(၂၉-၁၁-၂၀၁၂) တန် ဆောင်မုန်းလပြည့်ကျော် (၁) ရက် သူခိုးကြီးည (၁၁)နာရီခန့်က ရွှေပြည်သာမြို့ (၉)ရပ်ကွက် သာဓုဘုရားလမ်း မီးရထားသံလမ်း ဂုံးကျော်အနီးတွင် အောင်ကြွေ ပြား စက်ရုံ ၀န်ထမ်းမြို့နယ် အ လုပ်သမား ဖြန်ဖြေရေးအဖွဲ့ဝင် မောင်ဇေယျမင်း (၂၇)နှစ်သည် မူးယစ်ရမ်းကားနေ၍ လှော်ကား ရဲစခန်းမှ လှဲ့ကင်းတာဝန်ကျ ရဲ တပ်ကြပ် မြ၀င်း၊ ရဲတပ်သား ပြည့်ဖြိုးမောင်နှင့် ရွှေပြည်သာ ရဲစခန်းမှ ရဲတပ်သား ဇော်ရဲထက် တို့သည် မောင်ဇေယျမင်းကို ဆိုင် ကယ်နှင့် ရွှေပြည်သာ ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် ပြုတ်ကျ၍ မောင်ဇေယျမင်းသေဆုံးသွားသ ဖြင့် ၎င်းင်းရဲတပ်ဖွဲ့ဝင် (၃)ဦးကို ရွှေပြည်သာရဲစခန်းမှ ပုဒ်မ ၃၀၄ (က) ပ-၁၄၂၂/၂၀၁၂ ဖြင့် အ မှုဖွင့်ဖမ်းဆီး စစ်ဆေးခဲ့သည်။
မှုခင်းဖြစ်ပွားရာ နေရာကို သွားရောက် စုံစမ်းမေးမြန်းရာ မောင်ဇေယျမင်းသည် မူးယစ် ရမ်းကားနေ၍ ရွှေပြည်သာ ရဲစ ခန်းသို့ အကြောင်းကြားနေစဉ် လှော်ကားရဲစခန်းမှ လှည့်ကင်း တာဝန်ကျ ရဲတပ်ကြပ်မြင့်ဝင်းနှင့် ရဲတပ်သား ပြည့်ဖြိုးမောင်တို့ ရောက်လာကာ မောင်ဇေယျမင်း နှင့် အပြန်အလှန်စကားများ ရန် ဖြစ်ထိုးကြိတ်ပြီး မောင်ဇေယျမင်း ကို လက်နောက်ပြန် လက်ထိပ် ခတ်ထိုင်ခိုင်း၍ ရဲတပ်ကြပ်မြ၀င်း က လက်ကိုင်ဒုတ်ဖြင့် ရိုက်ရာ မောင်ဇေယျမင်း ဦးခေါင်းနှင့် ကွန်ကရစ်လမ်းဆောင့်မိပြီးခေါင်း ကွဲသွေးယိုထွက်လာပါသည်။ပက် လက်လန်လဲကျနေသော မောင် ဇေယျမင်းကို ရဲတပ်သား ပြည့် ဖြိုးမောင်က ရင်ဖဖတ်ကို ခြေ ထောက်ဖြင့်တက်နင်းကန်သည်။ မောင်ဇေယျမင်း လှုပ်ရှားမှုမရှိ တော့ပါ။ ထိုအချိန်ကျမှ ရွှေပြည် သာ ရဲစခန်းမှ ရဲတပ်သား ဇော် ရဲထက် ရောက်ရှိလာပြီး လက် ထိပ်ဖြုတ်ခိုင်းတော့မှ လက်ထိပ် ဖြုတ်ပြီး  မောင်ဇေယျမင်း အ လောင်းကို အင်းစိန်ဆေးရုံသို့ ပို့ ဆောင်ခဲ့သည်ဟု မှုခင်းဖြစ်နေ စဉ်တွင် ရှိနေသော အောင်ကြွေ ပြားစက်ရုံမှ မောင်ရဲလင်းအောင် မှ ပြောကြားခဲ့သည်။
နောက်တစ်နေ့တွင် ဆရာ ၀န်၏ ဆေးစစ်ချက်အရ သေဆုံး သူ မောင်ဇေယျမင်းတွင် ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရ၍ ပုဒ်မ ၃၀၄(က)မှ ပုဒ်မ ၃၀၂ သို့ ပြောင်း လွှဲ အမှုဖွင့်ထားကြောင်း သိရ သည်။
ပြည်သူ ပြည်သားများ၏ အသက်အိုးအိမ်များကိုကာကွယ် စောင့်ရှောက်ပေးနေသော ရဲတပ် ဖွဲ့ဝင်များသည် တရားခံဖမ်းဆီး ရာတါင် ဒေသအလျောက် ခြေ လွန်၊ လက်လွန် ဖြစ်သွားပါက မိမိကိုယ်တိုင် တရားခံပြန်ဖြစ်သွား တတ်သည်ကို သင်ခန်းစာ အနေ ဖြင့် ရေးသားတင်ပြလိုက်ပါသည်။

ဝင်းနောင် (ရွှေပြည်သာ)

Copy From Hot News Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free