တချိန်က မြန်မာ့ဒီမိုကရေစီ အင်အားစုဘက်မှ ပြတ်ပြတ်သားသား ထောက်ခံ့ခဲ့သော အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေး ပြောင်းလဲလာပုံကို ရန်ကုန်နှင့် နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လျို့ဝှက်ကြေးနန်းများက ဖော်ပြ
နေသည်။

ဝီကီလိခ်မှ ၂ဝ၁၁ ခု သြဂုတ်လအတွင်း ပေါက်ကြားလာသည့် အမေရိကန်သံရုံး နှစ်ခုက ဝါရှင်တန် အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော ၂ဝဝ၄၊ ၂ဝဝ၇ ခု ကြေးနန်းများတွင် နှစ်ဘက် နိုင်ငံရေးနှင့် စီးပွားရေးအရ တိုးတက်လာမှုကို ထင်ဟပ်နေသည်။

“စစ်အစိုးရနဲ့ ဆက်ဆံတာဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လက်တွေ့ကျတယ်လို့ အိန္ဒိယအစိုးရက ယူဆတယ်။ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့သူက နအဖ နံပတ် နှစ် ဗိုလ်ချုပ်ကြီး မောင်အေး
ဖြစ်တယ်” ဟု ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်သံရုံး ကြေးနန်း၌ သိရှိချက်ကို ဖော်ပြထားသည်။
mgaye
အိန္ဒိယအစိုးရသည် ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုဘက်မှ ရပ်တည်ကူညီခဲ့ပြီး ၁၉၉၂ ခုတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချရေး အထိပင် တောင်းဆို ခဲ့ဖူးသော်လည်း တရုတ်က မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် ကြိုးစားနေမှု၊ သူ၏ အရှေ့မြောက်ဖက် ပြည်နယ် သူပုန်များကို
နှိမ်နှင်း ရန်နှင့် ယင်းပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးစေရန် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ပြောင်းလဲလာခဲ့သည်။

“အစိတ်စိတ် မြွှာမြွှာဖြစ်နေတဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တခုကိုဖြစ်စေမယ့် ညီညွတ်မှုကို မတည်ဆောက်နိုင်ဘူး။ တည်ဆောက်လိုစိတ် မရှိကြဘူးလို့ ထင်တယ်။ အဲဒါက နိုင်ငံမှာ စစ်တပ်ကို စုစည်းမှု အရှိဆုံး နိုင်ငံရေးအင်အားစု ဖြစ်လာစေပြီး အာဏာကို ဆက်ကိုင်သွားစေနိုင်တာပဲ” ဟု အိန္ဒိယ သံတမန် တဦး၏ ပြောကြားချက်ကို ကိုးကားပြီး ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက်ရက်စွဲတပ် ကြေးနန်းတွင် ဖော်ပြထားသည်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယ ဒုတိယသမ္မတ Krishan Kant ၏ ဖိတ်ကြားချက်အရ ဒုဝန်ကြီးချုပ်၊
နိုင်ငံခြားရေး၊ စက်မှု၊ အခွန် ဘဏ္ဍာ၊ သိပ္ပံနှင့် နည်းပညာ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးတို့ လိုက်ပါလျက် ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှုဖြစ်အပြီး ၁၂ နှစ်အတွင်း ပထမဆုံး လည်ပတ်သော မြန်မာ အဆင့်မြင့်ဆုံး ခေါင်းဆောင်အဖြစ် ၂ဝဝဝ ခု နိုဝင်ဘာ ၁၄ မှစ၍ ၈ ရက်ကြာ သွားရောက်ခဲ့သည်။

နှစ်နိုင်ငံနယ်စပ် အရှည် မိုင် ၉၉ဝ ကျော်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်နေသည့် အရှေ့ မြောက် ပြည်နယ် သူပုန်များကို ပူးပေါင်းနှိမ်နင်းရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ စီးပွားရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး အိန္ဒိယ အစိုးရထံမှ
ချေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းရနိုင်ရန်လည်း လက်မှတ် ထိုးခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရာနက် မူကာဂျီ Mr. Pranab Mukherjee သည် ၂ဝဝ၇ ခု ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၃ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မည်သည့် သဘောတူညီချက်မျှ
မရှိကြောင်း အိန္ဒိယသံတမန်က ရန်ကုန် အမေရိကန် သံအရာရှိကို ပြောသည်ဟု ကြေးနန်းက ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ  ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖြုတ်ချပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ်
အဖြစ် ၂ဝဝ၄ ခု အောက် တိုဘာလ ၂၄ မှ ၆ ရက်ကြာ သွား ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အပြီး အောက်တိုဘာ
၂၉ ရက်တွင် နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက် အတွင်း “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ အမြန်ပြောင်းလဲနိုင်ရေး” တို့ ထည့်သွင်းခဲ့ကြောင်း နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံး၏ ၂ဝဝ၄ ခု နိုဝင်ဘာ
 ၂ ရက် ကြေးနန်းတွင် ပါရှိသည်။

“ပိတ်ဆို့ အရေးယူခြင်းသည် မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင် ဘဲ စေ့စပ် ဆွေးနွေးသည့်နည်းဖြင့်သာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်စေနိုင်မည်” ဟု အိန္ဒိယ၏ အမြင်ကိုလည်း ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် သည့်ထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းချက်ကို “ဒီမိုကရေစီကို
အောက်ခြေမှစ၍ တည်ဆောက်မှသာ ဖြစ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှု၊ အားကစား စသည့်ကဏ္ဍများမှ ဆက်စပ်ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးသွားမည်” ဟု အိန္ဒိယ အဆင့်မြင့် သံတမန်က
ဖြေကြားသွားသည်။

အိန္ဒိယနိုင်ငံသည် သူ၏ စီးပွားရေးနှင့် လုံခြုံရေးကို အဓိကထားပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့လာရာ
နအဖ နံပတ် ၂ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ဝဝ၈ ခု ဧပြီ ၂ ရက်မှစသည့် ၅ ရက် တာ အိန္ဒိယခရီးစဉ်တွင် ရခိုင်ပြည်နယ် စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ချင်းပြည်နယ် ပလက်ဝမှ မီဇိုရမ်ပြည်နယ်သို့ အဝေးပြေးလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည့် ကုလားတန်မြစ် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို လက်မှတ်ထိုးနိုင်ခဲ့သည်။

၂ဝ၁၃ ခု တွင်ပြီးစီးမည်ဟု ကနဦးက ခန့်မှန်းထားခဲ့သော စီမံကိန်းအတွက် အိန္ဒိယက ခန့်မှန်း အမေရိကန် ဒေါ်လာ ၁၃၂ သန်း ကုန်ကျခံမည် ဖြစ်သည်။ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များ ပလက်ဝ၊ စစ်တွေတို့ မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ဖြစ်သည်။

တဘက်တွင်လည်း ၂ဝဝ၁ ခု ဖေဖော်ဝါရီတွင် ဖွင့်လှစ်ခဲ့သော မဏိပူပြည်နယ် မိုးရေးမှ စစ်ကိုင်းတိုင်း ကလေးဝမြို့
ထိ ၉၉ မိုင်ရှည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမသည် မန္တလေး၊ မြဝတီတို့မှ တဆင့် ထိုင်းနိုင်ငံသို့ ပေါက်မည်
ဖြစ်ကာ အိန္ဒိယ–အာဆီယံ ကုန်သွယ်မှုတွင် အရေးပါလာမည် ဖြစ်သဖြင့် အိန္ဒိယဘက်က ဆက်လက် တိုးချဲ့လို
နေသည်။



Copy From Mizzima
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free