မိုဘိုင်းဖုန်းဆင်းမ်ကတ် (Sim Card) ပျက်စီး၊ ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားသည့် နှုန်းထားအား ယခင်ကျပ်ငါးသောင်းမှ ယခုအခါ ကျပ်နှစ်သောင်းသို့ ထပ်မံလျှော့ချ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ပြန်လည်လျှောက်ထားမှုအား ကျပ်နှစ်သောင်းသို့ လျှော့ချသတ်မှတ်ပေးရာတွင် ကျပ်ငါးသိန်းတန်ဖုန်းများ၊ ကျပ် ၁၅ သိန်းတန်ဖုန်းများတွင်သာမက ယခုထပ်မံ ချထားပေးလျက်ရှိသည့် ကျပ်နှစ်သိန်းတန် ဖုန်းများလည်း ပါဝင်ကြောင်း သိရသည်။ “Elite က အရင်ရောင်းခဲ့တဲ့ ကျပ်ငါးသိန်းတန် CDMA 800 MHz၊ CDMA 450 MHz နဲ့ GSM ဖုန်းတွေကိုတော့ ကျွန်တော်တို့ဆီမှာပဲ ပြန်လာလျှောက်ရမယ်။ အခု ကျပ်နှစ်သိန်းနဲ့ ချထားပေးမယ့် ဖုန်းတွေကိုလည်း ကျွန်တော်တို့ဆိုင်နဲ့ ကိုယ်စားလှယ်ဆိုင်တွေက ဝယ်ထားတာဆိုရင် Elite မှာပဲ လာပြန်လျှောက်ရမယ်။ တခြားကုမ္ပဏီတွေက ဝယ်ထားတယ်ဆိုရင်လည်း ဝယ်တဲ့ဆီမှာပဲ ပြန်လျှောက်ရမယ်။ ဆက်သွယ်ရေးက ဝယ်ယူထားတာဆိုရင်လည်း ဆက်သွယ်ရေးမှာပဲ ပြန်လျှောက်ရမယ်။ Sim Card အပျက်ဖြစ်ဖြစ်၊ ပျောက်ဆုံးတာပဲဖြစ်ဖြစ် ဝယ်ထားတဲ့စာချုပ်နဲ့ ကတ်ပျက်တာဆိုရင် ကတ်အပျက်နဲ့ ပြန်လျှောက်ရမယ်။ နယ်ကဆိုရင် အသွားအပြန်ရှိတဲ့အတွက် တစ်ပတ်လောက် ကြာမယ်။ ရန်ကုန်ကဆိုရင် နှစ်ရက်အတွင်း ကတ်အသစ် ပြန်လဲပေးပါတယ်” ဟု Elite Tech Service မှ Executive Director ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။ အဆိုပါ မိုဘိုင်းဖုန်းဆင်းမ်ကတ် ပျက်စီး၊ ပျောက်ဆုံးမှုများအား ယခင်က ကျပ်တစ်သိန်း သတ်မှတ်ထားရာမှ ကျပ်ငါးသောင်းသို့ လျှော့ချသတ်မှတ်ပေးခဲ့ပြီး ယခုအခါ ကျပ်နှစ်သောင်းသို့ ဧပြီလ ၃ ရက်နေ့၌ ထပ်မံလျှော့ချလိုက်ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free