1913

၂၀၁၃ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏတွင် စတင်ကျင်းပရာ တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ် လေးပွဲ၊ ဒုတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ် လေးပွဲနှင့် ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ် တစ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကညောဖိုးက စောထူးဇော်ကို အလဲထိုးအနိုင်ရပြီး ရဲမြင့်အောင်က မိုးသီးကို လည်းကောင်း၊ နိုင်ဝင်းက ကျော်ကြားကို လည်းကောင်း၊ ဒုတိယတန်း ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထူးထူးက ကျန်စစ်အောင်ကို လည်းကောင်း၊ လုံးချောလေးက ဒေါင်းသည်းခြေကို လည်းကောင်း၊ ဖိုးသားကြီးက ထက်အောင်ဦးကို လည်းကောင်း၊ သပြေညိုက ကညောထူးကို လည်းကောင်း အနိုင်ရရှိသွားသည်။ ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ်တွင် တွေ့မရှောင်က အီရန်မှ မာဆွတ်ကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့သည်။ တွေ့မရှောင်အနေဖြင့် ပထမအချီမှစ၍ လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး အီရန်လက်ဝှေ့သမား မာဆွတ်မှာ ထိထိရောက်ရောက် တုန့်ပြန်နိုင်မှု မရှိခဲ့သည်ကို တွေ့ရသည်။  ဒုတိယအချီ (၁) မိနစ်တွင် မာဆွတ် အမှတ်စဉ်ရေတွက်ခံခဲ့ရပြီး ဒုတိယအချီ ၁ မိနစ် ၄၅ စက္ကန့်၌ တွေ့မရှောင်၏ ၀ိုက်လက်သီး တွဲလုံးများကြောင့် အလဲထိုးခံရပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။


Copy From Eleven Media Group Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လင်းလင်း

ချစ်သုဝေ



ဖြူဖြူကျော်သိန်း

Jason Mraz with Phyu Phyu Kyaw Thein


Slot Machine Band's Performance 

Jason Mraz's  Performance


 





လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့်MTV EXIT တို့မှ
ပူးပေါင်း၍ လူကုန်ကူးမှု အန္တရာယ် အသိပညာပေးတေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ရက်နေ့က ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကာ ကမ္ဘာကျော်အဆိုတော် Jason Mraz နှင့်
Slot Machine တို့လာရောက်ဖျော်ဖြေခဲ့ပြီး မြန်မာပြည်မှ နိုင်ငံကျော်အဆိုတော်ဖြစ်ကြသော ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ လင်းလင်းနှင့် Rဇာနည်တို့မှလည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ထိုပွဲမှာ Free Show လည်းဖြစ်တာနဲ့ အညီ အထူးလူစည်ကားခဲ့ကြောင်း ရင်ပြင်အပြည့်လာရောက်ကြည့်ရှုခဲ့ကြကြောင်းလဲ သိရှိရသည်။ ဓာတ်ပုံများမှာ ပေါ်ပြူလာနယူးစ် ဖေ့ဘုတ်မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



မြန်မာလူမျိုးတို့၏ ဗီဇ စိတ်ရင်းသည် အလွန် ယဉ်ကျေးသည်။ ရိုးသားသည်။ သနားကြင်နာ တတ်သည်။ ရိုင်းပင်းကူညီ တတ်သည်။

ှူဒါန်းချင်သည်။ ပေးကမ်း စွန့်ကြဲချင်သည်။ လမ်းဘေးမှာ အရိပ်ရ သစ်ပင် စိုက်သည်။ သောက်ရေချမ်းစင် တည်သည်။

သာလာယံဇရပ် ဆောက်သည်။ ရေတွင်းတူးသည်။ စတုဒီသာ ကျွေးသည်။ ဒီလို လုပ်တာတွေဟာ မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်၊ အယုတ်အလတ် အမြတ်မရွေး လူသားအားလုံး အတွက်သာဖြစ

်သည်။ မြန်မာတို့၏ ဗီဇစိတ်ရင်းသည် အလွန်ကောင်းသည်။ မွန်မြတ်သည်။

မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု စရိုက်တွေထဲက လမ်း ဘေးမှာ အရိပ်ရ သစ်ပင် စိုက်ခြင်း၊ သာလာယံ ဇရပ် ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန် တူးခြင်းတွေသည် လူသားတွေ အတွက် သာမက တိရစ္ဆာန်တွေ အတွက်ပါ ရည်ရွယ်တာဖြစ်သည်။ လူသား နှင့် သတ္တဝါများ အရိပ်ခို နားကြပါစေ၊ ရေသောက်ကြပါစေ ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ဒီစေတနာကို နက်နက်နဲနဲ ခံစား နားလည် ကြည့်ပါက ပြုလုပ် တည်ဆောက်သူတို့၏ စိတ်ရင်း စေတနာကို သိ နိုင်သည်။ အလွန်လေးစား ကြည်ညိုစရာ ကောင်းသည်။

ကျွန်တော်ငယ်ငယ် အရွယ်၊ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက် ဆယ်ကျော်က ကျွန်တော်တို့ ဒေသမှာ တစ်နေရာမှ တစ်နေရာသို့ ခရီး သွားလျှင် ခြေလျင်သွားကြရသည်။ အဆင့်အမြင့်ဆုံး ယာဉ်ရထားက နွားလှည်းဖြစ်သည်။ အင်္ဂလိပ်မင်း ဖောက်လုပ် ခဲ့သည့် မော်တော် ကားလမ်းသည် ရောင်စုံသူပုန်တို့ အုပ်စိုးရာ နယ်မြေအတွင်း ကျ ရောက်နေသည့်အတွက် မော်တော်ယာဉ် အသွားအလာ မရှိတော့ဘဲ နွားလှည်းပဲ သွားလို့ရသည့် လမ်းဖြစ်ခဲ့သည်။

အဲဒီလမ်းကိုပဲ ဒေသခံ ရဟန်းရှင်လူ ပြည်သူများ အသုံးပြုခဲ့ကြရသည်။ မြို့ကိုသွားကြသည့် ဈေးရောင်း ဈေးဝယ်၊ ကျွဲ၊ နွားကုန်သည်နှင့် အလှူအတန်းပွဲလမ်း သဘင်က ပင့်ဖိတ်လို့ကြွကြသည့် ရဟန်းသံဃာတော်များပါ ခြေ လျင်ကြွကြရသည်။

အမြော်အမြင် ကြီးမားသည့် အင်္ဂလိပ်မင်း အစိုးရနှင့် ရှေးခေတ် မြန်မာလူကြီးများက လမ်းဘေး ဝဲယာမှာ အရိပ်ရ သစ်ပင်ကြီးတွေ စိုက်ခဲ့ကြသည်။ ကုက္ကိုပင်ကြီးတွေ၊ ပိတောက်ပင်ကြီးတွေ ဖြစ်သည်။ အသီးနှင့် အပွင့်ပါ စားသုံးလို့ ရသည့် သရက်ပင်ကြီးတွေနှင့် သော် ကပင်တွေ၊ လက်ပံပင်တွေပါ စိုက်ခဲ့ကြသည်။ ဆောင်းအဝင်၊ နွေ အကူး ရာသီတွေမှာ ရဲရဲနီအောင် ပွင့်ကြသည့် သော်က၊ ပေါက်နှင့် လက်ပံတွေ ကောက်ယူလို့ မကုန်၊ စားသုံးမကုန် ရှိခဲ့ကြသည်။ ဖွေး ဖွေးဖြူသည့် သခွပ်တွေ ပင်လုံးညွတ် ပွင့်ကြသည်။ ခရီးသွား ရဟန်း ရှင်လူများ အရိပ်ခို နားနေလို့ရသည့် သစ်ပင်ကြီးတွေ ရှိခဲ့တာကို မှတ် မိသေးသည်။

ရွာနှင့်ဝေးသည့် နေရာက လမ်းဘေးမှာ သာလာယံ ဇရပ် ဆောက်ထားကြသည်။ အမိုးနှင့် အကာသုံးဖက်သာ ရှိသည့် အဆောက်အအုံဖြစ်သည်။ ပျဉ်ခင်း၊ ပျဉ်ကာပြီး သွပ်မိုးထားသည်။

ခရီးသွားများ အိပ်စက် နားနေလို့ ရအောင်အထိ ရည်ရွယ်ပြီး ဆောက် ပေးထားတာဖြစ်သည်။ ဇရပ်အနီးမှာ ရေချိုတွင်း တူးပေးထားသည်။ ကျောက်ဂွေချပြီး စက်သီးတပ်ကြိုးဖြင့် ဆွဲခပ်လို့ရသည့် ရေပုံးပါ အသင့် ပြုလုပ် ပေးထားသည်။

သာမည စေတနာမဟုတ်၊ မိမိအကျိုး မပါ၊ မောပန်းလာသူတွေ နားကြပါစေ၊ ရေအေးအေး သောက်ကြပါ စေဆိုသည့် စေတနာသာဖြစ်သည်။ မြန်မာဆိုတာ တကယ်စိတ်ရင်း စေတနာ ကောင်းခဲ့သည့် လူမျိုးဖြစ်သည်ဆိုတာကို သက်သေပြခဲ့ သည့် သာဓကတွေဖြစ်သည်။

အဲဒီလို ဗြဟ္မစိုရ် တရားဖြင့် နေထိုင်ခဲ့ကြသည့် မြန်မာလူမျိုး တို့ရဲ့ ကောင်းမွန်တဲ့ ဗီဇစရိုက်တွေကို အာဏာရှင် အုပ်ချုပ်သူ တစ်စု က စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။ မိမိတို့ အာဏာတည်မြဲ ဖို့၊ မိမိတို့ ချမ်းသာဖို့ အတွက် ထင်ရာစိုင်းသည့် အုပ်ချုပ်သူ အာဏာ ရှင်က သူလုပ်ချင်တာလုပ်သည့် စီးပွားရေးစနစ်ကို စမ်းသပ် လုပ်ကိုင် ခဲ့သည်။

တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ စရိုက် ပျက်ခဲ့ရသည်။ ပြည် သူတွေဆင်းရဲပြီး စားဝတ်နေရေး ကျပ်တည်း လာသည့်အခါ အကျင့် စာရိတ္တ ပျက်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်း စား၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော စိတ်တွေ မွေးလာကြသည်။
မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေကို ဖျက်ဆီး ခံလိုက်ရ သည့်အခါ ရိုးသားခဲ့ကြသည့် ပြည်သူတွေဟာ သူခိုး၊ ဓားပြတွေ ဖြစ်လာသည်။

လမ်းဘေးက အရိပ်ရ သစ်ပင်ကြီးတွေ ခုတ်လှဲ ခံရ သည်။ သာလာယံဇရပ်က ပျဉ်ခွာ၊ သွပ်ခွာ၊ တိုင်ချွတ် ယူကြသည်။ ရေချို တွင်းထဲ အမှိုက်ပစ် ထည့်သည်။ စိတ္တသုခ ရေချမ်းစင်က သောက်ရေ အိုးနှင့် သောက်ရေခွက်ကို အိမ်မှာသုံးရန် ယူသွားကြသည်။ ပြည်သူ့ ဝန်ထမ်းတွေက ပြည်သူ့ဝန်ကို မထမ်းတော့ဘဲ တိုင်းပြည်ဘဏ္ဍာကို ခိုးကြသည်။

ပြည်သူ့အသက်နှင့် အိုးအိမ်ကို ကာကွယ်ရမည့် လက် နက်ကိုင်အဖွဲ့က ဓားပြအကြီးစားတွေ ဖြစ်သွားကြသည်။ နှမြောစရာ ကောင်းလိုက်တာ၊ ရှက်စရာ ကောင်းလိုက်တာ၊ တိုင်းပြည်အတွက် နစ်နာလိုက်တာဟု တွေးမိပါသည်။ အစဉ်အလာ ကောင်းခဲ့သည့် မိကောင်းဖခင် သားသမီးတွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ ဝန်ထမ်းအဖွဲ့ အစည်းတွေနှင့် ပြည်သူတွေရဲ့ ဗီဇစရိုက်ကောင်းတွေကို အာဏာရှင် က သူ့အာဏာတည်မြဲဖို့အတွက်၊ သူလုပ်ချင်တာ လုပ်ဖို့အတွက် စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။

မိမိအုပ်ချုပ်မည့် တိုင်းပြည်မှာ လူတော်တွေ၊ ပညာတတ်တွေ မရှိမှ တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်ကူသည် ဆိုသည့် အတွေး အခေါ် ရှိသည့်အတွက် လူတော်တွေ ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေ နိုင်အောင် လုပ်ပစ်ခဲ့သည်။ ပညာရေးကို အဆင့်အတန်း မရှိအောင် လုပ်ပစ်လိုက်သည်။ ငါးနှစ်မျှ အသည်းအသန် ကြိုးစားရသည့် ဝိဇ္ဇာ ဘွဲ့ကို ကျောင်းပြေးရင်း သုံးနှစ်မျှ နေရုံဖြင့် ဘွဲ့ပေးလိုက်ပြီး ကျောင်း နှင့် ဝေးကွာသွားအောင် လုပ်ပစ်ခဲ့သည်။ ကျောင်းသားတွေ စုစည်း မရအောင်၊ အလှမ်းဝေးသည့် ဒေသတွေမှာ ပြန့်ကျဲနေအောင် စနစ် တကျ ဆောင်ရွက်ခဲ့သည်။

အစိုးရ ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်လျှင်ပြီးရော ကျန်တာ လုပ်ချင်တာလုပ် ဆိုသည့် သဘောဖြင့် လွှတ်ပေးထားပြီး မျက်စိ မှိတ်နေသည်။ အကျင့်ပျက် ဝန်ထမ်းတွေ ဖြစ်အောင် တမင်လွှတ် ကျောင်းထားခဲ့သည်။ စားချင်သလို ဝင်စား၊ ဆွဲစားတာကို သိနေခဲ့ သည်။ ကြည့်နေခဲ့သည်။ နိုင်ငံရေး လုပ်လျှင်ဖြစ်စေ၊ မိမိကိုအာခံ လျှင်ဖြစ်စေ၊ စားမှု၊ ဝါးမှုတွေဖြင့် အရေးယူနိုင်အောင် စနစ်တကျ မှတ်တမ်း တင်ထားပြီးဖြစ်သည်။ အာဏာရှင်ကို အာခံသည့်နေ့မှာ အကျင့်ပျက်မှုဖြင့် အရေးယူ ခံရတော့မည်ဖြစ်သည်။ အကျင့်ပျက်နေ သည့် ဝန်ထမ်းသည် အာဏာရှင် အကြိုက် လိုက်လုပ်ပေးနေရတော့ သည်။

ကျက်သရေ မင်္ဂလာရှိသည့် ဒီမိုကရေစီ နိုင်ငံရေးအရုဏ်ဦး ကာလမှာပင် မြန်မာတို့၏ မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေ ငုပ်လျှိုးနေရာမှ ခေါင်းထောင်ထလာပြီဟုယူဆရသည့် မင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားသိ လိုက်ရသည်။ မြန်မာ့စိတ်ရင်းက ဒီ အတိုင်းသာ ဖြစ်သည်လို့ ယုံကြည်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ကြာသပတေးနေ့ နံနက် က မလွှကုန်းဘူတာပလက်ဖောင်းပေါ်မှာ အသက် ၁၉ နှစ်သာရှိ သေးသည့် မခင်သန္တာဌေးကလေးမီးဖွားသည်။ ခင်သန္တာဌေးသည် ဆင်းရဲနွမ်းပါးသူဖြစ်သည်။ အဘွားအိုနှင့်အတူနေရသူဖြစ်သည်။ ခင်ပွန်းကလည်း နေ့စေ့လစေ့ဗိုက်ကြီးသည်ဇနီးကိုထားခဲ့ပြီး ပိုက်ဆံ ရှာဖို့ ခရီးထွက် နေရသည်။ ဗိုက်ကြီးသည်ကလည်း ကြုံရာကျပန်း လုပ်ပြီး ပိုက်ဆံရှာရန် သွားဖို့ အတွက် ရထား စောင့်နေစဉ် ဗိုက်နာ လာတာ ဖြစ်သည်။

ဗိုက်ကြီးသည် မိန်းကလေး ဗိုက်နာလို့ ငိုညည်း နေသည့်အခါ ခရီးသည် အမျိုးသမီးတွေနှင့် ဈေးသည် အမျိုးသမီးတွေက ဝိုင်းအုံ လာကြပြီး ဖေးမ ကူညီကြသည်။ ကလေးထွက်ချင်လို့ ရေမြွှာပေါက်ပြီ ဆိုသည့်အခါ ရရာ အဝတ်တွေဖြင့် ပတ်ကာပြီး မီးနေခန်းလေးဖြစ် အောင် ပလက်ဖောင်းပေါ်မှာပင် လုပ်လိုက်ကြသည်။ အတွေ့အကြုံ ရှိသည့် ဈေးသည် ဒေါ်မြမြကြည်က ဦးဆောင်ပြီး မခင်သန္တာဌေး၏ သမီးဦးလေးကို မွေးဖွားပေးလိုက်ကြသည်။ ဘူတာရုံက လက်မှတ် ရောင်း ဝန်ထမ်း ကိုနိုင်ဝင်းက ကရုဏာကြေး အလှူခံရာ ခရီးသည် တွေနှင့် ဈေးသည်တွေက ထည့်ဝင် လှူဒါန်းကြတာ ၅၃၀၀၀ ရသည်။ မိခင် မခင်သန္တာဌေးနှင့် မွေးကင်းစ သမီးလေးတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ လိုက်ကြသည်။ အဲဒါမြန်မာ့စိတ်ရင်းဖြစ်သည်။

မြန်မာလူမျိုးတို့၏ ပင်ကို စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်း တွေသည် အာဏာရှင်၏ စနစ်တကျ ဖျက်ဆီးခြင်း ခံရလို့ နှစ်ပေါင်းငါးဆယ်မျှ ပျက်စီး နေခဲ့ရသော်လည်း ဒီမိုကရေစီ အနံ့အသက် ရလာသည်နှင့်တစ်ပြိုင်နက် သက်ဝင် လှုပ်ရှားလာတော့သည်။ သင်း သတ်ခံထားရသည့် မြန်မာ့စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်းတွေ ခေါင်းထောင်ထလာပြီး မသေသေးဘူး ဆိုတာကို မခင်သန္တာဌေး၏ အဖြစ်က သက်သေ ပြလိုက်တာဖြစ်သည်။

မြန်မာနိုင်ငံကို တစ်ခါမျှ မလာဖူးသည့် အမေရိကန် သမ္မတ လာတော့မည် ဆိုသည့် သတင်းကို ကြားကာမျှဖြင့် မြန်မာတို့၏ စိတ် ရင်းကောင်းတွေပြန်ပေါ်လာတာ များလား လို့တောင် တွေးတော စရာ ဖြစ်နေသည်။

သမ္မတအိုဘားမား မရောက်မီ လေးရက်အလိုမှာ မခင်သန္တာဌေး ကိစ္စ ပေါ်ပေါက် ခဲ့တာဖြစ်သည်။

တိုက်ဆိုက်မှု ဖြစ်နိုင် သော်လည်း နှစ်ပေါင်းငါးဆယ်မျှ သင်းသတ် ခံခဲ့ရသည့် မြန်မာ့ဗီဇ စိတ်ရင်း မသေသေးတာ ကတော့ သေချာသည်။

အဏ္ဏဝါစိုးမိုး

Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။


“တပ်မတော်က လုံခြုံရေး လိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့ စာရင်းကို တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

မိုင်းဆတ် ခရိုင် အတွင်းရှိ ဘိန်းခင်းများကို မူးယစ် ဆေးဝါနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ကာကွယ် တားဆီးရေး အဖွဲ့၊ ဌာနဆိုင်ရာ များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပါဝင်သော အဖွဲ့ ၁၂ဖွဲ့ဖြင့် သွားရောက် ဖျက်ဆီးခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ထော့ထမ်မိုင် ကျေးရွာမှ ဒေသခံ တစ်ဦးကမူ “ဒီနှစ်တော့ ဘိန်းအထွက် နည်းနိုင်တယ်။ မိုးရွာတော့ ဘိန်းခင်း တော်တော်များများ ပျက်စီး တယ်လို့ ကြားတယ်” ဟု ဆိုသည်။

မြန်မာ နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ရုံး၏ အစီရင် ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသ များမှာ ရှမ်းပြည်နယ် ၏ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဖြစ်ကြပြီး ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးခြင်း ဖြစ်သည်ဟု အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ဘိန်းတန်ချိန် ၆၁၀ တန်ချိန်မှ ၆၉၀ တန်ချိန် တိုးမြှင့် ထုတ်လုပ် ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၅၉ သန်းဖိုး ထုတ်လုပ် ခဲ့သည်ဟုလည်း ပါရှိသည်။

မင်းဇော် (မိုင်းတုံ)


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?

အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။

ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။

ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။

ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။

အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။

ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲတိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။ အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွှတ်နိုင်ရသတဲ့...

ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ... အမေ!

ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာကသိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့မနက်စာဖြစ်တယ်။

ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။

ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ "စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်" လို့ တွေးနေမိတယ်။

ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကိုမေးတယ်။

"သူဒီလောက် ငယ်တာ... သူ့မေမေရော?"

ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။

အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင်ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ?

ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။

မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။

တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကနေကျွန်မခွါခိုင်းတယ်။ ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။

အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့တယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်ထဲ တောထဲပြောင်းရွေ့သွားကြပြီ။ အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။

မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။

ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။ ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။

ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး... ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ.......


မူရင်းလင့်-- http://book.qq.com/s/book/0/10/10929/47.shtml
Copy From နိုင်းနိုင်းစနေ


--
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသည့် ပေါ်ပြူလာ ဖန်စီ စတိုးဆိုင် မှ အသက် (၁၄)နှစ် အရွယ် အလုပ်သမ မိန်းကလေး ငယ်ကို အဓ္ဓမ ပြုရန် ကြံစည်သည့် အိမ်ရှင် အမျိုးသား ကို အမြန်ဆုံး တရား စွဲဆို သွားမည် ဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ချစ်လွင်က ပြောကြားသည်။

အထက်ပါ အဓ္ဓမ ပြုရန် ကြံစည် သူမှာ ဦးဝင်းနိုင် ဖြစ်ပြီး လှိုင

်မြို့နယ် ရဲစခန်း တွင် (ပ) ၆၁၂/၂၀၁၂ ပုဒ်မ ၄၄၇၊ ၃၅၄၊ ၅၀၆၊ ၅၀၉ တို့ဖြင့် ဒီဇင်ဘာလ (၆)ရက် နေ့က အမှုဖွင့် ထားကြောင်း ဒုရဲအုပ် ချစ်လွင် က ပြောကြား သည်။

လက်ရှိ အချိန်တွင် အမှုဖွင့် ထားသူကို လှိုင်မြို့နယ် ရဲစခန်းမှ ဖမ်းဆီး ထားခြင်း မရှိဘဲ အာမခံ ဖြင့် လွှတ်ထား ပေးကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူ တို့က တူညီစွာ ပြောဆိုသည်။ ထိုသို့ အဓ္ဓမ ပြုရန် ကြံသူကို အာမခံ ပေးထားခြင်း မှာ မိန်းကလေးငယ် အတွက် အသက် အန္တရာယ် နှင့် သော်လည်းကောင်း၊ ခိုးယူခြင်း ကဲ့သို့သော ဖြစ်ရပ် မျိုးနှင့်သော် လည်းကောင်း ကြုံတွေ့ နိုင်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ လှိုင်မြို့နယ် ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီမှ ညှိနှိုင်း ဆောင်ရွက်ရေးမှူး က ပြောကြားသည်။

ယင်း ကိစ္စနှင့် ပတ်သက်၍ ဒုရဲအုပ် ချစ်လွင်က “အဓ္ဓမ ပြုရန် ကြံတယ် ဆိုပြီး လာတိုင်တဲ့ အချိန် တုန်းက သူတို့ ဖွင့်ခဲ့တဲ့ အမှုက အာမခံ ပေးလို့ ရတဲ့ အနေအထား မို့ အာမခံ ပေးခဲ့ ရတာပါ” ဟု ဆိုသည်။

အိမ်ရှင် ဖြစ်သူ ဦးဝင်းနိုင်သည် ဆိုင်တွင် အမျိုးသမီးငယ် နှင့် နှစ်ဦးတည်း ရှိသည့် အချိန်များ တွင် ဖက်နမ်းခြင်း၊ ပွေ့ဖက်ခြင်း များကို ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက စတင် ပြုလုပ် ခဲ့ပြီး မိခင်အား တိုင်တန်းခြင်း (သို့မဟုတ်) ရဲအား တိုင်ခြင်းများ ပြုလုပ်ပါက သတ်ပစ်မည် ဟု ခြိမ်းခြောက် ခဲ့ကြောင်း အသက် (၁၄)နှစ် အရွယ် မချစ်ငြိမ်းသွယ် က ၎င်း ကြုံတွေ့ ခဲ့ရမှု များကို ပြောပြ သည်။ အဆိုပါ ချစ်ငြိမ်းသွယ်တို့ သားအမိမှာ ဦးဝင်းနိုင် အား အကြွေးများ ပေးဆပ်ရန် ရှိကြောင်း ရပ်ကွက် အတွင်း နေထိုင်သူ များ ထံမှ သိရသည်။

Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဖွံ့ဖြိုးရန် အသင့်ဆုံး နိုင်ငံတွေ ထဲတွင် ပါဝင်သည်မှာ ကြာမြင့် လှပြီး ယခုချိန်ထိ မဖွံ့ဖြိုးသေးသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မည်သည့်အခါတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမည်လဲ။

အောင်မြင်ရန် အလားအလာ အင်မတန်ကောင်းသော နိုင်ငံ အဖြစ် လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကတည်းက မြန်မာနိုင်ငံ သည် စာရင်းပေါက် အင်းပေါက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး မရမီ၊ ရပြီးစက ရေးသား ထုတ်ဝေခဲ့သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး စာအုပ်များကို ကြည့်လိုက်လျှင် အာရှဒေသမှ အလားအလာ အင်မတန် ကောင်းသော နိုင်ငံဟု မြန်မာနိုင်ငံကို ဟောကိန်း ထုတ်ကြသည်ကို မြင်တွေ့ရမည်။မြန်မာနိုင်ငံသည် မကြာမီ ရှေ့ရောက်လာမည့် နိုင်ငံ၊ ထွန်းပေါက်မည့် နိုင်ငံ။

သို့သော် လွတ်လပ်ရေးပင် ရမည် မကြံသေး။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်။ အားလုံး ကြိမ်မီး အုံးသလို ပူဆွေး သောကရောက်ကြ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသလို၊ တောက်တခေါက်ခေါက် သေနတ်တပြင်ပြင်နှင့် လက်တုံ့ပြန်မည် ဆိုသူ ကလည်း တကဲကဲ။ ပျော်မည်မှ မကြံသေး ရင်ဝ ဆို့စရာ ကြုံရသည် ကိုး။ သို့နှင့် တထိတ်ထိတ် တလန့်လန့်နှင့်ပင် လွတ်လပ်ရေး ရခဲ့သည်။
လွတ်လပ်ရေး ရသည်နှင့် အိမ်ကြက် အချင်းချင်း သဲကြီးမဲကြီး ခွပ်ပွဲကြီး စခဲ့သည်။ အင်္ဂလိပ်နှင့် ဂျပန်ကို တိုက်ရာတွင် ကျောချင်းကပ် ခဲ့သော ရဲဘော်ရဲဘက်တို့၏ သေနတ်ပြောင်းဝများ အချင်းချင်းဘက် သို့ လှည့်ကြပြီ။ အမှန်တွင် လွတ်လပ်ရေး မရခင်ကတည်းက တောခို သည့် အဖွဲ့က တောခိုခဲ့ပြီ။ လွတ်လပ်ရေးလည်း ရရော ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် စုံအညီနှင့်။ ဝါဒ အခြေခံသော အလံဖြူ၊ အလံနီ ကွန်မြူ နစ်များ၊ တောခိုရဲဘော်များ၊ လူမျိုးရေး အခြေခံသော KNDO ကဲ့သို့ အဖွဲ့များနှင့် သိုက်သိုက်မြိုက်မြိုက်။ အလံစုံ၊ အရောင်စုံ လွန်းသော ကြောင့် ရောင်စုံ သူပုန်ဟု ကင်ပွန်းတပ် ရသည်အထိ။

သောင်းကျန်းသူ တပ်များ ရန်ကုန် အနီးတစ်ဝိုက်ကို ထိုးစစ်ဆင်နေပြီး တစ်နိုင်ငံလုံး တွင် အခရာ ကျသောမြို့ကြီးများ ကျကုန် သောကြောင့် ရန်ကုန်မြို့ကို သာ အစိုးရသည့် ရန်ကုန်အစိုးရ (Yangon Government) ဟု နိုင်ငံခြား သတင်းစာများက ထေ့ငေါ့ ခံရသည့် အခြေဆိုက်သည်။နောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်မှုများ တဖြည်းဖြည်း အရှိန်ကျ သွားပြီး တည်ဆောက်ရေးဘက် ဦးလှည့် လာနိုင်လာတော့ နာမည်ကြီး တည်ဆောက်ရေး အကြံ ပြည်တော်သာ စီမံကိန်းနှင့် တိုးပြန်သည်။လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခရှစ်ရာ (ထိုစဉ်က လခရှစ်ရာ) ရစေမည် ဆိုသော ဧရာမ ရည်မှန်းချက်နှင့်။ အကြောင်း ကြောင်းကြောင့် ထိုစီမံကိန်းလည်း အကြီးအကျယ် ကျရှုံးကာ ပြည်တော် မသာနိုင်ဘဲ အောင်ဖျာ လိပ်ရသည်။

၁၉၄၈ နှင့် ၁၉၆၂ ကြားကာလကို ရုတ်တရက်ကြည့်လျှင် ရွှေခေတ်ဟု ထင်ရသည်။ ဒီမိုကရေစီရှိ၊ သတင်းစာ လွတ်လပ်ခွင့်လည်း ရှိသည်။ သို့သော် ခေတ်က ပေးလာသော အခွင့်အရေးကို ရအောင်ယူ၊ တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြ။ ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုများ၊ အာဏာရ ပါတီတွင်း အကွဲအပြဲများကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် ချို့ယွင်း ခဲ့သလို နိုင်ငံတွင်း လူသား အရင်းအမြစ် အားနည်းခြင်းကို မကုစား နိုင်ခဲ့သောကြောင့်လည်း ပါသည်။

၁၉၆၀၊ ၇၀၊ ၈၀တို့တွင်လည်း မြန်မာနိုင်ငံသည် အာရှမှ အလားအလာ အကောင်းဆုံး နိုင်ငံများ စာရင်းတွင် ပန်းပန်လျက်။ တော်လှန်ရေး ကောင်စီနှင့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ နှစ်ခု ပေါင်းထား သော ထိုကာလ ၁၉၆၂-၁၉၈၈ သည် ဖွံ့ဖြိုးရေး အရ တည်တည် ငြိမ်ငြိမ်နှင့် ထိုးဆင်းနေသောကာလဟု သတ်မှတ်ရမည်။ နိုင်ငံကို တံခါးပိတ် လိုက်ခြင်းကြောင့် အကောင်းရော အဆိုးပါ ဝင်မလာတော့။ အကောင်းဝင်မလာခြင်းကများပြီး ပြည်တွင်းတွင်လည်း တော်သူ အပြတ် ရှင်းဝါဒကြောင့် ကြိုးစားလိုစိတ် ပျောက်ကွယ်ကာ ဘက်ပေါင်းစုံတွင် ချွတ်ခြုံ ကျခဲ့သည်။ ဆိုရှယ်လစ် နိုင်ငံ တည်ထောင်ရေး ဆိုပြီး ဟစ်ကြွေး ခဲ့သော်လည်း ထိုစနစ်မျိုးကိုသာ ဆိုရှယ်လစ် စနစ်ဟု ခေါ်ရလျှင် ဆိုရှယ်လစ် စနစ် နာမည်ပျက် ရရုံသာ ရှိကြောင်း လာရောက် လေ့လာ သွားသော ဆိုရှယ်လစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မှတ်ချက် ပြုသွားကြောင်း ကြားခဲ့ရသည်။ အားလုံး သာတူညီမျှ တိုးတက်ရ မည်ဆိုသော ဆိုရှယ်လစ်စနစ်၏ ရည်မှန်းချက်နှင့် တစ်စိတ်တစ်ပိုင်း ကိုက်ညီပြီး လူတန်းစား မညီမျှမှု နည်းသော်လည်း အားလုံး တိုးတက် ခြင်းမဟုတ်၊ အားလုံးမွဲကြရသော ညီမျှမှုမျိုး ဖြစ်နေသည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းသို့ ထိုခေတ်တွင်ပင် မြန်မာနိုင်ငံ တရားဝင် ရောက်ရှိခဲ့သည်။

ထိုသို့ဖြင့် ၁၉၈၈ တွင် ဆိုရှယ်လစ် အစိုးရ ဝုန်းခနဲ ဒိုင်းခနဲ ပြုတ်ကျသွားကာ တပ်မတော် အစိုးရ တက်လာသည်။ တံခါးတစ်ဝက် တစ်ပျက် လှစ်ဟလိုက်ရာ စီးပွားရေး နှစ်အနည်းငယ် တက်ခဲ့သော် လည်း နောက်ပိုင်းတန့်ကာ ပြန်လည် ကျဆင်းသွားခဲ့သည်။ စီမံခန့်ခွဲမှု အားနည်းရသည့် အထဲ ပြည်ပမှ အရေးယူ ပိတ်ဆို့မှုများက ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း။ ပညာရေးပိုင်းတွင် လူများများ ပညာသင်နိုင်အောင် (Mass Education) ကြိုးစားမှု မြင်တွေ့ရသော် လည်း အရည်အသွေး ထိုးကျသွားသည်။ ကျန်းမာရေးတွင်လည်း ထိုနည်းလည်းကောင်း။ စီးပွားရေး အခွင့်အလမ်း အချို့ တက်လာသော် လည်း စီးပွားရေး လည်ပတ်ပုံမှာ မူမမှန် ပုံပျက်ပန်းပျက်။ ငွေကြေး ဖောင်းပွမှုမြင့်မား၊ ဈေးနှုန်းများ ကပြောင်းကပြန်၊ စီးပွားရေး ရေခံ မြေခံ ညံ့ဖျင်းသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာမူ အလားအလာ အကောင်းဆုံး နိုင်ငံများထဲတွင် ပါနေဆဲ။

မြန်မာနိုင်ငံ မမောနိုင် မပန်းနိုင် အလားအလာကောင်းများ ဆက်လက် ပိုင်ဆိုင် နေဆဲတွင် မြန်မာလောက် အလားအလာ မကောင်း ဟု အထင်ခံရသော နိုင်ငံများ၊ တန်းတူ အလားအလာကောင်း နိုင်ငံများ သည် ဖြတ်တက်သွားခဲ့ပြီ။ ပြိုင်တူလောက် လွတ်လပ်ရေး ရခဲ့သောတောင်ကိုရီးယားနှင့် ၁၉၆၀ လောက်အထိ မတိမ်းမယိမ်းသာ။ ယခုမူ တောင်ကိုရီးယားကို ယှဉ်တွေးရန် ဝေးစွ၊ ခေါင်းထဲတွင် ထည့်စရာ မလို တော့လောက်အောင် ဟိုးအဝေးကြီးတွင် ရောက်နေခဲ့ပြီ။

၁၉၉၀ ခန့်က ပြိုင်တူနီးနီး တံခါး ဖွင့်ခဲ့သော ဗီယက်နမ် အာရှ၏ ပဉ္စမကျားဟုပင် တင်စားခံနေရပြီ။ ဗီယက်နမ် ဆိုသည်မှာ အမေရိကန်နှင့်ဖြစ်သော စစ်ကြောင့် ကြေမွခဲ့ပြီး သန်းချီသေခဲ့သည်။ ရဲရဲတောက် တပ်နီများနှင့် ကမ္ဘာ့ လူဦးရေ အများဆုံး ကွန်မြူနစ် နိုင်ငံဖြစ်ခဲ့သော တရုတ်နိုင်ငံ ၁၉၈၀ လောက်တွင် စပြောင်းလိုက်သည်မှာ နှစ် ၃၀ လောက်နှင့် နိုင်ငံသား သန်းရာချီပြီး ဆင်းရဲတွင်းထဲမှ ဆွဲထုတ် လိုက်နိုင်သည်။ ခမာနီ မတရား ညှဉ်းပန်း သတ်ဖြတ်သောကြောင့် အပြစ်မဲ့ပြည်သူ တစ်သန်းလောက် သေကျေကာ ပညာတတ် မျိုးဆက် တစ်ဆက် ပျောက်ခဲ့သလို နိုင်ငံ ကြေမွခဲ့သည့် ကမ္ဘောဒီးယား ကဲ့သို့ နိုင်ငံပင် ကျွန်တော်တို့၏ ရှေ့တွင်ရောက်နေပြီ။ လာအိုကဲ့သို့ ကုန်းတွင်းပိတ် နိုင်ငံ ပိစိကွေးပင် ကျွန်တော်တို့ထက် သာသည်။ အဝေးပြေး လမ်းမကြီးများ ဖြောင့်လှဖြူးလှသလို လက်ကိုင်ဖုန်းများကို မြန်မာငွေ သုံးလေးထောင်လောက်နှင့် ကျွန်တော် မှတ်မိသလောက် လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်လောက် ကတည်းက ကိုင်နေခဲ့ကြသည်။

၂၀၁၁ တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ တဖြည်းဖြည်းနှင့် အရှိန်ရလာပြီး တကယ်ပြောင်းပြီဟု ပြည်တွင်း ပြည်ပ အသိအမှတ် ပြုလာခဲ့သည်။ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ် တစ်ကမ္ဘာလုံးက တစ်ခဲနက် ဟစ်ကြွေး လာကြသလို အူလှိုက်သည်းလှိုက် စိတ်ဝင်တစား ပူးပေါင်း ဆောင်ရွက် ချင်လာ ကြသည်။ စိတ်ပျက် အားလျော့ရသော ဘဝမှ မြန်မာတို့ စိတ်အားတက် ရသည်၊ မျက်နှာပွင့် ဝင့်ကြွား လာနိုင်သည်။ သို့သော် ယခင်ကာလများကဲ့သို့ ”အလားအလာ ကောင်းသည်” နှင့်ပင် ရပ်သွား ဦးမည်လား။ အခွင့်ကောင်းတွေကို ယခင်ကလိုပင် လက်လွှတ် ကြရဦးမည်လား။ ထူးမခြားနား ဇာတ်ခင်းကြဦးမည်လား။

မြန်မာနိုင်ငံတွင် လုပ်ဆောင်စရာများက များပြားလှသည်။ အနှစ်နှစ် အလလက မရှင်းခဲ့သည့် ပြဿနာများ၊ အသစ်မွှေးခဲ့သည့် မီးများ၊ နိုင်ငံတကာတွင် ပြောင်းလဲသွားသော အခြေအနေများကြောင့် ပြဿနာသစ်များ၊ ရည်မှန်းချက် ကြီးကြီးများနှင့် ချက်ချင်းလက်ငင်း နေ့မဆိုင်း ညမဆိုင်း လုပ်ရမည့် အလုပ်များက တောင်လိုပုံ။ လုပ်စရာ တွေက များလှသည့် အထဲ လုပ်မည့်သူ၊ လုပ်နိုင်သူမှာလည်း ပညာရေး ယိုယွင်း ခဲ့သောကြောင့်ရော၊ လူတော် အများအပြား အပြင်ထွက်သွား သောကြောင့်ရော နည်းလွန်း လှသည်။ လူသားရင်းမြစ် မဟုတ်သော ငွေကြေးကဲ့သို့ အရင်းအမြစ်မှာလည်း ပြတ်လပ် နေသည်။

အရင်းအမြစ် ပြဿနာကြောင့် လုပ်ဆောင်စရာ အားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်သည့်အတွက် ဦးစားပေး လုပ်ရမည့်အရာများ ရွေးရဦးမည်။ တစ်ခါ ဦးစားပေးစရာ ရွေးလိုက်လျှင်ပင် ဦးစားပေးများ ကိုယ်တိုင်က အင်မတန်မှ များနေသေးသည်။ ထို့ကြောင့် ဦးစားပေး များ အနက်တွင်မှ အလွန့်အလွန် အရေးကြီးသော ဦးစားပေး အရာများ ကို သေသေချာချာရွေးပြီး အရင်ဆုံး ဆောင်ရွက်ရမည်။ “သစ်တစ်ပင်စိုက်ရန် အကောင်းဆုံး အချိန်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခု” “The best time to plant a tree is twenty years ago. The second best time is now”ဟူသောစကားပုံသည် မြန်မာ့ အခြေအနေနှင့် ကိုက်ညီလှသည်။

မြန်မာနိုင်ငံကို တည်ထောင်ရန် အကောင်းဆုံး အချိန်မှာ လွတ်လပ်ရေးရပြီး စလွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခုဖြစ်သည်။ မြန်မာနိုင်ငံသားတို့ စောင့်ဆိုင်း ခဲ့ရသည်မှာ ကြာမြင့်လှပြီ။မြန်မာနိုင်ငံ တည်ထောင်ရန် တတိယ အကောင်းဆုံး အချိန်သို့ မရောက် စေလိုတော့။


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free