မြန်မာ့လက်ရွေးစက် ကွင်းလယ်တိုက်စစ် ကစားသမား ကြည်လင်း

''ထိုင်းကို အနိုင်ရဖို့ပဲ မျော်လင့်ထားတယ် မနိုင်နိုင်အောင်ကန်သွားမယ်'' လို့ နိုဝင်ဘာ ၂၅ရက်နေ့က ဗန်ကောက်မြို့ BANGKOK STADIUM ကွင်းမှာ လေ့ကျင်းရေးကွင်းဆင်းနေတဲ့ မြန်မာလက်ရွေးစင် ဘောလုံးသမား ကြ
ည်လင်းက ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် SUZUKI CUP 2012 ဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို ၀င်ရောက် ယှဉ်ပြိုင် လျက်ရှိရာ နိုဝင်ဘာ၂၄ရက်က ဗီယက်နမ်အသင်းနှင့်ကစားခဲ့ကြပြီး တစ်ဘက် တစ်ဂိုးစီနှင့် သရေကြခဲ့သည်။

'' ကိုယ့်ထက် အစစ အရာရာပိုမြင့်တဲ့ အသင်းတွေပါ။ ကိုယ်တွေက မြန်မာ ဆိုတဲ့ စိတ်ဓါတ်နဲ့ ကန်တာပါ။ ကိုယ်တွေက အထင်သေးတော့ ဒီထက်ပို လုပ်ပြချင်တာ။ ဒီဗီယက်နမ်အသင်းကို အသေအကြေကန်မယ်လို့ ဆုံးဖြတ် ထားတာ'' လို့ ယင်းနေ့က မြန်မာအသင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ ကြည်လင်းမှ ပြောကြားခဲ့သည်။

မြန်မာအသင်းသည် နိုဝင်ဘာ ၂၇ရက်နေ့တွင် ထိုင်း၊နိုဝင်ဘာ ၃၀တွင် ဖိလစ်ပိုင် အသင်းများနှင့်ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ကို မြန်မာအသင်းတက်ရန် ထိုင်းနှင့်ယှဉ်ပြိုင်ရမည့် ပွဲမှာ မြန်မာ ပရိတ်သတ်ကို ကြည်လင်းက ''ထိုင်းပွဲကို ဗီယက်နမ် ပွဲထက်ပို ပိုပြီး အဓိက ထားတယ်။ ဒီပွဲနိုင်ရင် ငါးဆယ် ရာခိုင်နှုန်းကသေချာသလောက်ရှိတယ်။ ဆီမီးတက်ဖို့ အတွက် ပရိသတ်တွေ အားပေးကြပါလို့ပြောချင်ပါတယ်။'' လို့ ပြောကြားခဲ့သည်။


Copy From Popular Myanmar News Facebook Page


(ထိုင်းအသင်းသည် အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံး အသင်းဖြစ်သလို ပြိုင်ပွဲသက်တမ်းတစ်လျှောက်တွင်လည်း အအောင်မြင်ဆုံး အသင်းဖြစ်ပြီး မြန်မာအသင်းမှ ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်)
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free