ဖားကန့်မြို့၏ ၄ မိုင်ခန့် အကွာရှိ လမှောင်ကုန်း ကျေးရွာအနီးတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် တို့သည် ယနေ့ ၄နာရီ ၃ဝ မိနစ် အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြပြီး မည်သူက စတင်ပစ်ခတ်ခြင်းဖြစ်သည်ကို နှစ်ဖက်စလုံးမှ ပြောကြားခြင်းမရှိပေ။ ဖားကန့်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ကျောက်စိမ်းတူးဖော်ခြင်းသည်လည်း ထိုကဲ့သို့ အစိုးတပ်များနှင့် KIA တပ်များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေမှု လုံခြုံရေးအာမခံချက် မရှိမှုတို့ကြောင့် ရပ်နားထားခဲ့ရသဖြင့် လူထုအနေဖြင့် စီးပွားရေးထိခိုက်မှုများ စစ်ပွဲများကြာရှည်စွာ ဖြစ်ပွားနေခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်းလဲ သိရသည်။
ဒေသခံတစ်ဦးမှ ပြောကြားရာတွင် "
လက်နက်ကြီး ထု(ပစ်)နေတာ ၁ဝချက် ကျော်သွားပြီ" ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source The Voice Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free