ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၂၆ရက်နေ့က ဖြစ်ပွားသော ယာဉ်တိမ်းမှောက်မှုကြောင့် ရေနံနှင့်သဘာဝဓါတ်ငွေ့
ဆက်သွယ်ရေးလုပ်ငန်းစီမံကိန်း (South East Asia Trute Oil Pice Line Col.td ) မှ တရုတ်နိုင်ငံသား အင်ဂျင်နီယာ ၃ဦး သေဆုံးခဲ့ပြီး
တ၇ုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ အပြင်းအထန် ဒဏ်ရာရရှ

ိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ နိုဝင်ဘာ၂၆ ညနေ ၃နာရီ မိနစ်၅၀ခန့်က နာထိုးကြီးမြို့နယ်၊ပြင်စည် အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင်အမှတ် (၃၁၈/၁) နှင့် (၃၁၈/၂) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာစဉ် ၀ဲဘက်
နောက်ဘီးပေါက်၍ လမ်းလယ်ကျွန်းပေါ် တက်ရောက်ပြီး တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူ ၃ဦးမှာ အင်ဂျင်နီယာ Mr.Luan Dake အသက် ၄၂နှစ်၊ အင်ဂျင်နီယာ Mr.CHIZHELEI အသက် ၃၇နှစ်၊ အင်ဂျင်နီယာ Mr.MAFU
အသက်၅၀တို့ ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့သည်။
Mr.HEHI AO TONG နှင့် ကောင်မင်းချုံး(ခ) မောင်မောင်လွင်တို့မှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသောကြောင့် နွားထိုးကြီးဆေးရုံးမှတဆင့်
မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းနှင်သူ ကောင်မင်းချုံးအား ပြင်စည်အမြန်လမ်း ရဲစခန်းမှ (ပ) ၅/၁၂ ပုဒ်မ-၃၁၂-က / ၃၃၈ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


Copy From Popular Myanmar News Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free