၂၀၁၂၊ မတ်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်းတွင် ရရှိတဲ့ သတင်းများအရ ဦးဂန္ဘီရအား ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရပေမယ့် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ဦးဂန္ဘီရနဲ့ ဆက်သွယ် မေးမြန်းချက်အရ မြန်မာအာဏာပိုင်များဟာ ဦးဂန္ဘီရအား မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင် သတင်းသုံးရာ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း) သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးဂန္ဘီရနဲ့ နီးစပ်သူတဦးနဲ့ ဦးဂန္ဘီရတို့ ဆက်သွယ် ပြောဆိုမှုများအရ ဦးဂန္ဘီရအား အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့ပြီးနောက် မတ်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၉ မိနစ်မှ ည ၁၁ နာရီ ၄ မိနစ်အထိ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦရှိ ရဲသတင်းတပ်ဖွဲ့ ရုံးခန်းတွင် ဦးဂန္ဘီရရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်တွင် မေးမြန်း ပြောဆိုမှုများအစား အလွတ်သဘော စကား ပြောကြကြောင်း၊ ထိုသို့ စကားပြောဆိုခဲ့ကြပြီးနောက် မတ်လ ၇ ရက်နေ့တနေ့လုံး ခေါ်ဆောင်ထားတဲ့ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦတွင် ထိမ်းသိမ်းထားကြောင်း၊ အဲဒီနောက် မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်ကျော်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေတွင် ဦးဂန္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှု ခံယူနေရကြောင်း ဦးဂန္ဘီရက ဆက်သွယ်မေးမြန်းသူများအား ရှင်းပြခဲ့ပါတယ်။

Burma Today မှ ကူးယူထားတာပါ။


ပြောတာပါပဲ ကျမ်းမာရေးမကောင်းဘူးလို့ ထောင်ထဲမှာနေတုန်းကလဲ အဲလိုပြောတာပါပဲ။ ထွက်လာတော့လဲ စိုပြေဝဖြိုး အလှတိုးနေကြတာကိုတွေ့ရတာလဲ မျက်မြင်ပါ။ သတင်းတွေကို ဖတ်တဲ့အခါမှာ မျက်စိမှိတ်ပြီး ဖတ်တာထက် စဉ်းစားဆင်ခြင်ပြီး ချင့်ယုံကြဖို့ တိုင်တွန်းလိုက်ပါတယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free