မတ်လ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် နတ်စင်ကုန်းကျေးရွာသားများ ထော်လာဂျီဖြင့် ၀ါးရောင်းပြီး ပြန်လာစဉ် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ခဲနှင့် ထုသဖြင့် ဦးထွန်းနိုင်ဆိုသူမှာ ဒဏ်ရာရရှိခဲ့ပြီး ထော်လာဂျီမှန်ကွဲသွားကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကပြောသည်။

ကော့မှူးမြို့နယ်တွင် ၀င်ရောက် အရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမင်း၏ ဆိုင်းဘုတ်အား လေးခွဖြင့်ပစ်သည်ဟုစွပ်စွဲကာ ယခုကဲ့သို့ ခဲဖြင့်ထုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


“ ကျွန်တော်တို့ က ၀ါးရောင်းပြီးပြန်လာတာ။ နောက်ကနေ သူတို့တွေကဆိုင်ကယ်နဲ့လိုက်လာပြီး ခဲနဲ့ထုသွားတာ။ တကယ်က ကျွန်တော်တို့လုပ်တာလည်းမဟုတ်ဘူး။ လုပ်ရအောင် လေးခွလည်းမပါဘူး ” ဟု ဦးဝင်းနိုင်ကဆက်ပြောသည်။


ထိုသို့ခဲဖြင့်အထုခံရသဖြင့် ဦးထွန်းနိုင်မှာ နှုတ်ခမ်းပေါက်ခဲ့ပြီး ခြေသလုံးတွင်လည်း ထော်လာဂျီမှန်ကွဲစများ စူးကာ ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ၀ိုင်ပီအိုင်မှဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိကြောင်း ပါတီဝင်တစ်ဦးကပြောသည။်

ယခုကိစ္စအားသက်ဆိုင်ရာ ကျေးရွာလူကြီးများထံတိုင်ကြားထားကြောင်း ယခုကဲ့သို့ ခဲဖြင့်ထုသူများမှာ အဖျောက်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုးသန်းဦးပါ ၈ ဦးဖြစ်ကြောင်း ဦးဝင်းနိုင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ကော့မှူးခရီးစဉ်တွင် အန်အယ်လ်ဒီပါတီ ကြိုဆိုထောက်ခံသူများ

့ YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free