ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အကြားတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များသည် မကြာမီကျောင်းဖွင့်ကာလရောက်ရှိေ
တာ့မည်ဖြစ်သည့်အတွက် ယင်းတို့၏ သားသမီးများပညာရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း
ကချင်ပြည်နယ်တွင်း အကူအညီပေးရေးလုပ်ငန်းများလုပ်ကုင်နေသူများကပြောကြားသည်။

“မကြာခင်ကျောင်းတွေဖွင့်တော့မယ်။ ကျောင်းအပ်ဖို့ပိုက်ဆံမတတ်နိုင်ကြလို့သူတို့တော်တော် စိတ်ပူနေကြပြီ”ဟု ကချင်စစ်ဘေးဒုက္ခသည်များကိုအကူအညီပေး နေသည့်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က တာဝန်ရှိ သူတစ်ဦးကပြောသည်။ မြစ်ကြီးနား၊၀ိုင်းမော်မြိ့များတွင်ရှိသော စခန်းများမှ ကျောင်းသားများမှာ စခန်းနှင့်နီးသော အခြေခံပညာမူလတန်း၊အလယ် တန်းနှင့်အထက်တန်းကျောင်းများတွင် တက်ရောက်နိုင်သော်လည်း မြို့နှင့်မနီးသောနေရာများတွင် ရှိသောစခန်းများတွင်မူ ပညာရေးအဆက်မပြတ်အောင်စေတနာ့ဝန်ထမ်းများက သင်ကြားပေးခြင်းများသာရှိကြောင်း ကချင်စစ်ဘေးဒုက္ခသည်စခန်း များထံမှသိရသည်။

“ကျောင်းဖွင့်ပြီဆိုတာနဲ့ ဘာကြေးညာကြေးတွေပေးရ တော့ မိဘတွေကိုယ်တိုင်က စစ်ပြေးနေရတော့ ပိုက်ဆံမရှိဘူးလေ။ မပေးနိုင်တော့ တချို့ကျောင်း
သားတွေဆို ဆက်မတက်နိုင်လို့ ကျောင်းထွက်တာတွေရှိတယ်”ဟု ကချင်စစ်ဘေးဒုက္ခသည်များကို ကူညီနေသူတစ်ဦးကပြောသည်။ ကချင်ပြည်နယ်အတွင်း ဖြစ်
ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်း ရှောင်သူများထဲတွင် ဒုက္ခသည်စခန်းများ၌နေထိုင်နေရသူများတွင် အမျိုးသမီးနှင့် ကလေးငယ် များမှာ အများစုဖြစ်ပြီး ထိုအထဲတွင်ကျောင်းနေအရွယ် ကလေးငယ်များစွာပါဝင်ကာ တစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သောကြောင့်ပညာရေးတွင် နှောင့်နှေးမှုများရှိ ကြောင်း အကူအညီပေးနေသော အဖွဲ့အစည်းများက ပြောကြားသည်။

“ဘယ်လိုဖြစ်နေလဲဆိုတော့ကချင်ကလေးတွေက မြန်မာလိုသင်တဲ့ကျောင်းတွေမှာ စာသိပ်မလိုက်နိုင်ဘူး”ဟု ဒုက္ခသည်ခြောက်ရာကျော်ကို စောင့်ရှောက်ထား သောဂျန်မိုင်ကောင်း(မြစ်ကြီးနား) စခန်းမှ ဦးအောင်မြတ်က ပြောကြားသည်။နွေရာသီကျောင်းပိတ်ကာ လတွင် စစ်ဘေးဒုက္ခသည်စခန်းများတွင် သက်ဆိုင်ရာဘာသာရေး အဖွဲ့များ၊ ဘုရားကျောင်းများ တွင် စာသင်ကြားပို့ချခြင်းများရှိ သော်လည်း ဇွန်လဆန်းတွင် ဖွင့်လှစ်တော့မည့် ကျောင်းများတွင် အပ်နှံကာပညာဆက်လက်သင်
ယူနိုင်ရေးအတွက်မူ စခန်းအများစုတွင် အခက်တွေ့နေဆဲဖြစ်ကြောင်းအကူအညီပေးနေသူများကပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တွင် ၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်ကတည်းက မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)တို့အကြား
တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ လတ်တလော မဖြစ်နိုင်သေးဘဲရှိသည်။


7day news မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free