ကြားဖြတ်ရွေးကောက်ပွဲကျင်း ပရန် ရက် ၂၀ လောက်အလိုတွင် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ပါတီကိုယ်စားလှယ်လောင်းတွေ ဟာ မဲစာရင်းပြဿနာ၊ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရကြောင်း သတင်းရသည်။
ဧပြီ ၁ ရက်ကြားဖြတ်ရွေး ကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင် ကြမယ့် ပါတီတွေထဲက အမျိုးသား  ဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်)ရဲ့ ပါတီကိုယ်စား လှယ်လောင်းတချို့ လက်ရှိကြုံ တွေ့နေရတာတွေကို ပါတီခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ဦးခင်မောင် ဆွေကပြောပြပါတယ်။
““ဒဂုံဆိပ်ကမ်းမြို့နယ်ပေါ့။ သူတို့ဆီမှာ မဲစာရင်းနာမည်တွေ လွဲတာတွေ၊ နိုင်ငံသားစိစစ်ရေး ကတ်တွေမှာ နံပါတ်မတူတာ၊ လွဲ နေတာတွေရှိတယ်။ နောက်စာရင်း  မပါတာတွေလည်းရှိတယ်။ ဒီထက်  ပိုဆိုးတာက တောင်ဥက္ကလာက လူတွေက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စာရင်းလာပါနေတယ်ဆိုတာသိရ တယ်””။
အန်ဒီအက်ဖ် ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ် လပ်မဲဆန္ဒနယ် ၁၃ ခုမှာ ၀င်ရောက်  ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ် လပ်မဲဆန္ဒနယ် ၄၈ခုစလုံး ၀င် ရောက်ယှဉ်ပြိုင်မယ့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကတော့ မဲစာရင်းပြဿာနာ တွေကို ၀င်ပြိုင်မယ့် ၄၈ နေရာ လုံးမှာ ကြုံတွေ့နေရတယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင်ဦးဟံ သာမြင့်ကပြောပါတယ်။
““မဲဆန္ဒနယ် ၄၈ နေရာစလုံး မှာ မဲစာရင်းမှားတာတွေရှိတယ်။ အသေးစိတ်ပြောပါဆိုရင်လည်း အများကြီးပဲ၊ ဘယ်လိုမှားနေတယ်    ဆိုတာ ပြောရမယ်။ တကယ်မရှိ တဲ့သူတွေ အများကြီးပါနေတယ်။ မှတ်ပုံတင်နံပါတ် တစ်ခုထဲမှာ လူ ၁ ထောင်ကျော်လောက်ဖြစ်နေ တာတို့၊ အဲဒါတွေက တက်တက် စင်လွဲနေတာပေါ့။ အဲဒါတွေ တွေ့   ရတယ်””။
မဲစာရင်းမှားနေတာတွေကို ရပ်ကွက်ကော်မရှင်ထံ ၇ ရက် အတွင်းတင်ပြပြီး ဖြေရှင်းဖို့ဆောင်  ရွက်ထားပြီး၊ ရွေးကောက်ပွဲမကျင်း  ပခင်အချိန်အထိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတင်ပြ ဆောင်ရွက်သွားမယ်လို့ပြောပါ တယ်။ အန်ဒီအက်ဖ်ပါတီခေါင်း ဆောင်ဦးခင်မောင်ဆွေကတော့ အခုလို မဲစာရင်းပြဿနာတွေ မဖြေရှင်းနိုင်ရင်တော့ကြားဖြတ် ရွေးကောက်ပွဲဟာတရားမျှတမှုရှိ ဖို့ ခက်လိမ့်မယ်လို့ပြောသွားပါ တယ်။
““မဲစာရင်းလုပ်တဲ့ အာဏာပိုင်  အဆင့်ဆင့်၊ တာဝန်ပေးထားတဲ့ အောက်ခြေအဖွဲ့အစည်းတွေက အခုထိ မဲစာရင်းဟောင်းတွေနဲ့ပဲ ဆက်လုပ်နေတယ်ဆိုရင် မျှတဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကိုတော့ အချိန်မီအကြောင်း ကြားမှပဲ။ သို့သော်လည်း ဘယ် လောက်ထိကိုင်တွယ် ဖြေရှင်းနိုင် မယ်ဆိုတာ ကော်မရှင်နဲ့ အောက်  ခြေကိုင်တွယ်ဖြေရှင်းမယ့်အာဏာ ပိုင်အဖွဲ့အစည်းအဆင့်ဆင့်က ဘယ်လောက်ထိလုပ်ပေးနိုင်တယ် ဆိုတာ မူတည်ပါတယ်။ သန့်ရှင်း တာကတော့ ကျွန်တော်တို့ ထင် သာမြင်သာတွေ့ရမှာဖြစ်ပြီး မျှတ တာကတော့ ထင်သာမြင်သာဖြစ် အောင်အတော်ကြိုးပမ်းရဦးမယ် လို့ပြောချင်ပါတယ်””။
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၈ နေရာအတွက် ပါတီ ၁၇ ပါတီက ကိုယ်စားလှယ်  လောင်းတွေနဲ့ တသီးပုဂ်္ဂလိက ကိုယ်စားလှယ် ၆ဦးတို့ ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။


Hot News Weekly မှ ကူးယူဖော်ပြထားသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free