၂၀၁၂ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ပဏာမ ၂၃ ဦးစာရင်း ထွက်ပေါ်လာချိန်တွင် ထိပ်ဆုံး၌ ရေပန်းစားနေသော ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအား မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာကလည်း မဲပေးရွေးချယ်လိုက်သည်။
...

“မက်ဆီမှာ အရည်အချင်းကောင်းတွေ အကုန်ရှိလို့ပဲ”ဟု မဲပေးရခြင်းအကြောင်းကို အတိုချုပ်၍ ပတ်ဆောင်ဟွာကပြောသည်။ မြန်မာအသင်းနည်းပြ မဲပေးရွေးချယ်ထားသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် သုံးဦးစာရင်းမှာ မက်ဆီ(ဘာစီလိုနာ)၊ စီရော်နယ်ဒို(ရီးရဲလ်)၊ အင်နီယေစတာ(ဘာစီလိုနာ)တို့ ဖြစ်ကြသည်။

“ဒီကစားသမားသုံးဦးစလုံးက ဘောလုံးကို အကောင်းဆုံး ကစားနိုင်တဲ့သူတွေပါ။ မက်ဆီကို ပထမဦးစားပေး မဲပေးရွေးချယ်ထားတာကလည်း ပုဂ္ဂိုလ်စွဲပြီး ပေးထားတာမဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး ဘောလုံးကစားကွက်တွေကို ကြည့်ပြီးပေးတာပါ”ဟု ပတ်ဆောင်ဟွာကဆိုသည်။

ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ပဏာမစာရင်းတွင် စပိန်လာလီဂါမှ ကစားသမား ၁၂ ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး မြန်မာပရိသတ်အကြိုက် ပရီးမီးယားလိဂ်မှ ၅ ဦးသာ ပါဝင်လာသည်။ ယင်းဆုအတွက် လက်ရွေးစင်အသင်းခေါင်းဆောင်များကလည်း မဲပေးရွေးချယ်ပေးရပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် စပိန်အသင်းလက်ရွေးစင် ဂိုးသမားကာဆီးလက်စ်ကို မြန်မာလက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင် ခင်မောင်လွင်က နံပါတ်(၁) မဲပေးရွေးချယ်ထားကြောင်း ပြောသည်။

ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်းနှင့် ယခုနှစ် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းနှစ်သင်းစလုံးတွင် လက်စွမ်းပြနိုင်ခြင်းကြောင့် ကားဆီးလက်စ်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း ခင်မောင်လွင်ကဆိုသည်။ မြန်မာအသင်းခေါင်းဆောင် မဲပေးထားသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် သုံးဦးစာရင်းမှာ ကာဆီးလက်(ရီးရဲလ်)၊ မက်ဆီ(ဘာစီလိုနာ)၊ ဖယ်လ်ကာအို(အက်သလက်တီကို)တို့ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက်မူ ပတ်ဆောင်ဟွာက မန်ယူအသင်းနည်းပြ ဖာဂူဆန်၊ ခင်မောင်လွင်က ယခင် ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာအား ဦးစားပေး မဲပေးရွေးချယ်ထားကြောင်း သိရသည်။

၂၀၁၂ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၇ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပဏာမ ၂၃ ဦးစာရင်းမှ အမှတ်အများဆုံးရရှိသော နောက်ဆုံးဆန်ခါတင် သုံးဦးစာရင်းကို နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးဆုနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ရွေးချယ်သော ဥရောပအကောင်းဆုံးဆု (Ballon d'Or)တို့ကို ပူးပေါင်း၍ Fifa Ballon d'Or ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု စတင်ချီးမြှင့်သည့် ပြီးခဲ့သည့် ၂ နှစ်စလုံးတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီကဆက်တိုက်ရရှိထားသည်။

ထိုသို့ဆုနှစ်ဆုပေါင်း၍မပေးမီ နောက်ဆုံးကလည်း ဆုနှစ်ဆုစလုံးကို မက်ဆီကပင် ရရှိထားသည်။ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီနှင့် ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုသော ဒီဘိတ်မှာ အားကစားလောကတွင် ယနေ့ကာလ၌ အကျယ်လောင်ဆုံး ပေါ်ထွက်နေသည်။
Copy From 7day news
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free