ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ၁၀/၂၀၁၂ အစည်းအဝေးကနေ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသူ ၁၅၇ ဦးအနက် ၁၄ ဦးကို ပဏာမ ရွေးချယ်ထားကြောင်း၊ ရွေးချယ်ထားသူအားလုံးအား လူတွေ့ တွေ့ဆုံနိုင်ရန် ၂၀၁၂ ဧပြီ ၇ ရက်နေ့ နံနက် ၉ နာရီရောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းကို ဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ်။
ပဏာမ ရွေးချယ်ထားသူများကတော့ ၁။ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)
၂။ အောင်မိုးမင်း (ဆွာမြို့)
၃။ သိန်းဇော် (လှိုင်သာယာမြို့နယ်)
၎။ အောင်မင်းထွေး (တောင်ဒဂုံမြို့နယ်)
၅။ နေဦး (ခ) နန္ဒမိုး (မြင်းခြံမြို့နယ်)
၆။ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)
၇။ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)
၈။ အောင်ဘိုဘိုဇင် (မြောင်းမြမြို့နယ်)
၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး (ချောင်းဆုံမြို့နယ်)
၁၀။ ဘုန်းမြင့်ဌေးမော် (ကမာရွတ်မြို့နယ်)
၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)
၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း (ဒေါပုံမြို့နယ်)
၁၃။ အောင်ချမ်း (လားရှိုး)
၁၄။ သက်ဇော်ဝင်း (ဒဂုံမြို့သစ် - အရှေ့ပိုင်း) တို့ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားရန် စာရေးဆရာ ချစ်ဦးညို၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ ဇာတ်ညွှန်းဆရာ အကယ်ဒမီ ငြိမ်းမင်းတို့ကို ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ဇာတ်ညွှန်း ရေးသားရန် မတ်လ ၁ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့က ဇာတ်ညွှန်းရေးသားရန်အတွက် ကြည်စိုးထွန်း၊ ချစ်ဦးညို၊ ငြိမ်းမင်း၊ ဇာဂနာ၊ မင်းထင်ကိုကိုကြီးနဲ့ ဇော်သက်ထွေးတို့ စတင် ဆွေးနွေးခဲ့ကြကြောင်း၊ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်သစ် သုံးဦး အလိုရှိကြောင်းကို မတ်လ ၁၅ ရက်နေ့က ကြေငြာခဲ့ကြောင်းလည်း သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား နာယက ပြုကာ ဖွဲ့စည်းထားပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်း၊ အမှတ် ၁၀၁ ဘီတွင် ရုံးခန်းဖွင့်လှစ်ထားကာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို အမျိုးသားရုပ်ရှင်ရဲ့ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းကို လှူဒါန်းခဲ့သလို ကျန်တဲ့ စေတနာရှင်များကလည်း အလှူငွေများ လှူဒါန်းလျက်ရှိရာ အလှူရှင် ဦးသန်းမောင် (မော်ကွန်းဝင် ပထမအဆင့်) နဲ့ သမီး ဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု) တို့က အလှူငွေ ကျပ် သိန်းတထောင်ကို ၂၀၁၂ မတ်လ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှတဆင့် လှူဒါန်းခဲ့ကြပါတယ်။ ရုပ်ရှင်ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို ဇာဂနာ လာရောက်ကာ လေ့လာခဲ့ကြောင်း၊ ရုပ်ရှင်ဇာတ်ကားအတွက် နိုင်ငံတကာကလည်း အကူအညီ ပေးနိုင်ခြေရှိကြောင်း သတင်းရရှိပါတယ်။

ယနေ့မြန်မာမှ ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free