မြန်မာအစိုးရ ဝန်ကြီးတဦး၏ ပထမဆုံးသော နော်ဝေနိုင်ငံ ခရီးစဉ်အဖြစ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေ အစိုးရဝန်ကြီးများနှင့် အော်စလိုမြို့သို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ရာ အလွန်အောင်မြင်သည့် ခရီးစဉ် ဖြစ်ခဲ့သည်ဟု ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူ
ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။

ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre နှင့်
ဒေသတွင်း ဖွံ့ဖြိုးရေးဝန်ကြီး Liv Signe Navarsete တို့နှင့် အင်္ဂါနေ့က တွေ့ဆုံရာတွင် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ စစ်ပြေးဒုက္ခသည် အရေးတို့တွင် နော်ဝေမှ အဓိကထား ကူညီသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ကူညီမှုများပြုလုပ်သွားနိုင်ရန် ဆွေးဆွေးခဲ့ကြသည်ဟုလည်း ဒေါက်တာ ကျော်ရင်လှိုင်က မဇ္ဈိမကိုပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဦးအောင်မင်း နှင့်အတူ ငြိမ်းချမ်းရေးအကျိုးဆောင်များ ဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင် တို့အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး လိုက်ပါသွားခဲ့ကြသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း နော်ဝေနိုင်ငံရှိ NGO များမှ တာဝန်ရှိသူများနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့ ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အကူအညီပေးနိုင်ရန် ဆွေးနွေးလျက်ရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင်
မြန်မာနိုင်ငံသို့ ပြန်လာကြမည် ဖြစ်သည်။

နော်ဝေ အစိုးရ ဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့သည်များနှင့် ခရီးစဉ်အကြောင်းကို သိရှိနိုင်ရန်
ဒေါက်တာကျော်ရင်လှိုင် အား မဇ္ဈိမသတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။

ဆွေးနွေးပွဲမှာ ဆရာတို့ ဘာတွေ ဆွေးနွေးခဲ့တယ်၊ နော်ဝေအစိုးရဘက်က ဘာတုန့်ပြန်တယ်ဆိုတာ ပထမဆုံး သိချင်ပါတယ်။

“နော်ဝေအနေနဲ့ကတော့ အစိုးရကို သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ထဲထဲဝင်ဝင် ကူညီပေးချင်တယ်ပေါ့။ သူတို့ ကတော့ ငြိမ်းချမ်းရေးကို ဦးဆောင်နေတဲ့ ဝန်ကြီး ဦးအောင်မင်းကို သူတို့က သေသေချာချာပြောတယ်။ ဦးအောင်မင်း ကလည်း စစ်ပြေး ဒုက္ခသည်တို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက်ကို အကူအညီတွေ အများကြီးလိုမှာ ဆိုတဲ့အခါကျတော့ ကိုယ်တိုင်လာပြီးတော့ လိုအပ်မယ့် အကူအညီတွေကို ရှင်းပြတာပါ။ ကျနော်တို့ အဓိကပြောဖြစ် တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ Peace Process တွေကို အဓိက ပြောဖြစ်ပါတယ်။ နော်ဝေက အခုဆိုရင် မြန်မာနိုင်ငံအပေါ်ကိုထားတဲ့ စီးပွားရေးပိတ်ဆို့မှု အကုန်လုံးလောက်နီးပါးပေါ့လေ ရုတ်သိမ်းပေးလိုက် တယ်။”

မြန်မာဘက်ကတော့ ဦးအောင်မင်း ဦးဆောင်တယ်ပေါ့။ နော်ဝေဘက်ကကော ဘယ်သူတွေ ပါပါသလဲ။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့အတွက် တခြားဆွေးနွေးမှုတွေ ရှိခဲ့သေးလား။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့တယ်၊ဖွံ့ဖြိုး
ဦးအောင်မင်းကလည်း ပြောပြပါတယ်၊ သမ္မတကြီး အနေနဲ့လည်း အဲဒါတွေကို ဖြစ်စေချင်တဲ့ အတွက် သူ့ကို တာဝန်ပေးပါတယ်ဆိုတဲ့ အကြောင်းပြောပါ တယ်။
တိုးတက်ရေးဝန်ကြီးနဲ့လည်း မနေ့က တွေ့ဖြစ်တယ်ပေါ့။ တနေ့ညမှာတုန်းကတော့ နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီး၊ ဖွံ့ဖြိုးရေးဝန်ကြီး ဒုဝန်ကြီးတို့နဲ့ တွေ့ဖြစ်ပါတယ်။ နော်ဝေနဲ့
မြန်မာနိုင်ငံနဲ့က နော်ဝေဘက်ကသာ လာတာရှိတယ်။
မြန်မာနိုင်ငံဘက်က အစိုးရလူကြီး တယောက်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် လာလည်တဲ့ အကြိမ်လည်း ဖြစ်ပါတယ်။ ဦးအောင်မင်းကလည်း ပြောပြပါတယ်၊ သမ္မတကြီး အနေနဲ့ လည်း အဲဒါတွေကို ဖြစ်စေချင်တဲ့အတွက် သူ့ကို တာဝန်ပေးပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။”

ဆရာတို့ ခရီးစဉ်အတွင်းမှာပဲ နော်ဝေက ပိတ်ဆို့မှုတချို့ ရုတ်သိမ်းကြောင်း ကြေညာတယ်။ ဆရာတို့ ခရီးစဉ်နဲ့ ဘယ်လို ပတ်သက်မှုရှိပါသလဲ။

“နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကလည်း ဦးအောင်မင်းကို ပြောပါတယ်။ သူတို့ ဒီလိုလုပ်ဖို့ အစီအစဉ်ရှိထားပြီးသား။ ဒါပေမယ့် အဲဒီဟာကို နော်ဝေနိုင်ငံကို ဝန်ကြီးဦးအောင်မင်း လာလည်တာကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဝန်ကြီးရောက်တဲ့နေ့ပေါ့။ ရောက်ပြီး ၆ နာရီ ဝန်းကျင်လောက်အကြာမှာ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း ကြေညာပါတယ်။ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကလည်း ပွင့်ပွင့်လင်းလင်းကို ပြောပါတယ်။ ဝန်ကြီးလာမယ့်နေ့ကို တမင်လုပ်တာပါလို့ ပြောပါတယ်။”

ပိတ်ဆို့မှု ရုပ်သိမ်းရတဲ့ အကြောင်းရင်းကကော ဘာဖြစ်မလဲ။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်တာတွေ အားလုံးကိုလည်း သူတို့ အသိအမှတ်ပြုတယ်။ ဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဝင် လူကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာကိုလည်း အားရတယ်ပေါ့။ ကြိုဆိုတယ်ပေါ့။ ဒါတွေအတွက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတယ်ပေါ့။
ရှေ့ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အစိုးရအတွင်းမှာရှိတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာတွေမှာ သူတို့ တတ်နိုင်တာတွေကိုဝင်ပြီး ကူညီပေးဖို့အတွက် လုပ်မယ်လို့လည်း ပြောပါတယ်။”

ခုနပြောတဲ့ ငြိမ်းချမ်းရေး ကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကိစ္စ နော်ဝေက ဘယ်လိုကူညီဖို့ရှိလဲခင်ဗျာ့။

“အခုလောလောဆယ် ကျနော်တို့ ငြိမ်းချမ်းရေးတွေ လုပ်နေကြတယ်။ စစ်ပြေး ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စ ရှိတယ်
ပေါ့။ အစိုးရဘက်ကလည်း တတ်နိုင်သလောက် လုပ်မယ်ဆိုပေမယ့် ကျနော်တို့ တိုင်းပြည်အခြေအနေအရ ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတဲ့အခါကျတော့ နော်ဝေ အနေနဲ့ ဘယ်လိုကူညီပေးမလဲ ဆိုတောတွေ ဆွေးနွေးကြပါတယ်။
နောက်ပြီး နော်ဝေက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတော့ ဘယ်လိုအကောင်းဆုံးဖြစ်မယ် ဆိုတဲ့ဟာကို အစိုးရနဲ့ပေါင်းပြီးတော့ Road Map တခုကို လုပ်မယ်ဆိုတာလည်း ဆွေးနွေးကြတာ တွေ့ရပါတယ်။
ရေတိုလုပ်ငန်းကတော့ စစ်ပြေးဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ လုပ်တော့မယ်။ ရွာတွေ ပြန်ဆောက်ဖို့ သူတို့အတွက်
နေရာထိုင်ခင်းအဆင်ပြေဖို့အတွက် စားဝတ်နေရေး အဆင်ပြေဖို့၊ အလုပ်တွေဘာတွေ ခေါ်ဖို့ အကူအညီပေးဖို့အတွက် သဘောတူညီချက်တွေ ရထားပြီးပါပြီ။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ကော ဆွေးနွေးမှုတွေ ရှိသေးလား။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အခွန်တွေ
ကျနော်တို့ အဓိက ပြောဖြစ်တာကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ Peace Process တွေကို အဓိက
ပြောဖြစ်ပါတယ်။
ဘာတွေ ကောက်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကောက်သင့်
သလဲ။ အခွန်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ တည်
ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်း
တွေ၊ ခရီးသွား လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်အခြေအနေနဲ့ ဒေသတွင်း အခြေအနေကို ကြည့်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကို သူတို့ဘက်ကလည်း အကြံပြုချက်တွေ ပေးမယ်လို့လည်း ပြောပါတယ်။”

ဒါတွေကတော့ သူ့ဘက်က ပေးမှာတွေပေါ့လေ။ ကိုယ့်ဘက်က ပြန်ပေးရတာကော မရှိနိုင်ဘူးလား။

“နော်ဝေ ဝန်ကြီး နှစ်ပါးလုံး ပြောတဲ့အထဲမှာ ကောင်းတဲ့အချက်က ဘာလဲဆိုတော့ သူတို့က သူငယ်ချင်းတယောက် အနေနဲ့ အတွေ့အကြုံကို ဖလှယ်မယ်၊ ဝေမျှမယ်၊ မြန်မာအစိုးရဘက်က တောင်းဆိုလာတဲ့ အကြံဉာဏ်တွေကို သူတို့ဘက်က တတ်နိုင်သလောက် ကူညီမယ်ပေါ့။ ဟိုတုန်းက အနောက်နိုင်ငံကြီးတွေက ကူညီကြပြီဆိုရင် နိုင်ငံငယ်
တွေအပေါ်မှာ သူတို့ဖြစ်စေချင်တာတွေကို ဇွတ်အတင်း လုပ်ခိုင်းတာတွေကို နော်ဝေက ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာလည်း ပြောသွားပါတယ်။”

ဆရာ ခုနပြောတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ခရီးသွား လုပ်ငန်းတွေကကော ဘယ်တော့လောက် အကောင်အထည်ဖေါ်ဖို့ရှိလဲ။

“အသေးစိတ်ကတော့ ကျနော်တို့ ဒီမှာ ဆွေးနွေးဖို့ အချိန်မရှိဘူးလေ။ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းဆုံး ဘယ်လိုလုပ်ရမလဲဆိုတာကို ဦးစားပေးပြီးတော့ လုပ်မလဲဆိုတာမျိုးကိုပဲပြောပါတယ်။ သူတို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုရင်တော့ မြန်မာပြည်မှာ ရှိပြီးသားစနစ်တွေကို ဘယ်လို ကောင်းအောင်လုပ်မလဲ ဆိုတာမျိုးတွေ ကိုတော့ သူတို့ အကြံပေးဖို့ရှိတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို လွှတ်ပြီးတော့ ဆွေးနွေးတိုင်ပင်ကြပါလိမ့်မယ်။ တချို့ဟာတွေက ကျနော်ပြောရတာခက် သူတို့ Date တွေ ဘာတွေ
တော့ ပြောနေပြီ ဒါပေမယ့် သေသေချာချာ ချမှတ်ထားတာ မဟုတ်တဲ့အတွက် ကျနော်မပြောချင်ဘူး။ ဒါပေမယ့်
ပြောနိုင်တာ တခုက သူတို့ အမြန်ဆုံး ဆက်ပြီး ဆောင်ရွက်နိုင်အောင် သူတို့ လုပ်ကြလိမ့်မယ်။ နော်ဝေက ဝန်ကြီးတွေ ကလည်း မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားနိုင်အောင် သူတို့ကြိုးစားမယ်ဆိုပြီးတော့ ပြောလာပါတယ်။”

မြန်မာ ကိုယ်စားလှယ်အဖွဲ့ကကော ဘာတွေ တင်ပြခဲ့ပါသေးလဲ။

“ကျနော်တို့ဘက်ကတော့ ဒီအချိန်မှာ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေတယ်။ နော်ဝေလို နိုင်ငံမျိုးက စီးပွားရေးလည်း အရမ်းကို အောင်မြင်နေတယ်။ ပို့ဆောင်ရေး လုပ်ငန်းတွေလည်း အရမ်းကို စနစ်တကျနဲ့ သွားနေ တယ်။ ထိုနည်းတူစွာပဲ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတတခု ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ နော်ဝေနိုင်ငံ ဆီကနေ သင်ခန်းစာတွေ အများကြီး ယူလို့ရမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ လုပ်ပေးဖို့ အဓိကထား ပြောပါတယ်။ နော်ဝေအနေနဲ့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေက ဘယ်လိုကူညီသင့်တယ်ဆိုတာကို ဝိုင်းပြောပေးဖို့ ပြောပါတယ်။”

နော်ဝေက မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆရာပြောခဲ့တာ ရှိတယ်။ ဆိုတော့ ဒါကိုကော ဘယ်လို ဆက်လုပ် သွားမလဲ။

ဒါတွေအားလုံးကို အဆင်ပြေနိုင်ဖို့ မြန်မာနိုင်ငံမှာ သံရုံးအကြီး
ဟိုတုန်းက ပြောတယ်ဆိုရင် အန်တီ့ အကြောင်းကိုပဲ
အဓိက ထားပြီးပြောတယ်။ အစိုးရအကြောင်းကို ဘယ်သူမှလည်း မပြောချင်ဘူး။ အခုက မြန်မာနိုင်ငံရဲ့
ခေါင်းဆောင်တွေပဲ ဆိုပြီးတော့ အားလုံး အုပ်စုတစု ထဲမှာထားပြီးတော့ပြောတာ တွေ့ရတဲ့အတွက်
နိုင်ငံရဲ့ Imageဟာ တော်တော်ကြီးကို ကောင်းလာ တယ်။

တော့မဟုတ်သေးဘူး ယာယီသံရုံးတခု စပြီး ဖွင့်တော့မယ်။ အဲဒါမျိုးသူတို့လုပ်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ ဦးအောင်မင်းကို
ပြောပြီးပါပြီ။ တဖြည်းဖြည်းနဲ့တော့ ဆက်ဆံရေးက ပိုပြီးမြင့်
လာဖို့ အလားအလာတွေ ရှိတာပေါ့။

ဆရာတို့ ခရီးစဉ် အောင်မြင်တယ်လို့ ပြောနိုင်မလား။

“အတိုင်းထက်အလွန်ပါပဲခင်ဗျာ့။ ကျနော်တို့ ရောက်လာတယ်။ ကျနော်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အနေနဲ့ အခုကလည်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးမှာဆိုတော့ ကျနော် လိုက်လာဖြစ်တာပါ။ အရင်တုန်းကဆိုရင်တော့ ဒီလို ခရီးစဉ်မျိုးကို ကျနော် ကိုယ့်ဟာကိုယ် လာဖူးပါတယ်။ အဲဒီအခါတွေမှာ ကြည့်လိုက်ရင် ပွင့်ပွင့်လင်းလင်းပြောရရင် မျက်နှာငယ်ရတဲ့ အပိုင်းပေါ့။ ဒါပေမယ့် အခုကျတော့ ပြောင်းပြန်ဖြစ်သွားပြီ။ ကျနော်တို့ မြန်မာနိုင်ငံက အစိုးရလူကြီး တယောက်နဲ့ စကားပြောခွင့်ရတယ် ဆိုတာကိုတည်းက သူတို့က ဂုဏ်ယူစရာဖြစ်နေတယ်။ NGO ခေါင်းဆောင်တွေက အစပေါ့။ သမ္မတကြီးကော ဘယ်တော့လာမှာလဲ။ ဒါမျိုးတွေကအစ သူတို့မေးလာကြတယ်။ အန်တီ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ ဖိတ်ချင်တယ် ဒါမျိုးတွေ ပြောတယ်။ ဟိုတုန်းက ပြောတယ်ဆိုရင် အန်တီ့ အကြောင်းကိုပဲ အဓိက ထားပြီးပြောတယ်။ အစိုးရအကြောင်းကို ဘယ်သူမှလည်း မပြောချင်ဘူး။ အခုက
မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေပဲ ဆိုပြီးတော့ အားလုံး အုပ်စုတစုထဲမှာ ထားပြီးတော့ ပြောတာ တွေ့ရတဲ့အတွက်
နိုင်ငံရဲ့ Image ဟာ တော်တော်ကြီးကို ကောင်းလာတယ်။ မြန်မာဆိုတာဖြစ်ရတာ မျက်နှာငယ်စရာ မရှိတော့ဘူးဆိုတဲ့ ဟာကို သူတို့အနေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်တဲ့အတွက် အဲဒါကိုတော့ အောင်မြင်မှုတခုလို့ ကျနော် မြင်ပါတယ်။”

“ရေရှည်မှာ ကျနော်တို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ လိုအပ်မယ့် အကူအညီတွေကတော့
နော်ဝေလို နိုင်ငံကနေ ရဖို့ဆိုတာကတော့ တော်တော်ကြီး သေချာသလောက် ရှိပါတယ်။”


Mizzima မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free