အမေရိကန် သမ္မတ အိုဘားမား၏ပုံကို ကန်တော်ကြီး တာဝါ အုတ်နံရံ တွင် ထပ်မံရေးဆွဲရန် ခွင့်ပြုချက် တောင်းခံထားကြောင်း Graffiti ပညာရှင် ကိုအာကာကျော်က ပြောသည်။

''အခု ကန်တော်ကြီး တာဝါ အုပ်ချုပ်ရေးမှူးထံမှာ ခွင့်ပြုချက် ထပ်တောင်း ထားတယ်။ အရင် တစ်ခါကတော့ ခွင့်ပြုချက် မရလို့ အဆင်ပြေတဲ့ ချက်ထရီယမ် ဟိုတယ်နားက ဖိုးစိန်လမ်းထောင့်မှာ ရေးဆွဲခဲ့တာ။ အခု အဖျက်ခံလိုက် ရတဲ့အတွက် ထပ်ပြီး ဆွဲဖို့ ကန်တော်ကြီးတာဝါကို ခွင့်ပြုချက် ထပ်တောင်းရတာ။ မရဘူးဆိုရင် အခြား နေရာတွေမှာ ဆွဲသွားမယ်'' ဟု ၄င်းက ဆိုသည်။

အမေရိကန်သမ္မတ အိုဘားမား၏ Graffiti ပုံအား ၄င်းအနေဖြင့် နိုဝင်ဘာ လ ၁၁ ရက်နေ့ နံနက် ၃ နာရီ၌ စတင် ရေးဆွဲခဲ့ပြီး နံနက် ငါးနာရီခန့်တွင် ပြီးစီးခဲ့ ကြောင်း၊ ထို့နောက် အဆိုပါ နေ့ နံနက် ၉ နာရီခွဲခန့်တွင် ထိုပုံမှာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
''ဒီပုံကို ဆွဲဖြစ်တာက မြန်မာနိုင်ငံကို အိုဘားမား လာမယ်ဆိုတာကို သိရလို့ ကြိုဆိုတဲ့ အနေနဲ့ နှစ်နာရီလောက် အချိန်ယူပြီး ဆွဲထားရတာ။ နောက်နေ့ မနက် ကျ တော့ ကျွန်တော်တို့ ဆွဲထားတဲ့ပုံ ဖျက်ဆီးခံထားရတာ မြင်တဲ့ အတွက် စိတ်မကောင်းဖြစ်မိတယ်'' ဟု ကိုအာကာကျော်က ထပ်မံပြောသည်။

Graffitiသည် လွတ်လပ်သော အနုပညာ အမျိုးအစားတစ်ခု ဖြစ်သည့်အပြင် ဟစ်ဟော့ ဂီတနှင့်လည်း ဆက်စပ်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ Graffiti အနုပညာ အား လူငယ်အများစုမှ နှစ်သက်သဘော ကျသော်လည်း လူကြီး ပိုင်း အများစုမှာ လက်ခံနိုင်ခြင်း မရှိသေးကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူ များမှလည်း ထိုသို့ ရေးဆွဲနေသည်ကို တွေ့ရှိပါက ဖမ်းဆီး အရေးယူခြင်းများကိုလည်း ခံခဲ့ရဖူးကြောင်း ၄င်းက ထပ်လောင်း ပြောသည်။


Popular Myanmar News

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free