အသစ်ပြင်ဆင်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်နိုင်ငံခြားသား လုပ်ငန်း ရှင်များ လာရောက်မြှုပ်နှံရာ၌ မြှုပ်နှံခွင့်ပြုသည့် သက်တမ်းအား ယခင်ကထက် နှစ်ပေါင်း ၂၀ အထိ တိုးမြှင့်ပေးထားကြောင်း သတင်းရရှိသည်။ ယခင်က ကနဦး မြှုပ်နှံမှုအတွက် နှစ် ၃၀ နှင့် နောက်ထပ် ၅ နှစ် သက်တမ်း ၄ ကြိမ်း အထိ တိုးကာ မြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး ယခုပြင်ဆင် ထားချက်အရ ကနဦး မြှုပ်နှံမှုအတွက် သက်တမ်းအား နှစ် ၅၀ နှင့် နောက်ထပ် ၁၀ နှစ် သက်တမ်း ၂ ကြိမ် စုစုပေါင်း နှစ်ပေါင်း ၇၀ အထိတိုး ကာ မြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ အခွန်ကင်းလွတ်ခွင့်အနေဖြင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် လုပ်ငန်းစတင်သည်မှ ၃ နှစ်အထိ ၀င်ငွေခွန်ကင်းလွတ်ခွင့် ပြုထားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခု ပြင်ဆင်ထားချက်များအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ၀င်ငွေခွန်ကင်းလွတ်ခွင့်အား လုပ်ငန်းစတင်သည်မှ ၅ နှစ်အထိ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှ ၂၀၁၂ ဖေဖော်ဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော် အထိ ရောက်ရှိလာကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free