ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာနသည် ယခု ဘဏ္ဍာနှစ်အတွင်း ရရှိသော ခွင့်ပြု ဘဏ္ဍာငွေ ထဲမှ လက်ရှိ အသုံးပြုနေသော သက်တမ်းကြာ အမှိုက်သိမ်းယာဉ်များကို ယခုနှစ်အတွင်း လဲလှယ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ဝန်ကြီး ဦးလှမြင့်က ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် လွှတ်တော် အထူး အစည်းအဝေးတွင် ပြောကြားသည်။

“အခုလက်ရှိ ယာဉ်တွေထဲက ၂၃၄ စီးကို အဆင့်လိုက် လဲဖို့ ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့ သော်လည်း မည်ကဲသို့ လဲလှယ်ပေးမည် ဆိုသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

၂၀၁၀-၁၁ ဘဏ္ဏာနှစ်အတွင်း အမှိုက်သိမ်းယာဉ် ၂၆၇ စီး ရှိခဲ့ပြီး ယင်းနှစ်တွင်ပင် စီးရေ ၁၆၇ စီးအား အကြီးစား မှသည် အသေးစား အထိ ပြင်ဆင် ပေးခဲ့သည်သာမက ယာဉ်စီးရေ ၆၀ စီး ကိုပါ ထပ်မံ ဖြည့်ဆည်း ဝယ်ယူခဲ့ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

ရန်ကုန်မြို့ တော် စည်ပင် နယ်နိမိတ်အတွင်း မြို့ နယ် ၃၃ မြို့ နယ်၊ ရပ်ကွက် ၆၃၀ နှင့် ကျေးရွာ ၄၈ ရွာအတွက် ယင်းဌာန အနေဖြင့် လက်ရှိ အမှိုက်သိမ်းယာဉ် ၂၉၄ စီးအပြင် အမှိုက်သိမ်းလှည်း ၆၅၉ စီးဖြင့် အမှိုက် သိမ်းဆည်း ခြင်းများ ဆောင်ရွက် နေသည်။

The Voice မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free