ရန်ကုန်မြို့တွင်ဂုံးကျော်တံ တားကြီး လေးစင်းတည်ဆောက် ရန်ရှိရာတွင် တစ်ခုအပါအ၀င်ဖြစ် သောလှည်းတန်းဂုံးကျော်တံတား ကို ဖေဖော်ဝါရီလ ပထမအပတ် မှစ၍ စတင်ခဲ့ကြောင်းသိရပြီး ၄လ အတွင်းအပြီးသတ်နိုင်ရန် မှန်းထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းအပြီး သတ်နိုင်မည့်ရက်ကို အတိအကျ မခန့်မှန်းနိုင်သေးဟု စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးပြောကြားချက် အရသိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်နေမှုအပိုင်းနှင့်ပတ်သတ် ၍ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ်္ပဏီမှ စီမံကိန်းမန်နေဂျာ ကိုအောင်ခိုင်မြင့်က စီမံကိန်း လည်ပတ်နေမှုများကို ရှင်းလင်း ပြောပြရာ““ အခက်အခဲအပိုင်းအ နေနဲ့ မြေအောက်ကြိုးများ တယ်လီဖုန်းကြိုးများ မီးကြိုးများ ရေသန့်လိုင်းများကို ကနဦးအနေ နှင့် လွတ်ကင်းအောင်ဖယ်ရပါ တယ်။ ကားလမ်းအနေနှင့် အလယ်တွင် တံတားထိုးမည်ဖြစ် ပြီး ဘေးတွင်ကားလမ်းနှစ်လမ်း ပါရှိမည်ဖြစ်သည်။ ကားလမ်း သွားဖို့အတွက် အလယ်ဘိုးပိုင် တိုင်များတည်ဆောက်ဖို့အတွက် ရေမြောင်းများကို ဖယ်ရှားရှင်း လင်း၍ ကားလမ်းကို တိုးချဲ့ရပါ တယ်။ လောလောဆယ်တွင် အဆိုပါစီမံကိန်းနှင့်မလွတ်သော ကြိုးများ ရေနှုတ်မြောင်းများကို ဖယ်ရှားပြီး လုပ်ငန်းခွင်လည်ပတ် နေရကြောင်း ပြောဆိုပါတယ်။
မကြာမီတွင် မိုးရာသီကာလ သို့ ရောက်ရှိလာတော့မည်ဖြစ်သ ဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းများကို မူလအစက(၄) လအတွင်း အပြီးသတ်တည် ဆောက်နိုင်မည်ဟု မျှော်မှန်းခဲ့ သော်လည်း လုပ်ငန်းခွင်လည် ပတ်ရာတွင် မမျှော်လင့်ထား သည့်အခက်အခဲများကြောင့် လုပ်ငန်းအပြီးသတ်နိုင်မည့်ရက် အတိအကျကို မခန့်မှန်းနိုင်သေး ကြောင်း ပြောဆိုလာပြီး လက်ရှိ ဂုံးကျော်တံတား စီမံကိန်းလေးခု တွင် လှည်းတန်းဂုံးကျော်တံတား တစ်စင်းကိုသာ အကောင်အ ထည်ဖော်ဆောင်ရွက်လျှက်ရှိ ကြောင်း သိရပါတယ်

Hot News မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free