ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းမြို့နယ်တို့တွင် အခန်းပေါင်း ၉၅၀၀ ကျော်ပါဝင်သော ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်း ငါးခုကို ၃ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး အတွင်းရေးမှူးဦးကျော်စိုးကပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဗိုလ်ဗထူး

စီမံကိန်း၊ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းနှင့် ပင်လုံအပါ့မင့်အိမ်ရာစီမံကိန်းတို့ကို အကောင်အထည်ဖော်မည် ဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဧရာဝဏ် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း Housing Estate University အိမ်ရာစီမံကိန်းတို့ကို တည်ဆောက်မည်ဟုဆိုသည်။

ဗိုလ်ဗထူးစီမံကိန်းမှာ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းတွင် တည်ရှိပြီး အခန်းပေါင်း ၄၉၅၆ ခန်း၊ ဈေးဝယ်စင်တာ တစ်ခု၊ စာသင်ကျောင်း ၅ ကျောင်းနှင့် ကား ၃၇၂၆ စီးရပ်နိုင်သော ပါကင်၊ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းမှာ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းဒေါင့်တွင် တည်ဆောက်မည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၆၄၈ ခန်း (၆ ထပ်တိုက်)နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံလမ်းမတွင် တည်ဆောက်မည့် ပင်လုံအပါ့မင့်အိမ်ရာစီမံကိန်းတွင် အခန်း ၁၄၄ ခန်းတို့ဖြစ်သည်။

ဧရာဝဏ်စီမံကိန်းတွင် အခန်းပေါင်း ၃၀၀၀ ခန်းနှင့် ဈေးဝယ်စင်တာ တစ်ခုနှင့် မင်းရဲကျော်စွာလမ်းတွင် တည်ဆောက်မည့် Housing Estate University အိမ်ရာစီမံကိန်းတွင် ဈေးဝယ်စင်တာတစ်ခုနှင့် အခန်း ၇၈၀ ခန်းတို့ဖြစ်သည်။

“ဘက်ဂျတ်ကို တိုင်းဒေသကြီးလွှတ်တော်တင်ပြီးတော့ ဘဏ္ဍာရေးကောက်မရှင်ရဲ့ အတည်ပြုပြီးမှ သုံးစွဲရတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းစတင်ဖို့ အတွက် ရှိတဲ့အင်အားနဲ့ ကြိုးစာလုပ်သွားမှာဖြစ်တယ်” ဟု ဦးကျော်စိုးကပြောသည်။

အဆိုပါစီမံကိန်းဆောက်လုပ်ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဟု သတင်းရရှိသည်။


Copy From 7Day News
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free