ကိုသီဟဝင်းတင်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်အား ယနေ့ နံနက် ၁၀ နာရီ ခန့်က အလုံမြို့နယ် နယ်မြေခံ အထူးအဖွဲ့ ( SB- Special Branch ) ရဲအုပ်
မြင့်ဦးက နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ခေါ်ဆောင်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသည့် အကြောင်းပြချက်မျိုး ပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း ကိုသီဟ၀င်းတင်၏ မိသားစုဝင်အချို့ကပြောသည်။

““ ဖမ်းတာလားလို့မေးတော့ မဟုတ်ပါဘူး။ မေးစရာရှိလို့ပါ လို့ သူ(ရဲအုပ်မြင့်ဦး) က ပြောသွားတယ်”” ဟု ကိုသီဟ၀င်းတင်၏ မိသားစုဝင်အချို့ကပြောသည်။

ဇူလိုင်လ ၇ ရက်အခမ်းအနားမတိုင်မီ ဇူလိုင်လ ၆ ရက်က သမဂ္ဂအဖွဲ့ဝင်ကျောင်းသားအချို့အား ယခုကဲ့သို့ ခေါ်ဆောင်ထိန်းသိမ်းမှုရှိခဲ့ပြီး နောက် ယခုအကြိမ်သည် ဒုတိယမြောက်မကြိမ်ဖြစ်ကြောင်းသိရသည်။


Copy From Popular Myanmar News Facebook Page


These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free