မန္တလေးမြို့တော်တွင် ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသည့် သရုပ်ဖော်ပုံစံ ပြန်လည် ပြသခဲ့သော အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် မလေးရှားနိုင်ငံသား လေးဦးကို ခရီးသွားဗီဇာပါ အချက်များကို ချိုးဖောက်မှုဖြင့် ယနေ့ညနေပိုင်းတွင် နယ်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း မန္တလေးဟိုတယ် အသိုင်းအ၀ိုင်းအတွင်းမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော် တွင် ဖယောင်းတိုင်မီးထွန်းကာ လျှပ်စစ်မီးတောင်းဆို ဆန္ဒပြပွဲများ ရပ်ဆိုင်းအပြီး တစ်ရက် အကြာ နန်းမြို့ကျုံးဘေး ၂၆လမ်းပေါ်ရှိ အမေရိကန် Jefferson စာကြည့်တိုက်ရှေ့ တွင် မေလ ၂၄ ၌ ထိုသို့ Performance သရုပ်ဖော်ပြကွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနိုင်ငံခြားသားများ သည် ယခုလတ်တလောတွင် မင်းကွန်းပန်းချီပြခန်းအနီး သို့ရောက်ရှိနေပြီး ၄င်းတို့ကို တာဝန်ရှိသူ အာဏာပိုင် များက လိုက်လံခေါ်ယူနေကြကြောင်း မန္တလေးရှိ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါနိုင်ငံခြားသားများသည် ၂၅လမ်း၊ ၈၁x၈၂ လမ်းပေါ်ရှိ Royal Lake ဟိုတယ်တွင် တည်းခိုနေသည်။


The Voice မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free