AIR KBZ လေယာဉ် လမ်းချော်မှုဖြစ်ပွား

AIR KBZ Flight K7- 242/243 သည်ဟဲဟိုးမြို့မှ သံတွဲ မြို့သို့ အဆင်းတွင် လမ်းချော် သွားခဲ့သော်လည်း ခရီးသည်တစ် စုံတစ်ယောက်မျှ ထိခိုက်မှုမရှိခဲ့ ကြောင်းသတင်းရရှိသည်။
ပြေးလမ်း အရှိန်လွန်ခြင်း ကြောင့် လေယာဉ်၏ရှေ့ဘီးကျိုး သွားခဲ့သည်ဟု လေဆိပ်လုံခြုံရေး တာဝန်ခံတစ်ဦးက ပြောကြား သည်။ ခရီးစဉ်မှာရန်ကုန်-ညောင် ဦး-ဟဲဟိုး-သံတွဲ ခရီးစဉ်ဖြစ်ရာ ဟဲဟိုးမှ သံတွဲသို့ဆိုက်ရောက်အ လာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၅၂ဦးပါရှိကာ ၃၀ကျော်မှာနိုင်ငံ ခြားသားခရီးသည်များဖြစ်သည်ဟု သိရသည်။ လေယာဉ်အား ထိန်း သိမ်းနိုင်သည့်အတွက် နိုင်ငံခြား သားခရီးသည်များက လေယာဉ် မှူးအား လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးခဲ့သည်ဟု ယင်းတာဝန်ခံ ကပြောသည်။ လေဆိပ်အနီးနေ ထိုင်သူ ဒေသခံတစ်ဦးကမူ ““လေ ယာဉ်ဆင်းလာပြီးတော့ဖောင်းဖောင်း ဖောင်းဆိုတဲ့ အသံ ၃၊၄ချက် လောက်ကြားလိုက်ရတယ်၊နောက် တော့မှ လေယာဉ်ပြေးလမ်းချော် သွားတာလို့ သိလိုက်ရတာ””ဟု ပြောသည်။ သံတွဲလေယာဉ်ကွင်း မှာ ပေအရှည် ၈၀၀၀ရှိပြီး ဆင်း သက်သည့် လေယာဉ်များအနေ ဖြင့် ပြေးလမ်းအစအဆုံးအသုံးပြု ပါက လုံလောက်သည့် ပြေးလမ်း အရှည်ဟု လေဆိပ်ဝန်ထမ်းတစ် ဦးကပြောသည်။ လေယာဉ်ကို အရှိန်သတ်လိုက်သည့် သဲပုံမှာ မကြာသေးမီရက်အနည်းငယ်ကမှ ပုံထားခြင်းဖြစ်၍ ယခုသဲပုံရှိနေ ခြင်းကြောင့်အန္တရာယ်လျော့နည်း သွားရသည်ဟုလည်း လုံခြုံရေး တာဝန်ရှိတို့က သုံးသပ်ကြသည်။ လေယာဉ်ပြေးလမ်းချော်ခြင်းကြောင့် လေဆိပ် ပုံမှန်လုပ်ငန်းများ ထိ ခိုက်ခြင်းမရှိပဲ သံတွဲလေဆိပ်သို့ ဆင်းသက်လာရန်ရှိသည့် ခရီးစဉ် များပုံမှန်အတိုင်း ဆင်းသက်နိုင် မည်ဟု သိရှိရသည်။

Hot New Weekly မှ ကူးယူဖော်ပြမိပါသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free