မတ်လ ၂၉ ရက် ရက်စွဲနှင့် စာအမှတ် (၂) ၄/ ရကပ/ ကမရ ဖြင့် ပြည်ထဲရေး ၀န်ကြီး ဌာန၊ ကာကွယ်ရေး ၀န်ကြီး ဌာန၊ ပြန် ကြားရေး ၀န်ကြီးဌာနတို့ကို အကြောင်းထားသော၊ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်၏ စာအရ  ကြားဖြတ်ရွေး ကောက်ပွဲ ရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့ နယ်၊ ခရိုင် ကော်မရှင် အဖွဲ့ခွဲ များထံမှ လုံးဝ ရယူခွင့် မပြုကြောင်း ထုတ်ပြန် ထားပါသည်။
ရွေးကောက်ပွဲ ရလာဒ်ကို တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင် အဖွဲ့ခွဲများ၏ အတည်ပြု စာရင်းကိုသာ ရယူကြရန်သာ ဖြစ် ကြောင်း စာထဲတွင်ရေးသား ထားပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သတင်း တပ်ဖွဲ့ စရဖ အပါအ၀င် သတင်း ရယူလိုသော အဖွဲ့အစည်းများ အနေဖြင့် မဲရုံ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ကော်မရှင် ခွဲများထံမှ ကြား ဖြတ် သတင်းရယူလိုပါက မဲရေတွက်ခြင်း လုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့်အပြင် အချက်အလက်ကိန်း ဂဏန်းများ မှားယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
Statement
ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲ ရလဒ် အခြေအနေ များကို သိရှိလိုပါက တိုင်းဒေသကြီး /ပြည်နယ်ကော်မရှင် အဖွဲ့ရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဆက်လက် ညွှန်ကြား ကြပ်မတ်ပေးပါရန် အကြောင်း ကြားပါသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကိုယ်စား တစ်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ် ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်၊ မဲမသမာမှုပေါင်းများစွာ ရှိနေသည်ကို ထိရောက်စွာ ဖြေရှင်းမပေးဘဲ၊ တမင်လွှတ်ထားသလိုဖြစ်နေပါသည်။ အဆင့်ဆင့် ကော်မရှင်များကို တိုင်ကြား ခဲ့သော်လည်း တုန့်ပြန်မှု မရှိကြောင်း မဲဆန္ဒရှင်များက ပြောပါသည်။
ရွှေဟင်္သာသတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free