ကချင်ပြည်နယ် အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့ အထိ အစိုးရ ဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်း များဖြင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုများကို ပြန်လည် သုံးသပ် သွားရမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်ပါသည်။ “ဒီလိုပါ ကချင်ကို အပစ်မရပ်ဘူး ဆိုရင်တော့ အပစ်အခတ် ရပ်ထားတဲ့ အထဲက ပါတီကြီး သုံးခုကတော့ အစိုးရနဲ့ အခု ရ ထားတဲ့ အဆင့်တွေကို  ပြန်ပျက်ချင်လည်း ပျက်ပါစေ ဆိုတဲ့သဘောပါ။ အဲဒါကို ကျနော်တို့ ညီညွတ်ရေးပြတဲ့အနေနဲ့ တောင်းဆိုရမယ်ဆိုပြီး ဆုံးဖြတ်တာပါ။ တဖက်သတ် အင်အား သုံးတာကို ရပ်ဖို့၊ ငြိမ်းချမ်းရေးကို အဖြေရှာဖို့ တောင်းတာ ပါ”ဟု UNFC တွဲဘက် အတွင်းရေးမှူး (၂)ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါသည်။
ပါတီကြီး (၃) ခုဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ KNPP စသည့် ပါတီသုံးခုကို ပြောခြင်းဖြစ်ပါသည်။
ဤဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် မေလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပသည့် UNFC ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
UNFC_01
UNFC ထုတ်ပြန်ကြေညာချက် ထဲတွင် “ဦးသိန်းစိန် အစိုးရနှင့် အပတ်အခတ် ရပ်စဲထားသော မိမိတို့ UNFC အဖွဲ့ဝင်များမှ လည်း မဏာမ သဘောတူ ထားသော အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို အလေး အ နက်ထားပြီး ပြန်လည် သုံးသပ်သွားရန် ဆုံးဖြတ်ထားပါသည်”ဟု ဖော်ပြထားပါသည်။
အကယ်၍ သတ်မှတ်ထားသည့် ဇွန်လ ၁၀ ရက်နေ့တွင် အစိုးရထိုးစစ်များ မရပ်စဲခဲ့ပါက “နိုင်ငံတကာမှ ကျန်ရှိနေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ထားခြင်းများကို ဆိုင်းငံ့ခြင်း၊ ရုတ်သိမ်းခြင်း မပြုသေးဘဲ စောင့်ကြည့် အကဲ ခတ်သွားရန်” UNFC က တိုက်တွန်းထားပါသည်။
UNFC ကို ကရင် အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်တစ်ပါတီ NMSP၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်-SSA-N၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP တို့ ငါးဖွဲ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ပြည် ထောင်စုအဆင့် ပဏမ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။

ရွှေဟင်္သာသတင်းဋ္ဌာနမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free