မိုဘိုင်းလ်ဖုန်း ကွန်ယက် အရည်အသွေး နိမ့်ကျလျက်ရှိသော မြန်မာနိုင်ငံ ၌ 3G မိုဘိုင်းလ် ကွန်ယက်ကို တိုးချဲ့နိုင်ရန် အတွက် ပြည်ပ ကုမ္ပဏီ သုံးခုနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပ...
ါ မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကုမ္ပဏီ သုံးခုမှာ ZTE ၊ Huawei နှင့် ASB (Alcatel Shanghai Bell) တို့ဖြစ်ပြီး စာချုပ်ပါ အချက်အလက် များအရ နှစ်လအတွင်း 3G ဖုန်းလိုင်း တစ်သန်း တိုးချဲ့ တပ်ဆင် သွားရမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အသစ်ထပ်မံ တပ်ဆင်မည့် GSM ဖုန်းလိုင်း များတွင် 2G စနစ် နေရာ၌ နိုင်ငံတကာ တွင် စံအဖြစ် အသုံးပြု နေသော အသံနှင့် သတင်း အချက်အလက် ပေးပို့မှု ပိုမို မြန်ဆန်သည့် 3G စနစ်ကို အစားထိုး ထုတ်လုပ် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ထံ မှ စုံစမ်း သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် အတွက် ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ထားပြီး ဆက်သွယ်ရေး ဥပဒေကြမ်း ကိုလည်း ထုတ်ပြန်ခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ဝင်ရောက်လာဖွယ် ရှိကြောင်း ဆက်သွယ်ရေး အသိုင်းဝိုင်းက ခန့်မှန်း ပြောကြားသည်။

Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free