ဥရောပသမဂ္ဂ(အီးယူ)သည် မြန်မာ့နိုင်ငံ ရေးအပြုသဘောဆောင် ကူးပြောင်းလာမှုကို အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာ နိုင်ငံအပေါ် ကာလကြာမြင့်စွာ စီးပွားရေးအရ ပိတ်ဆို့ထားမှုများကို ခေတ္တဆိုင်းငံ့လိုက်ကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ အတွက် ကူညီထောက်ပံ့ရန် ယူရိုသန်း ၂၅၀ သတ်မှတ်ထားကြောင်း အီးယူ၏ အဆင့်မြင့်ကိုယ်စားလှယ် မစ္စကက်သရင်း အဲရှ်တန်က ဧပြီလ ၂၃ ရက်နေ့က လူဇင်ဘတ်တွင်ပြုလုပ်ခဲ့သည့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေး နွေးပွဲတွင် ပြောကြားသည်။
"ဒီကနေ့ လက်ရှိမြန်မာ့နိုင်ငံရေးတိုး တက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအချို့ ကတည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲလာ မှုတွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အမျိုးသား သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို တွေ့မြင်ခဲ့ ပါတယ်။ ဒီတိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အီးယူ-မြန်မာ ဆက်ဆံရေး ကဏ္ဍသစ်ကိုဖွင့်လှစ်ဖို့ ဆုံးဖြတ်ပြီး အခုလို စီးပွားရေးပိတ်ဆို့မှု တွေကို ခေတ္တဆိုင်းငံ့လိုက်တာဖြစ်ပါ တယ်။ ဒါပေမယ့် စစ်လက်နက်ရောင်းချ ပေးမှုကိုတော့ ဆက်လက်ပိတ်ပင်ထား မှာဖြစ်ပါတယ်"ဟု မစ္စကက်သရင်းအဲရှ်တန်က အဆိုပါ အစည်းအဝေး တွင် ပြောကြားခဲ့သည်။
"မြန်မာအစိုးရအနေနဲ့ လက်ရှိနိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ရှေ့ဆက်ဆောင်ရွက်မှုတွေကို တွေ့ချင်ပါတယ်။ အထူးသဖြင့်တော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ် ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးစုပဋိပက္ခ ဖြေရှင်း ပေးဖို့ ဖြစ်ပါတယ်။ ကျွန်မ နားလည်ထားမှုအရဆို မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၇၀၀ လောက် နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နောက်ထပ်နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀ နဲ့ ၆၀၀ ကြား လောက်လွှတ်ပေးဖို့ ကျန်ရှိနေပါသေးတယ်" ၎င်းက ပြောသည်။
ထို့ပြင် အီးယူသည် မြန်မာ့နိုင်ငံရေးအသွင် ကူးပြောင်းရေးလုပ်ငန်း၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားမည်ဟု၎င်းကပြောသည်။
"အီးယူအနေနဲ့ နိုင်ငံရေးသာမက စီးပွားရေးနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ကူညီထောက်ပံ့ပေးဖို့ အဆင်သင့်ပါ။ ကျွန်မတို့မှာ နဂိုသတ်မှတ် ထားတဲ့ငွေ ပမာဏအပြင် ထပ်လောင်းငွေ ထက်ဝက်ပေါင်း ယူရိုသန်း ၁၅၀ ရှိပါတယ်။ နောက်လများအကြာမှာတော့ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး လူထု အဖွဲ့အစည်းတွေနဲ့ တခြားလုပ်ငန်းစဉ်တွေ အတွက် ယူရိုသန်း ၁၀၀ သုံးနိုင်ပါမယ်"ဟု မစ္စကက်သရင်းအဲရှ်တန်က ပြောသည်။
ထို့ပြင် အီးယူသည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များဖြစ်သည့် ရွေး ကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့မှု၊ မြန်မာ နိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများကို အားပေးကူညီမည်ဖြစ်သည်။

မြန်မာတိုင်းမ်မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free