အင်္ဂလန်၏ စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Ofqual (Office of Qualifications and Examinations Regulation) မှ အင်္ဂလန်ရှိ GCE’A’ စာမေးပွဲများကို ယခင်နှစ်ကြိမ်ကျင်းပ ရာမှ နေ
ွရာသီတစ်ခုထဲကျင်း ပရန်နှင့် ပြန်လည်ဖြေဆိုခွင့်များကိုလည်း ကန့် သတ်တော့မည့်ဖြစ်ကြောငှ်း Ofqual တရားဝင် လိုက်သည်၊၊

ထုတ်ပြန်ချက်အရ အင်္ဂလန်နိုင်ငံတွင်ဖြေဆိုရမည့် GCE’A’ စာမေးပွဲဖြေဆိုသူကျောင်းသားကျောင်းသူများအနေဖြင့် စက်တင်ဘာ၂၀၁၃ မှစတင်၍ January တွင်ဖြေခွင့်ရရှိတော့မည် မဟုတ်ပဲ၊ ပြန်လည်ဖြေဆိုခွင့် (resit) များကိုပါကန့် သန့် သွား မည်ဖြစ်ပြီးလာမည့် စက်တင်ဘာလမှစတင်၍ ကျောင်းသားများအနေဖြင့် အင်္ဂလန်တွင် AS နှင့် A စာမေးပွဲကို Summer တွင်သာဖြေနိုင်တော့ မည့်ဖြစ်သည်၊၊

ထိုအပြင် A Level နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု့ တစ်ချိုအားပြု လုပ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံကြေငြာမည်ဖြစ်ကြောင်းလည်းသိရသည်၊၊

Chief Regulator ဖြစ်သော Glenys Stacey မှပြောကြားရာတွင် “ ဒီနှစ်အစပိုင်းထဲက ကျွန်တော်တို့  A Level ကိုပြုပြင်ပြောင်းလဲဖို့ အဆိုပြုထားခဲ့တာပါ၊၊ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ တိုင်ပင်ခဲ့တဲ့ ရလဒ်တွေ၊ သဘောထားမှတ်ချက်တွေကလည်း ဇန်န၀ါရီစာမေးပွဲကိုဖယ်ရှားပစ်ဖို့  အားလုံးထောက်ခံကြတဲ့အတွက် အခုလို့ ဆုံးဖြတ်ခဲ့ တာပါ၊၊” ဟုပြောကြားခဲ့သည်၊၊

စာမေးပွဲကြီးကြပ်ရေးအဖွဲ မှ A Level စာမေးပွဲနှင့်ပတ်သက်၍ သုတေသနများပြုလုပ်ခဲ့ပြီး၊ အဆိုပါရလဒ် များက A Level သည် အဆင့်မြင့်ပညာရေးအတွက် များစွာအထောက် အကူပြုသောအရည် အချင်းများရှိသော်လည်း ပိုမိုတိုးတက်ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှု များပြုလုပ်သွားရန်ဆုံးဖြတ်ခဲ့သည်၊၊ သို့ သော် ဆရာ၊ဆရာမများ၊ အလုပ်ရှင်များနှင့်တက္ကသိုလ်အချို့ တို့ မှ ပြန်လည်ဖြေဆိုခွင့်နှင့်ပတ်သက်သည့် တင်းကျပ်မည့် အစီအစဉ်များအပေါ် စိုးရိမ်မှု့များရှိကြောင်းဖေါ်ပြခဲ့ ကြသည်၊၊

အဓိကပြုလုပ်သွားမည့် ပြုပြင်ပြောင်းလဲမှု့ များမှာအဆင့်မြင့် ပညာရေးအပိုင်းမှ A-Level ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ပါဝင်လာမည်
ကျောင်းသားကျောင်းသူများ ပထမနှစ်နှင့် ဒုတိယနှစ် အပြီးတွင် ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရန်၊၊
- ဇန်န၀ါရီစာမေးပွဲကို ဖျက်သိမ်းပြီး၊ စာမေးပွဲထပ်မံဖြေဆိုခွင့်နှင့်ပတ်သက်ပြီးလျှော့ချသွားရန်၊၊
- A Level စာမေးပွဲများတွင် ကျောင်သားများ၏ ကျွမ်းကျင်မှု့ ၊ ဗဟုသုတ၊ နားလည်နိုင်စွမ်းရည်များကို နက်နက်နဲနဲ စစ်နိုင်သော စစ်ဆေးမှု့ ပုံစံများတိုးမြှင့်ပြုလုပ်သွားရန်၊၊
-ကျောင်းတွင်းစစ်ဆေးအမှတ်ပေးခြင်းများ လျှော့ချသွားရန်အချက်များ ဖြစ်သည်၊၊

“အခုအပြောင်းအလဲက မြန်မာနိုင်ငံက ဖြေဆိုသူတွေအတွက်တော့ သက်ရောက်မှု့ တော့မရှိသေးပါဘူး၊၊ အင်္ဂလန်မှာ ကျောင်းတက်ပြီး ဖြေဆိုမယ့်သူတွေ အတွက်ဖြစ်ပါတယ်၊၊ အခုနောက်ပိုင်းကျောင်း သူကျောင်းသားတွှေအနေနဲ့ University Foundation ပရိုဂရပ်တွေကတဆင့် တက္ကသိုလ်တွေကို တိုက်ရိုက် လျောက်ထားတက်ရောက်နိုင်ပြီဖြစ်တဲ့အတွက်၊ A- Level ဖြေဆိုတော့မယ်ဆိုရင်၊ ကိုယ့်ရဲ့  (၁၀)တန်းအမှတ် ဒါမှမဟုတ် iGCSE အမှတ်၊ ကိုယ်ပညာသင်ယူလိုတဲ့ ပညာရေးလမ်းကြောင်း၊ တက်ရောက်လိုတဲ့ တက္ကသိုလ်၊ဘာသာရပ်စတာတွေကို စနစ်တကျလေ့လာ ဆုံးဖြတ်ပြီးမှ A-Level တက်သင့် မတက်သင့် ဆုံးဖြတ်သင့်ပါတယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

ယခုလောလောဆယ်တွင် A Levels ကို ပထမနှစ်တွင် AS-levels နှင့် ဒုတိယနှစ်တွင် A2s ဘာသာများကို ဇန်န၀ါရီနှင့် ဇွန်လများ တွင်ဖြေဆိုရလေ့ရှိသည်၊၊

အသေးစိတ်ထုတ်ပြန်ချက်များမူရင်းကို အောက်ပါလင့်တွင်ဖတ်ရှု့ လေ့လာနိုင်ပါသည်၊၊

http://www.ofqual.gov.uk/news/ofqual-announces-changes-to-a-levels/


Copy From Popular Myanmar
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free