နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့တွေ့ဆုံစကားပြောခဲ့သော အခမ်းအနားတွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေးငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေးပြောကြားခဲ့သည်။ “ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့လူရှိလား။ မရှိဘူးနော်။ ဒိုင်တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။ အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေးရော” ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်ငွေရရှိရန် စီစဉ်ပေးခြင်းသည် ဓာတ်မြေသြဇာ ဝယ်ယူသုံးစွဲရန်အတွက် ဖြစ်သော်လည်း အတင်းအကျပ် မဝယ်ခိုင်းလိုကြောင်း သမ္မတကြီးက ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက်ဆက်လက်၍လည်း “ခင်ဗျားတို့တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီး။ ပြန်တောင်းဖို့ပဲ ရှိတော့တယ်။” ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများလည်း “ဟုတ်ကဲ့ သိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ လယ်သမားများအား ပုလဲသွယ်စပ် မျိုးစပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းနှုန်းဖြင့် ကြိုတင်ငွေ နှစ်သိန်းစီအား ဧက ၂၀၀ အတွက် စုစုပေါင်းကျပ်သိန်း ၄၀၀ ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းကြိုတင်ချေးငွေများအား တစ်တင်းဆံ့ ပလတ်စတစ်အိတ်ဖြင့် ထည့်ကာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ရန်ပြင်ဆင်လျက်ရှိသည့် လူရွယ်တစ်ဦးကမူ “လောလောဆယ် လက်ထဲတော့ ငွေရောက်လာပြီ။ သုံးချင်တာတွေကတော့ အများကြီးပဲ” ဟူ၍ ပြောသည်။ အောင်ချမ်းသာကျေးရွာနှင့် အနီးရှိ ရွာတစ်ရွာတွင်မူ ဘုန်းတော်ကြီးတစ်ပါးက ကူညီထုတ်ချေးလိုက်သော ငွေများကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာသော အသုဘဖဲဝိုင်းတွင် ဝင်ရောက်ဆင်နွှဲလိုက်ကြရာမှ အားလုံးနီးပါး ရှုံးသွားကြကြောင်းလည်း ဒေသခံများက ပြောကြသည်။ နှစ်လုံး၊ သုံးလုံး (ချဲ) ထီမှာ မြန်မာလူထုအတွင်း အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများအဓိက ကစားလေ့ရှိပြီး သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ၂၀၁၁ တွင် လျော့နည်းပပျောက်အောင် ဆောင်ရွက်နေသည်။ သို့သော် ယခုနှစ်ပိုင်းအတွင်း အဆိုပါ လောင်းကစားနည်း ကစားသူ ပြန်များလာပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free