လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများကို ပြန်ကြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အတိုင်း လိုက်နာပေးရန် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ   နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက  အသိပေး ကြေညာလျက် ရှိကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်အရ စီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော် ထုတ်လျက်ရှိသော အဖွဲ့အစည်းများ အနေဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး သပိတ်စခန်းအသီးသီးမှ ထွက်ခွာရန် ညွှန်ကြား ထားသော်လည်း အဆိုပါ ညပိုင်းတွင် ရဟန်းသံဃာများ ဦးဆောင်သည့် သပိတ် အဖွဲ့အစည်းများအနေဖြင့် သတင်းရရှိချိန် နောက်ကျခြင်း၊ ၎င်းတို့တောင်းဆိုထားသည့် အချက်အလက်များ အပေါ်တိကျသော အကြောင်းပြန်ကြားချက် မရရှိသေးခြင်းများကြောင့် သပိတ်စခန်းများမှထွက်ခွာခြင်း မရှိသေးဘဲ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့်လည်း ညဥ့်နက်ချိန် ကျော်လွန်သွားခြင်းကြောင့် ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့်အချိန်အထိ သိရှိရသော သတင်းများအရ ဆန္ဒ ဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများကို သပိတ်စခန်းများမှ ထွက်ခွာရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက် သတိပေးလျက် ရှိနေသည့် အနေအထားတွင်သာရှိကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆက်လက် လုပ်ဆောင်သင့်မသင့်အတွက် နိုင်ငံတော်အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီး ဖြစ်သောကြောင့် အဆိုပါကော်မရှင်အနေဖြင့် လွတ်လပ်စွာ စစ်ဆေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေသည်ကို တွေ့မြင်ရန် လိုအပ်သောကြောင့် ဆန္ဒပြမှုများ ရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဆန္ဒပြမှုများအားလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ညွှန်ကြားထားသည်။

Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free