ရန်ကုန်တိုင်း ဒေသကြီး၊ ဆိပ်ကမ်း မြို့နယ်၊ လှိုင်မြစ် MIP ဆိပ်ခံတံတား ရှေ့ရေပြင်တွင် ဧပြီလ ၂၁ ရက်နေ့က အုတ်ချပ်များနှင့် လူ၂၆ ဦး တင်ဆောင်လာသော ချွန်းစက် လှေတစ်စီးနှင့် အခြားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း မျက်မြင် တွေ့ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်ရပ်မှာ ရေယာဉ်မောင်း ဦးမြင့်လွင်က ကြည့်မြင်တိုင် မြို့နယ်၊ အောက်ရုံ ရပ်ကွက်မှ ဆိပ်ကြီး ခနောင်တို မြို့နယ် ဘက်သို့ အုတ်ချပ် ၁၅၀၀၀ များနှင့် အလုပ်သမား ကျား ၂၁ ဦး၊ မ ၅ ဦး စုစုပေါင်း ၂၆ ဦး တင်ဆောင် မောင်းနှင်လာသော “ဆန်းအောင်ဦး” ချွန်းစက်လှေနှင့် ရေယာဉ်မောင်း ဦးသိန်းမြင့်က ဆိပ်ကြီး ခနောင်တိုမြို့ နယ်မှ ကြည့်မြင့်တိုင် မြို့ နယ်ဘက်သို့ ခုတ်မောင်း လာသည့် “ရွှေပျံလွှား” ချွန်းစက်လှေတို့ မျက်နှာချင်းဆိုင် တိုက်မိရာ “ဆန်းအောင်ဦး” စက်လှေ နစ်မြုပ်ပြီး၊ အဆိုပါ စက်လှေပေါ်ပါလာသူ ဒေါ်သိန်းသိန်း (စုံစမ်းဆဲ) မှာ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဆိပ်ကမ်း မြို့နယ် ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free