟု ဒေါက်တာလှလှသိန်းမှဆိုသည်။
“ပြည်တွင်းမှာ ကြက်သား၊ ဆိတ်သား၊ ငုံးသား၊ အမဲသား တင်သွင်းရောင်းချမှုတွေကို ခွင့်မပြုထားပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အသားတိုး ကြက်မွေးမြူရေးအသင်း ဥက္ကဌမှ ပြောကြားခဲ့ပါသည်။

eleven media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free