ညစ်ညမ်း စာပေ



ညစ်ညမ်းသော စာအုပ်၊ စာပေ၊ ရုပ်ထုပန်းချီစသည်များကို ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဖြန့်ဝေခြင်း၊ အများမြင်အောင်  ပြသခြင်းတို့သည် ပြစ်မှုဆိုင်ရာဥပဒေရာဇ သတ်ကြီးအရ ရာဇ၀တ်မှုဖြစ်ပါသည်။
““ညစ်ညမ်းသော”” ဟူသည့်အဓိပ္ပာယ် တဏှာရာဂစိတ်ကိုနိုးဆွပေးသည့် စာပေ၊ ရုပ်ပုံ၊ ရုပ်လုံး စသည့်အရာဝတ္ထုများကို ညစ်ညမ်းသော အရာဝတ္ထုဟုခေါ်ဆိုနိုင် ပါသည်။ လိင်ပြဿနာနှင့်ပတ်သက်၍ ခံယူချက်အမြင်တို့မှာ ခေတ်တစ်ခေတ် နှင့် တစ်ခေတ်နှင့်မတူဘဲ ပြောင်းလဲနေ သဖြင့် အရာဝတ္ထုတစ်ခုသည် ညစ်ညမ်း သောအရာဝတ္ထုဟုတ်၊ မဟုတ်ဆိုသော ယူဆချက်မှာလည်း အချိန်အခါ ကာလ လိုက်၍ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ယခု ခေတ်ကာလအမြင်နှင့် ရှေးခေတ်က အမြင်  တို့မှာ တူညီမည်မဟုတ်ပါ။
လိင်ကိစ္စနှင့်စပ်လျဉ်း၍ ပညာပေး သဘောဖြင့် ရေးသားထားသည့် စာပေ များဖြစ်ပါမူ ကာမရာဂအကြောင်းအရာ များ ရေးသားထားစေကာမူ ညစ်ညမ်း သော စာပေဟုဆိုနိုင်မည်မဟုတ်ပါ။ သို့ ရာတွင် လိင်ပညာပေးရန် အကြောင်းပြ ချက်ဖြင့် တဏှာရာဂစိတ်ကို နှိုးဆော်စေ ရန် အဓိကထားကာ ရေးသားပါမူညစ်ညမ်း   သော စာပေဖြစ်သည်ဟု မှတ်ယူပါမည်။ သို့ဖြစ်ရာ ညစ်ညမ်းသော စာပေဟုတ်သည်၊ မဟုတ်သည်ဆိုသော ပြဿနာမှ အကြောင်းခြင်းရာပြဿနာသာဖြစ်ပါ သည်။ ကိုယ်လုံးတီးဓာတ်ပုံ၊ ရုပ်ပုံစသည် တို့မှာ အနုပညာပစ္စည်းဖြစ်နိုင်ပါသည်။ အနုပညာပစ္စည်းဖြစ်လျှင် ညစ်ညမ်းသော  အရာဝတ္ထုဖြစ်သည်ဟု ဆိုနိုင်မည်မဟုတ် ပါ။ သို့ရာတွင် တဏှာရာဂစိတ်ကို နှိုးဆွ စေရန် အလို့ငှာဟန်ပန်အမူအရာ၊ အနေ အထားဖြင့်ရိုက်နှိပ်ထုလုပ်သည့် ယင်းရုပ် ပုံ၊ ရုပ်လုံးများသည် ညစ်ညမ်းသောအရာ  ၀တ္ထုများဖြစ်နိုင်ပါသည်။ အမျိုးသားပြတိုက်  များတွင် ပြသထားသော ကိုယ်လုံးတီး ရုပ်ပုံ၊ ဓာတ်ပုံ၊ ရုပ်ပုံစသည်တို့မှာ အနုပညာ ပစ်္စည်းများအဖြစ် ပြသထားခြင်းဖြစ်၍  ညစ်ညမ်းသော အရာဝတ္ထုဖြစ်သည်ဟု မယူဆနိုင်ပါ။ ဘာသာာရေးအတွက်ပြု လုပ်ထားသည့် စာပေ၊ ရုပ်လုံး၊ ရုပ်ပုံတို့ မှာလည်း ကြည်ညိုကိုးကွယ်လိုသည့် စိတ်သာပေါ်ပေါက်နိုင်မည်ဖြစ်ပြီးတဏှာ ရာဂစိတ်ကို တိုးပွားစေရန်အကြောင်းမရှိ သဖြင့် ညစ်ညမ်းသော အရာဟုမယူဆနိုင်  ပါ။ သို့ရာတွင် ဘာသာရေးဘန်းပြပြီး တဏှာရာဂတိုးပွားစေသည့်အရာဝတ္ထုနှင့် မူမသက်ဆိုင်ပါ။
ရာဇသတ်ကြီးပုဒ်မ-၂၉၃ ကို ညစ်ညမ်းသော စာပေများကို တစ်နိုင်ငံ မှတစ်နိုင်ငံသို့တင်ပို့ရောင်းချခြင်းကို တားမြစ်ရန် အပြည်ပြည်ဆိုင်ရာသဘော တူညီချက်အရ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင်မြန်မာ့ယဉ်ကျေးမှုအရလည်း တား မြစ်သင့်သော ကိစ္စဖြစ်ပါသည်။ ညစ်ညမ်း သောစာပေ၊ ရုပ်ပုံစသည်တို့ကို လက်ရှိ ထားကာမျှဖြင့် ဤပုဒ်မအရပြစ်မှုကျူးလွန်  ခြင်းမဟုတ်ပါ။ တနည်းနည်းဖြင့် ဖြန့်ချိ ခြင်း၊ ဖြန့်ချိရန်လက်ရှိထားခြင်းဖြစ်မှသာ ပြစ်မှုမြောက်မည်ဖြစ်ပါသည်။ ညစ်ညမ်း သော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှား  ခြင်း၊ ဝေငှခြင်း၊ အများပြည်သူသို့မြင်သာ အောင်ပြသခြင်း၊ နိုင်ငံအတွင်းသို့ သွင်း ခြင်း၊ နိုင်ငံအပသို့ထုတ်ခြင်း၊ သယ်သူပို့ ဆောင်ခြင်း၊ ကြော်ငြာခြင်း၊ ကြားသိစေ  ခြင်း၊ ပြုလုပ်ပါက ထောင်ဒဏ်(၃)လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။ အများ ပြည်သူဆိုင်ရာ နေရာ၌ အခြားသူများ စိတ်ငြိုငြင်အောင် ညစ်ညမ်းသောပြုလုပ် မှုတစ်ခုပြုလုပ်ခြင်း၊ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်းရွတ်ဆိုခြင်း သီဆိုခြင်းကို လည်း ဥပဒေအရ တားမြစ်ထားပါသည်။
ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်အချို့၌ မောင်နှင့်နှမသားအမိ ကြည့်ရှုနရန်မသင့် လျော်သော ပုံများတွေ့နေရပါသည်။ မမြင်အပ်သော အရာများကိုပင် ဖွင့်လှစ်၊ မြင်သာထင်သာ ပေါ်လွင်နေပါသည်။ အနုပညာ၊ အားကစားစသည်တို့ကို အကြောင်းပြတင်ပြသော်လည်း လက်တွေ့ ၌ တဏှာရာဂစိတ်ကို နှိုးဆွပေးသည့် သဘာဖြေစ်နေပါသည်။
ယခုအခါ စာပေစီစစ်ရေးသို့ ကြိုတင်  တင်ပြရန်မလိုဘဲ ထုတ်ဝေပြီးမှ တင်ပြရ သော ဂျာနယ်၊ မဂ္ဂဇင်းစာစောင်များစွာ ရှိလာပါပြီ။ ယခင်က ညစ်ညမ်းစာပေများ၊ မသင့်လျော်သော ပုံများကို စာပေစီစစ် ရေးက စီစစ်ပြီးဖြုတ်စေခဲ့ပါသည်။ ထုတ်ဝေ  ဖြန့်ချီပြီးမှ တင်ပြရခြင်းဖြစ်၍ မလွတ်မကင်း  သော ညစ်ညမ်းစာပေများ ပုံများ မိမိတို့ ဘာသာ စီစစ်တည်းဖြတ်ရပါလိမ့်မည်။ ဥပဒေနှင့်ညှိစွန်းပါက မိမိတို့တာဝန်ယူ ဖြေရှင်းရမည်ဖြစ်၍ ယခင်ကထက် မိမိ တို့စာစောင်များကို ဂရုတစိုက်စီစစ်တည်း ဖြတ်ရပါလိမ့်မည်။ ယနေ့ စာပေလုပ်ငန်း သည် ၀ါသနာဘာဂီသဘောမှ စီးပွားကုန်  သွယ်သဘောသို့ဝင်ရောက်လာပါသည်။ သူ့ထက်ငါအပြိုင်အဆိုင်ကြိုးပမ်းအား ထုတ်ရာ၌ စီးပွားရေးရှုထောင့်မှကြည့်၍ စောင်ရေတက်ရေး၊ ညစ်ညမ်းစာပေများ ဖြင့် ပရိသတ်အား ဖြားယောင်းခြင်းမျိုး ကတော့ အထူးမသင့်လျော်ပါ။ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ဓလေ့စရိုက်များကို လည်း ထိန်းသိမ်းစောင့်ရှောက်ရန် စာနယ်ဇင်းများ၌ တာဝန်ရှိပါသည်။
တစ်ချိန်က (၁၉၇၂)မျက်လုံးဂျာနယ်  သည် ““မြစ်လယ်ခေါင်မှာ အပြာမယ်တို့ မြူးထူး””ဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန် မြစ်လယ်ပြည့်တန်ဆာများသတင်းဖော် ပြသည်။ ““လှိုင်းပေါ်မှ လှေ၊ လှေပေါ်မှ အတွေ့မူးမူး”” ပုံစာနှင့် ဓာတ်ပုံ၊ ““ဘုရား ငုတ်တို ဆရာကြီးအကျင့်တန်ရသေ့စိတ် ဖြေပုံက အရွယ်မရောက်သေးသော ကျောင်းသူကလေးများကို စိတ်ဖြေမိသဖြင့် တိုင်တန်းပြီ”” ဟူသော ခေါင်းစဉ်ဖြင့် ကျောင်းသူမလေး (၄)ဦးကို မဖွယ်မရာ ပြုကျင့်သော သတင်းကို ဖော်ပြသည်။ ကလေးမများ၏ ဓာတ်ပုံ၊ အမည်နေရပ် လိပ်စာများပါ ဖော်ပြခဲ့သဖြင့် တရားစွဲဆို အရေးယူခံခဲ့ရသည်။ ထုတ်ဝေခွင့် မှတ်ပုံ တင်လည်း ရုပ်သိမ်းခံခဲ့ရသည်။
လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်  ပြောဆိုခွင့်များနှင့် အတူ တာဝန်ရှိလာ မည့် အပိုင်းများကိုလည်း သတိချပ်ရမည် ဖြစ်ပါသည်။ စာရေးသူ၊ ပန်းချီသရုပ်ဖော် သူ အယ်ဒီတာ၊ ထုတ်ဝေသူတို့အဖို့ ပမာဒလေခမဖြစ်စေရန် ကြိုတင်၍ သတိပေးရေးသားအပ်ပါသည်။

Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free