ရန်ကုန်မြို့တော်ရှိ အများသုံးမြေအောက် သန့်စင်ခန်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့တော်အတွင်းရှိ အများသုံး မြေအောက် သန့်စင်ခန်းများအားလုံးကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့တော်အတွင်းရှိ မြေအောက်သန့်စင် အများစုကို ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့်မြေအောက် သန့်စင်ခန်းအချို့ကိုလည်း ဖျက်သိမ်းရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ဖျက်သိမ်းရန်ကျန်ရှိသည့် မြေအောက် သန့်စင်ခန်းများအား ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လ ၃၁ ရက်နေ့အထိ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ အပြီးဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေအောက် သန့်စင်ခန်းများအား ခရီးသွားပြည်သူများ အလွယ်တကူ အသုံးပြုနိုင်ရန်ဖွင့်လှစ်ပေးခဲ့ သော်လည်း သန့်ရှင်ရေးနှင့် ကျန်း မာရေးဆိုင်ရာထိခိုက်မှုများရှိလာပြီး သန့်စင်ခန်းများအတွင်း လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများနှင့်  မြို့ တော်၏လုံခြုံရေးပိုင်းဆိုင်ရာများ အား ထည့်သွင်းစဉ်စား၍ ဖျက်သိမ်း စေခြင်းဖြစ်ကြောင်း သိရသည်။ မြေအောက်သန့်စင်ခန်းများကို ဖျက် သိမ်းလိုက်သည့်အတွက် ၎င်းတို့ နေရာတွင် မြေပေါ်အများသုံး အဆင့် မြင့် သန့်စင်ခန်းများအားအစားထိုး ဆောက်လုပ်ပေးခဲ့ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တော်တွင် မြေပေါ်အများ သုံးအဆင့်မြင့်သန့်စင်ခန်းစုစုပေါင်း ၂၅ ခုရှိနေပြီဖြစ်ကြောင်း သိရသည်။

''မြေအောက်သန့်စင်ခန်းတွေ အကုန်လုံးကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။  မြေအောက်သန့်စင်ခန်းတွေက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအပြင် လှုမှုရေးပြဿနာ (အဓိကတော့ လိင်ပိုင်းဆိုင်ရာ) တွေပေါ့၊ နောက်ပြီး မြို့တော်ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကို ထည့်စဉ်းစားပြီး  အပြီး ဖျက်သိမ်းမှု ပြုလုပ်စေတာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့မှာ မြေပေါ်သန့်စင်ခန်းတွေသာ ရှိတော့တဲ့အတွက် အပေါ်မှာပြောခဲ့သလို ပြဿနာတွေ မရှိနိုင်တော့ဘူး'' ဟု ဦးသန်းလွင်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တော်တွင် မြေအောက်သန့်စင်ခန်း စုစုပေါင်း ၁၁ ခု ရှိသည့်အနက် ရွှေတိဂုံဘုရားလမ်းပေါ်ရှိ သန့်စင်ခန်းအား ပထမဦးဆုံး ဖျက်သိမ်းကာ မြေပေါ်သန့်စင်ခန်းအဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် အခြားမြေအောက်သန့်စင်ခန်းများအား ဆက် လက် ဖျက်သိမ်းခဲ့ကြောင်း၊ ယခုမတ်လ ကုန်တွင်မူ လသာမြို့နယ်ရှိ မြေအောက်သန့်စင်ခန်းနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ မြေအောက်သန့်စင်ခန်းတို့ ဖျက်သိမ်းခဲ့ကြောင်း၊ သိမ်ဖြူလမ်း၊ စိန်ပေါလ်ကျောင်းအနီးရှိ မြေအောက်သန့်စင်ခန်းမှာမူ ဖျက်သိမ်းမှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

News Eleven မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free