လက်နက်အပြည့်အစုံနှင့် အမေရိကန်လုံခြုံရေးများ
လက်ဗလာမြန်မာလုံခြုံရေးများ
Sniper သမားများ
အမေရိကန်သမ္မတအိုဘားမားမြန်မာပြည်လာသွားတဲ့အခိုက် ပြောစရာတွေကအများကြီးဖြစ်ကျန်နေခဲ့ပါတယ်။ ဒီတစ်ခါကျွန်တော် သတိထားမိတာလေးကတော့ လုံခြုံရေးယူရတဲ့ သူတွေရဲ့ အဆင့်အတန်းပါ။ ကျွန်တော် သိရသလောက်ကတော့ အမေရိကန်ရေတပ်စစ်သင်္ဘောများက မြန်မာ့ရေပိုက်နက်ဘေးမှာ အသင့်နေရာယူထားသလို အိုဘားမားကားတန်းတစ်လျောက်လိုက်ခဲ့တဲ့ ကားမဲကြီးကလဲ တစ်မိုင်ပတ်လည်အတွင်း ဗုံးမကွဲအောင် လိုက်လံစောင့်ရှောက်နေပါသတဲ့။ အဲ့ပုံတွေ ကျွန်တော် မရှာနိုင်ပေမယ့် လက်တွေ့ကျတဲ့ လုံခြုံရေးသမားတွေရဲ့ လက်နက်တန်ဆာကွာခြားပုံလေးကို ကျွန်တော်ရှာပြီး တင်ဆက်လိုက်ပါတယ်။ ကိုရီးယားသမ္မတလာတုန်းကလဲ လုံခြုံရေးတာဝန်ယူရသူတွေနှစ်ဦး လက်နက်ကရိယာတန်ဆာကွာခြားပုံကို ကျွန်တော်ပြခဲ့ပါသေးတယ်။ မြန်မာ့လုံခြုံရေးယူရတဲ့ ရဲတပ်ဖွဲ့ကို အဆင့်အတန်းမြှင့်ဖိုလိုအပ်နေပြီဟု ကျွန်တော်သုံးသပ်ပါရစေ။ ထူးထူးခြားခြားအနေနဲ့ ထပ်ပြောပြလိုတာကတော့ အိုဘားမားအတွက် မြန်မာနိုင်ငံဘက်မှ လုံခြုံရေးတာဝန်ယူရန်အတွက် အင်အား၁၀၀၀၀ခန့်အသုံးပြုခဲ့ရပါတဲ့။ ဓာတ်ပုံများကို ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free