လွန်ခဲ့တဲ့တပတ်အတွင်း မြန်မာသတင်းများတွင် လူပြောများခဲ့တဲ့ မြန်မာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူဖို့ တောင်းခံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သို့သော သို့လော ဖြစ်နေကြစဉ် ထိုသတင်း မှန်ကန်ကြောင်း ရန်ကုန်အခြေစိုက် အလဲဗဲန်းမီဒီယာ အင်တာနက်စာမျက်နှာတွင် မေ ၁၀ ရက်နေ့က ရေးသားထားပါတယ်။ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ စင်ကာပူနိုင်ငံကို သွားရောက် ကျန်းမာရေး စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခွင့်ပြုရန် မေလ ၃ ရက်နေ့က မြန်မာသမ္မတနဲ့ အစိုးရတာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပါတယ်။ ထိုသတင်းကို ပြည်ပ မြန်မာရေဒီယိုများနဲ့ မီဒီယာများက ထုတ်လွှင့် ဖော်ပြခဲ့ကြပေမယ့် မြန်မာအစိုးရဘက်က အတည်မပြုခဲ့ပါဘူး။ သို့သော် ပြည်တွင်း ဂျာနယ်၊ စာစောင်များတွင် ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူတဲ့ကိစ္စ ဖော်ပြခြင်း မပြုဖို့ သက်ဆိုင်ရာက အသိပေးခြင်း၊ ဖော်ပြတဲ့ ဂျာနယ်တစောင်ကို သတိပေးခြင်းများ ပြုလုပ်လာခဲ့ပါတယ်။ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ စစ်ဝါဒီသမားတဦးဖြစ်ပြီး စစ်တပ်ဗိုလ်ကျ စိုးမိုးရေးဝါဒ လိုလားသူတဦးဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေရဲ့ အစီအမံနဲ့ စစ်သား လွှတ်တော်ကိုယ်စားလှယ်များက သူ့ကို ဒု သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြဟန် တူပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ လက်စွဲတော်၊ လက်မရွံ့ဝန်ကြီးများရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦး ကိုယ်တိုင်က သမ္မတ ဦးသိန်းစိန်ကို ရုပ်ပြအဖြစ်ထားကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်ကိုင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်အောင် ကြံဆောင်ဖို့ စဉ်းစားထားပုံ ရပါတယ်။ အဲဒီကတဆင့် စီးပွားရေး ပိတ်ဆို့မှု လျော့ကျအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေပုံ ပါ။ ရာထူး တည်မြဲဖို့အတွက်ကိုတော့ စစ်တပ်ကို ကျောထောက်နောက်ခံပြုနိုင်မယ်လို့ တွေးထင်ထားတယ် ထင်ပါတယ်။ သို့သော်လည်း ဦးသိန်းစိန်က သမ္မတ အကြံပေးအဖွဲ့ကို အားပြု၊ ဦးရွှေမန်းက လွှတ်တော်ကို ချုပ်ကိုင်ထားစဉ် ယခင်က နံပါတ် ၄ နေရာမှာ ရှိခဲ့တဲ့ ဦးတင်အောင်မြင့်ဦးကတော့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြုမှုကို မရခဲ့ပါဘူး။ နောက်ပြီး အာဏာပိုင်တွေရဲ့ အဆင့်မြင့် ဆွေးနွေးပွဲများအတွင်း ဦးတင်အောင်မြင့်ဦးရဲ့ အရေးပါမှု လျော့ကျလာခြင်းဟာ အခုလို ရာထူးက နှုတ်ထွက်ဖို့အတွက် လုံလောက်တဲ့ အကြောင်းတခု ဖြစ်ပါလိမ့်မယ်။ မြန်မာအစိုးရကတော့ မှော်ဘီတွင် ဒုလ္လဘရဟန်း ၀တ်နေတဲ့ ဦးတင်အောင်မြင့်ဦးကို ဒု သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းနေကြကြောင်း၊ ထိုသို့ တိုက်တွန်းနေချိန်မှာပဲ ဦးတင်အောင်မြင့်ဦးရဲ့ ရာထူးကို အစားထိုးရန် ပြင်ဆင်နေကြောင်း အတည်မပြုရသေးတဲ့ သတင်းများအရ သိရပါတယ်။

ယနေ့မြန်မာမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free