ယမန်နေ့ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီးရရှိရေးအတွက် မန္တလေးမြို့နေ လူထု ရာနှင့်ချီ ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း တိုင်းဒေသကြီး ၀န်ကြီးအပါအ၀င် တိုင်းလျှပ်စစ်မန်နေဂျာတို့က သတင်းစာရှင်းလင်းပွဲ တရပ်ကို ညတွင်းချင်း ပြုလုပ်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု ...အခြေအနေဆိုးရွားသဖြင့် မန္တလေးမြို့ခံများက တိုင်းလျှပ်စစ်ရုံးအနီးနှင့် ဆီဒိုးနား ဟိုတယ်အနီး နေရာ ၂ နေရာ၌ ဖယောင်းတိုင်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ယမန်နေ့ည ၇ နာရီကျော်က ယင်းသို့ ဆန္ဒထုတ်ဖေါ်သည့် အဖြစ်အပျက်ဖြစ်ပွားပြီး ၂နာရီအကြာ ည ၉နာရီကျော်၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ တို့က လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်နေမှုများကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခုလ ၁၉ ရက်နေ့နံနက်စောစောပိုင်းက ရွှေလီ မန်ဆန် လျှပ်စစ်ဓါတ်အားပေးလိုင်းက တာဝါတိုင် အချို့ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းခွဲမှုကြောင့် ပြိုလဲသွားခြင်းကြောင့် လျှပ်စစ်မီး မက်ဂါဝပ် ၂၀၀ ကျော်လျော့နည်းပြီး ရန်ကုန်မှာ လျှပ်စစ်ဓါတ်အား အလှည့်ကျပေးရသည်ဟု မကြာခင်ရက်ပိုင်း က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံး သုံးစွဲသည့် လျှပ်စစ်ဓါတ်အား ပမာဏမှ မက်ဂါဝပ် ၁၅၀၀ ကျော်သာရှိပြီး ယင်းပမာဏ၏ ၅၀ ရာနှုန်းကျော်မှာ ရန်ကုန်မြို့မှ သုံးစွဲနေခြင်းဖြစ်သည်ဟု ၀န်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

YPI 
မှကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free