ကမ္ဘာ့အမျိုးသမီးရေးရာ အမေရိကန်သံအမတ်ကြီး Ms Malanne Verveer နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုရာမှာ ကမ္ဘာရဲ့ မတူညီတဲ့ အရပ်ဒေသမှ လာရောက်တဲ့ သံအမတ်ကြီးနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ အမျိုးသမီးရေးရာ ကိစ္စရပ်အတော်များများမှာ ခံစားချက်ခြင်း အမြင်ခြင်း တူညီနေတာတွေ့ရပါတယ်လို့ ပြောဆိုသွားသည်။

အမေရိကန် သံအမတ်ကြီးက ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရသည်မှ အလွန် စိတ်ဝင်စားစရာ ကောင်းသည့် တွေ့ဆုံမှုဖြစ်ကြောင်း လတ်တလော သူမရဲ့ ပါတီအောင်မြင်မှုအတွက်လည်း ဂုဏ်ယူစကား ပြောကြားလိုပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီကြိုးပမ်းမှု၊ ပြောင်မြောက်သည့် သတ္တိတို့ကိုလည်း ချီးကျူး ပြောကြားလိုပါကြောင်း လတ်တလော မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် သမိုင်းဝင် အခွင့်အရေးတွေနဲ့ တခြားတဘက်မှာလည်း စိမ်ခေါ်မှုအများအပြားရှိနေတာ တွေ့ရှိရကြောင်း ပြောဆိုသွားသည်။

၎င်းက အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားဖို့ရာ အပြုသဘော ဆောင်ရွက်ချက်တွေ တုံ့ပြန်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။
Ms Malanne Verveer က ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်မှာ အမေရိကန် အစိုးရဘက်မှ နောက်ထပ် လုပ်ဆောင်မှုတွေ လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဆုံးဖြတ်ချက်နဲ့အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုးတက်မှုများကိုလည်း မျှော်လင့်ထားပါကြောင်း ပြောဆိုသွားသည်။

ကမ္ဘာ့အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးရဲ့ လတ်တလော မြန်မာပြည်ခရီးစဉ်သည် ယနေ့ (မေလ ၆ ရက်) မှ ၁၁ ရက်ထိကြာမြင့်မည် ဖြစ်ပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်များအရေးကို အာရုံစိုက် လုပ်ဆောင်သွားဖို့ရှိသည်ဟု သိရသည်။ ။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံမြောက်ပိုင်း ကိုလည်း သွားရောက်မည်ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်းမှာ နေပြည်တော်ရှိ အစိုးရအရာရှိကြီးများနှင့်လည်း တွေ့ဆုံရန်ရှိကာ ၊ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များနှင့်လည်း အမျိုးသမီးရေးရာ ကိစ္စရပ်များပေါ်မူတည်၍ တွေ့ဆုံသွားရန်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

YPI မှ ဖြစ်သည်။


(ဓါတ်ပုံ-သူရမျိုး)

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free