နဂါးကိုးကောင် လာဘ်ကို ဆောင် အမည်ပေးထားသော ရုပ်တုကြီးအား ဂင်းနက်စ်စံချိန်ဝင် နိုင်ရန် ဂင်းနက်စ်စံချိန်အဖွဲ့သို့ လျှောက်ထားခဲ့ရာ ဂင်းနက်စ် စံချိန်အဖွဲ့မှ သဘောတူလက်ခံရ ရှိကြောင်း စာတစ်စောင် ပြန်လည် ရရှိခဲ့သည်ဟု သိန်းသန်းအောင် ပန်းပု သမဝါယမအသင်း လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဝင်းက   ပြောသည်။ ”သဘောတူတဲ့ အခြေအနေပဲ ရှိသေးတယ်။ ဘယ်အချိန် လာကြည့်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ပြောသည်။ ယခုကဲ့သို့ ဂင်းနက်စ်စံချိန် ဝင်နိုင်ရန် ကြိုးပမ်းရခြင်းမှာ မြန်မာ ပန်းပုလက်ရာအား နိုင်ငံတကာမှ သိရှိရန်၊ အကယ်၍ ဂင်းနက်စ် စံချိန်ဝင်ခဲ့ပါက ကမ္ဘာပေါ်တွင်လည်း မြန်မာနိုင်ငံ အနေနှင့် မညံ့   ကြောင်း သက်သေပြနိုင် မည်ဖြစ်သည်ဟု ၄င်းကဆိုသည်။ ဂင်းနက်စ် စံချိန်အဖွဲ့မှ လိုအပ်သော စာရွက်စာတမ်းများ တောင်းဆိုလျှင်လည်း ပြနိုင်ရန်ပြင်ဆင် ထား   ကြောင်း၊ အကယ်၍ အဆိုပါ အဖွဲ့မှ လာရောက် ကြည့်ရှုမည် ဆိုပါကလည်း ကြည့်ရှုနိုင်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။  အဆိုပါ ဂင်းနက်စ် စံချိန် အဖွဲ့သို့ စက်တင်ဘာ ၂၉ ရက်နေ့ တွင် ဂင်းနက်စ်စံချိန် ဝင်နိုင်ရန် လျှောက်ထားခဲ့ရာ တစ်ပတ်အကြာ တွင် အဆိုပါအဖွဲ့မှ စာပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  မြန်မာ့ပန်းပု လက်ရာများနှင့် အဆိုပါ နဂါးကိုးကောင် ရုပ်တုကြီးအား နိုင်ငံခြားသား ဧည့်သည်များမှ လာရောက် လေ့လာလျှင်လည်း လေ့လာနိုင်ရန် အမရပူရမြို့နယ် ကံ့ကော်ကွက် သစ်၊ သပြေလမ်းနှင့် စကားဝါ လမ်းထောင့်ရှိ သိန်းသန်းအောင် ပန်းပု သမဝါယမအသင်းသို့ လာရောက် လေ့လာနိုင်သည်ဟု သိရသည်။
စိုင်းလမင်း


Copy From Popular Myanmar
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free