ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီတက္ကသိုလ်ကျောင်းသား ၅၈၀ ကျော်သည် ပထမနှစ်ဝက်သာ ကျောင်းတက်ပြီး အတန်းအောင် စာမေး ပွဲကို (ယနေ့) ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကျောင်းမတက်ဘဲ ဖြေဆိုခွင့်ရရှိခြင်းမှာ နိုင်ငံတကာအဖွဲ

့အစည်း များ ၏ တွန်းအားပေးမှုကြောင့် ပြည်နယ်အစိုးရမှ ခွင့်လိုက်ခြင်းဖြစ် ကြောင်းလည်း သိရှိရပါသည်။

ကျောင်းမတက်ဘဲ အတန်းအောင်စာမေးပွဲစစ်ခွင့်ရသည်မှာ မြန်မာနိုင်ငံ အ တွင်း စစ်တွေတက္ကသိုလ်တစ်ခုတည်းသာ ရှိကြောင်းလည်းသိရသည်။ ယင်း အတွက် စစ်တွေတက္ကသိုလ်မှ ကျောင်းဆရာများအနေဖြင့် ယင်းကိစ္စနှင့်ပတ် သက်ပြီး လုံးဝကျေနပ်မှုမရှိကြောင်းလည်းသိရှိရပါသည်။

စာမေးပွဲစစ်ခွင့်ရသောကျောင်းသားများသည် ယနေ့အခါတွင် မြို့နယ်အသီး သီး ရှိ အခြေခံပညာကျောင်းများ၊ မူလွန်ကျောင်းများနှင့် ထွေအုပ်ရုံးအစရှိ သော နေရာတို့ တွင် လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရှိ ရ ပါသည်။

စစ်တွေမြို့တွင်လည်း စစ်တပ်နယ်မြေရှိ အထက ကျောင်းတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။
ကျောင်းတက်စရာမလိုဘဲ ကျောင်းသားများ စာမေးပွဲစစ်ခွင့်ရရှိနေသည်မှာ အစိုးရ၏ လုပ်ရပ်မှားယွင်းနေပြီဖြစ်ကြောင်းနှင့် တစ်နှစ်လုံးကျောင်း တက်ပြီး စာမေးပွဲဖြေဆိုသူများပင် ဆာပလီများထိနေကြကြောင်းသိရသည်။

ယခုအခါတွင် ပထမနှစ်ဝက်သာ ကျောင်းတက်ပြီး အတန်းအောင်စာမေးပွဲ စစ်ခွင့်ရရှိနေသည်မှာ မည်သို့မျှ အောင်မြင်နိုင်ခြင်းမရှိကြောင်းလည်း၊ အောင် လျင် လည်း အခန်းစောင့်ဆရာ/မ များအား ငွေပေးပြီး အောင်ရန်ကြိုးစားလိမ့် မည်ဖြစ်ကြောင်းနှင့် သို့မဟုတ်ပါက အားလုံးကို အောင်ပေးလိမ့်မည်ဖြစ် ကြောင်း တက္ကသိုလ်မှ ဆရာ/မ အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြပါသည်။


Copy From RSV Facebook page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free