Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် နှုန်းထားသတ်မှတ်မှုမှာ လက်ရှိအနေအထားတွင် မည်သူမှ ထောက်ခံထားခြင်း မရှိကြောင်းနှင့် ဝေဖန်မှုများ အများအပြားရင်ဆိုင်နေရကြောင်း သိရသည်။ အဆိုပါ ပြောင်းလဲမည့်နှုန်းထားမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင် အလွန်တရာများပြားနေပြီး ကွန်နက်ရှက်ကလဲ စုတ်ပြတ်နေသည်ဟု ပြောကြားကြသည်။ အချို့သော Commnet များကို ပြန်လည် ကူးယူဖော်ပြလိုက်ရပါသည်။

xxxx : ဖုန်း အင်တာနက် က ဒေါင်းလုဒ် ပမာဏ နဲ့ ယူမှာဆိုတော့ ဘယ်လိုမှ မတန်တော့ဘူး။ သူများနိုင်ငံတွေမှာ ဖုန်းအင်တာနက် ဆိုတာ ပိုက်ဆံပေးစရာကို မလိုဘူး။ သူတို့ကျမှ ဈေးလျှော့မယ်လုပ်နေတယ်။ ရူးနေလားမသိဘူး။
ရိုးရိုး Facebook, Gtalk သုံးတဲ့လူအတွက်တော့ကိုက်တယ်။ ဒေါင်းလုဒ်
လုပ်မယ့်သူတွေ အတွက် မတရားဈေးကြီးနေတယ်။ HD MTV တစ်ခု ကို 1Gb နီးပါးရှိတယ်။ 1024 Mb ပေါ့။ 100 Mb ကို အခု သတ်မှတ်တာ က ၂၀၀၀ကျပ်။ အဲ့ဒါဆို တွက်လိုက်ရင်
MTV တစ်ပုဒ် ကို ၂ သောင်း ကျော်သွားပြီ။ တစ်မိနစ် လေးကျပ်နှုန်းနဲ့တွက်ရင် 1024 Mb ကို ဖုန်းနဲ့ ဒေါင်းလုဒ်ဆွဲရင် ဆယ်နာရီ မပြည့်ဘူး။ အဲ့တော့ တစ်မိနစ်လေးကျပ်ဆိုတော့ ဆယ်နာရီတွက်ရင် ၂ ထောင့်လေးရာ။ ၂ ထောင်ကျော်ကနေ ၂ သောင်းကျော်သွားတယ်။ များများသုံးလေ လျှော့လေဆိုပေမဲ့ ဘယ်လောက်လျှော့မှာမို့ လို့လဲ။ ၂ သောင်းကို ၂ ထောင်ပဲ တောင်းမှာမို့လို့လား။ ဆက်သွယ်ရေး ၀န်ကြီးရူးနေလားမသိဘူး။ ဈေးက ပိုပို ပြီးကြီးလာတယ်။ ဘောပဲ။ နောက်ဆုံးတော့ ငါတို့ ရဲ့ နိုင်ငံက အင်တာနက် အသုံးပြုတာကို ထိန်းချုပ်ထားတုန်းပဲ။ ဆောက်ရေးမပါဘူး။




xxxx : က္ဈန်တော့် သဘောအရတော့ ပြည်သူတွေ ဝိုင်းကန့်ကွက်သင့်ပါတယ်။ ငြိမ်တော့ ခံမနေချင်ပါဘူး။ ဘယ်လိုသဘောရကြလဲ ခင်ဗျ။


xxxx:  အင်တာနက်သုံးစွဲမှု ကျဆင်းသွားစေပြီး လူတွေကို မျက်စိနားပိတ်သွားစေဖို့က မူလရည်ရွယ်ချက် ဖြစ်တယ်။ ဒါကို သုံးစွဲသူတွေ ဝိုင်းကန့်ကွက်ရမယ်။ ဒါကိုလက်ခံလို့ မရပါဘူး။ မသိနားမလည်သူများကို ပိုကောင်းစေသလို ထင်ယောင်ထင်မှား ဖြစ်အောင် ညွှန်ကြားရေးမှူးဆိုသူက ဝါးတားတား ရောချထားတယ်။ မြန်မာတပြည်လုံးက mobile user တွေ တညီတညွတ်ထဲ ကန့်ကွက်ရမယ်။ အဆင့်မမှီတဲ့ ဝန်ဆောင်မှုတွေကို တသက်လုံး ဈေးကြီးပေးသုံးနေရတာ လူတွေကို ငနုံငအတွေလို ဆက်ဆံနေတဲ့ ဆက်သွယ်ရေး ရပ်တန့်သင့်ပြီ လို့ထင်ပါတယ်



xxxx :
ဒီကိစ္စဟာ ပြည်တွင်းအင်တာနက်သုံးစွဲသူ လူထုထံကပိုက်ဆံကို အေးဒမြတိုက်တာပါပဲ
မိုဘိုင်းဖုန်းဆင်းကဒ်တွေ မဖြစ်မနေဈေးချပေးလိုက်ရတော့ ဆက်သွယ်ရေးနှုန်းထားတွေကို တိုးကောက်ဖို့အတွက် အင်တာနက်နှုန်းထားကို အရင်တိုးကောက်တာဟာ ပြည်တွင်းမိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူလူထုကို သွေးတိုးစမ်းလိုက်တာပါပဲ ဒီအင်တာနက်နှုန်းထား တိုးကောက်တာ အဆင်ပြေသွားယင် ပြောခဆိုခတွေ တိုးကောက်လာမှာ အမှန်ပါပဲ
အဲဒီတော့ အခုတိုးကောက်မယ့်အင်တာနက်အသုံးပြုခနှုန်းထားကို မီဒီယာမှသော်လည်းကောင်း၊ အခြားသော ကဏ္ဍတွေမှလည်းကောင်း ပြည်တွင်းမိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူလူထုက အတိအလင်း ကန့်ကွက်ကြဖို့လိုအပ်လာပါပီ
တတ်နိုင်သမျှဝိုင်းဝန်းကန့်ကွက်ကြပါလို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်



xxxx : မလေးမှာပဲနေတော့မယ် မလေးမှာကတစ်ရက်မှ RM 1 ပဲပေးရတာအကြိုက်သုံး မြန်မာငွေနဲ့ဆို တစ်ရက် သုံးရာပဲကျတယ် MPT ကကောင်တွေက ပြည်သူတွေဆီက ဖြတ်စားဖို့ပဲကြံနေကြတာ ခွေးသူတောင်းစားတွေ တော်တော်ငတ်ေ နကြတာ 


xxxx : Europe မှာဈေးကြီးတဲ့ စကန်းဒီနေဗီးယားနိုင်ငံတွေမှာတောင် 1024Mb မှ US$ 8 ဘဲမြန်မာကျပ် ၆၈၀၀ဘဲပေးရတာ၊အခုဒီနှုန်းဆို 1024 Mb ကို ၁၅၀၀၀ကျပ်ကျော်နေပြီ၊ကြည်လည်းလုပ်ပါဦး MPT ၊လာဒ်စားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊အခွန်ရှောင်တဲ့ စားဖော်စားဖက်ခရိုနီတွေ ကြောင့်ကြွေးပတ်ဝိုင်းနေတာ ဒီအကြွေးတွေကို လျှော်ပေးတာ ဘယ်သူတွေကြောင့်လျှော်ပေးတာလဲ? ဒီလိုလူတွေဆီက လည်ပင်းမညှစ်ဘဲ ပြည်တွေဆီကဘဲနည်းမျိုးစုံသုးံပြီး လှည့်ပတ်ယူနေတာ မရှက်ကျဘူးလား၊အေးလေ မရှက်တတ်လိုဘဲ ပြသာနာဖြစ်လာရင် တာဝန်ယူနုတ်မထွက်ဘဲ မျက်နာပြောင်တိုက်ပြီးဆက်လုပ်နေကြတာ။


xxxx :
ဖုန်းပြောခတုံးကလည်းး တစ်မိနစ် ၅၀ သြော် အင်တာနက်ခလေး သက်သာပါတယ်ဆိုပီးး viber နဲ့ ပြောမယ်လုပ်တော့ $ရူးလိုလို $ပေါလိုလိုကောင်က ပိုက်ဆံမရလို့ အကြံကုန် -ီးကောင်ကြီးး ဆားချက် လုပ်ပီပေါ့ သူများနိုင်ငံတွေ local message တောင် free ပေးနေတာ..ဒီက $ကောင်တွေက တော်ကွာ...ဆက်မပြောချင်တော့ဘူးးး .....နောက်ပိုင်း လေချွန်ရင်.လေလည်ရင်တောင် အခွန်ဆောင်ရမလားးမသိတော့ဘူးးး....


xxxx :
စောက်ရူး...ကောက်ဖို့ပဲသိတာ...1500 mb ပြည့်ရင်နောက်ပိုင်းအလကားဆိုတဲ့သူများနိုင်ငံကနှုန်းကျတော့ဖုန်းထားတယ်


xxxx :
ဟာ ဒုက္ခပါဘဲ ဟာ စိတ်ချမ်းသာတယ် အဲ့ဒါဆို ငါ တို့မွဲပြီပေါ့ အရေးမပါတာဟာ မမိုက်ပါဘူး တဖြေဖြေ လျှော့ရမှာကို လူပါးဝ တယ် သူတို့ အတွက်ဘဲ သူတို့ကြည့်မယ် ဆို ကိုယ့်ဟာကိုယ် သီသန့် ကျွန်း တစ်ကျွန်း မှာ သွားနေကြပါလား သူတောင်းစာ MPT ရဲ့ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုး ကို ဒုက္ခပေးရလား


xxxx :
လိုင်းကတော့နိုင်ငံတကာအဆင့်မမှီသေးဘူး ပေကတော့ နိုင်ငံတကာ အဆင့်မှီရုံမကဘူးကျာ်တောင်ကျော်သွားပြီ။ဆက်လက်ချီတက်ကြပါစို့။


xxxx :
ဆသရ က
ဆန္ဒပြနေကြတာတွေက သူတို့နဲ့မဆိုင်တော့ ပျင်းလို့နေမှာ။
သူတို့ဝန်ကြီးဌာနကို ဆန္ဒမပြ ပြအောင်လုပ်နေတာ


xxxx :
လုပ်ချင်သလိုသာလုပ်ကြတော့ကွာ။တာဝါတိုင်တွေအကုန်လုံးမိုးကြိုးပြစ်သွားလည်းအေးရော ငါလည်းဖုန်းပိတ်ပြီးအိပ်တော့မယ်။တစ်နိုင်ငံလုံးမွဲအောင်မူဝါဒချတဲ့လူတွေ ပုဇွန်လောက်တောင်ဥာဏ်မရှိတဲ့လူတွေ ခင်များတို့သေမှပဲ ကျုပ်ဖုန်းနဲ့ internet ဆိုတာကြီးကိုသုံးတော့မယ်


xxxx : လုံးဝ ကန့် ကွက်ပါတယ်


xxxx :
MPTက သူတောင်းစားတွေ ကတော့မျောက်ပြပြီးဆန်တောင်းတော့မယ်။ MPTကလူကြီးမင်းတို့ ဝဋ်ဆိုတာနောင်ဘဝမကူးဘူးနော်



အခြား Commnet ပေါင်းများစွာ ရှိသေးသော်လည်း ကျွန်တော်လည်း ဖုန်းနဲ့ သုံးနေရတာ ဖြစ်တဲ့အတွက် မတတ်နိုင်တော့လို့ ဆက်မတင်ဖြစ်တော့ဘူး။ ဘာလုပ်ရမလဲဆိုတာ စာဖတ်သူတို့သာ စဉ်းစားကြပါတော့

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free